အမေရိကန်တစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ငါးသောင်းနားကပ်လာ

အမေရိကန်တစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ငါးသောင်းနားကပ်လာ

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းသေဆုံးသူဦးရေ ၃၁၇၆ ဦး ရှိလာချိန်တွင် အမေရိကန်တစ်ဝန်း ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရသူဦးရေမှာ ငါးသောင်းနီးပါးကပ်လာသည့်နေ့ တစ်နေ့ဖြစ်လာခဲ့ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှ ကောက်ယူဖော်ပြခဲ့သည့် စာရင်းအချက်အလက်များ အရသိရပါတယ်။

သောကြာနေ့ နံနက် ၈ နာရီအထိ ၂၄ နာရီအတွင်း သေဆုံးသူအရေအတွက်အပါအဝင် တစ်နိုင်ငံလုံးတွင် သေဆုံးသူအရေအတွက်မှာ ၄၉၇၅၉ ဦးရှိလာခဲ့ပြီဟု ဘော်လ်တီမိုး အခြေစိုက် တက္ကသိုလ်က ဆိုပါတယ်။ထို့ပြင် ကူးစက်ခံရသူအရေအတွက်မှာ ပြီးခဲ့သည့်နေ့က ၂၆၉၇၁ ဦးရှိခဲ့ရာ စုစုပေါင်းကူးစက်ခံရသူ ၈၆၆၆၄၆ ဦးရှိလာခဲ့ သဖြင့် ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအဆိုးရွားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကြာသပတေးနေ့တွင် ၄၅၉ ဦးနှင့် သောကြာနေ့၃၈၅၆ ဦးရှိခဲ့ရာ သေဆုံးသူအရေအတွက် မြင့်မားစွာရှိခဲ့သည့်ရက်များဖြစ်ခဲ့ပါတယ်။

သို့ရာတွင် အဆိုပါအရေအတွက်မှာ လွန်ခဲ့သည့်ရက်များက ထည့်သွင်းထားခြင်းမရှိခဲ့သည့် သေဆုံးခဲ့ သူများကို ထည့်သွင်းထားခြင်းဖြစ်နိုင်ခြေရှိတယ်လို့ ယုံကြည်ရေကြောင်း ဆိုပါတယ်။

အဆိုပါနှစ်ရက်မှအပ ကြာသပတေးနေ့က သေဆုံးခဲ့သည့် အရေအတွက် ၃၁၇၆ ဦးမှာ သေဆုံးမှုပေါင်း ၁၉၀၀၀၀ ရှိသည့် ကမ္ဘာပေါ်ရှိ ကူးစက်ရောဂါဖြစ်နေသည့် မည်သည့်နိုင်ငံ၏ သေဆုံးမှုနှင့်ယှဉ်ယှဉ် အများဆုံးမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။

ထိုသို့ စိုးရိမ်ဖွယ်ကောင်းသည့် အချက်အလက်များရှိစေကာမှု ဂျောဂျီယာနှင့် တက္ကဆတ်အပါအဝင် အမေရိကန်နိုင်ငံပြည်နယ်အတော်များများတွင် ပိတ်ချထားခြင်းကို ရုပ်သိမ်းကာ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေကြပြီဖြစ်တယ်လို့ဆိုပါတယ်။

Linko
Ref : english.alarabiya.net
ဝါရှင်တန်၊ ဧပြီ - ၂၄

( Zawgyi )

ၿပီးခဲ့သည့္ ၂၄ နာရီအတြင္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္ႏိုင္ငံတစ္ဝန္းေသဆုံးသူဦးေရ ၃၁၇၆ ဦး ရွိလာခ်ိန္တြင္ အေမရိကန္တစ္ဝန္း ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးခဲ့ရသူဦးေရမွာ ငါးေသာင္းနီးပါးကပ္လာသည့္ေန႔ တစ္ေန႔ျဖစ္လာခဲ့ေၾကာင္း ဂြၽန္ေဟာ့ပ္ကင္းတကၠသိုလ္မွ ေကာက္ယူေဖာ္ျပခဲ့သည့္ စာရင္းအခ်က္အလက္မ်ား အရသိရပါတယ္။

ေသာၾကာေန႔ နံနက္ ၈ နာရီအထိ ၂၄ နာရီအတြင္း ေသဆုံးသူအေရအတြက္အပါအဝင္ တစ္ႏိုင္ငံလုံးတြင္ ေသဆုံးသူအေရအတြက္မွာ ၄၉၇၅၉ ဦးရွိလာခဲ့ၿပီဟု ေဘာ္လ္တီမိုး အေျခစိုက္ တကၠသိုလ္က ဆိုပါတယ္။ထို႔ျပင္ ကူးစက္ခံရသူအေရအတြက္မွာ ၿပီးခဲ့သည့္ေန႔က ၂၆၉၇၁ ဦးရွိခဲ့ရာ စုစုေပါင္းကူးစက္ခံရသူ ၈၆၆၆၄၆ ဦးရွိလာခဲ့ သျဖင့္ ကမာၻတစ္ဝန္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈအဆိုး႐ြားဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့သည့္ရက္သတၱပတ္အတြင္း ၾကာသပေတးေန႔တြင္ ၄၅၉ ဦးႏွင့္ ေသာၾကာေန႔၃၈၅၆ ဦးရွိခဲ့ရာ ေသဆုံးသူအေရအတြက္ ျမင့္မားစြာရွိခဲ့သည့္ရက္မ်ားျဖစ္ခဲ့ပါတယ္။

သို႔ရာတြင္ အဆိုပါအေရအတြက္မွာ လြန္ခဲ့သည့္ရက္မ်ားက ထည့္သြင္းထားျခင္းမရွိခဲ့သည့္ ေသဆုံးခဲ့ သူမ်ားကို ထည့္သြင္းထားျခင္းျဖစ္ႏိုင္ေျခရွိတယ္လို႔ ယုံၾကည္ေရေၾကာင္း ဆိုပါတယ္။

အဆိုပါႏွစ္ရက္မွအပ ၾကာသပေတးေန႔က ေသဆုံးခဲ့သည့္ အေရအတြက္ ၃၁၇၆ ဦးမွာ ေသဆုံးမႈေပါင္း ၁၉၀၀၀၀ ရွိသည့္ ကမာၻေပၚရွိ ကူးစက္ေရာဂါျဖစ္ေနသည့္ မည္သည့္ႏိုင္ငံ၏ ေသဆုံးမႈႏွင့္ယွဥ္ယွဥ္ အမ်ားဆုံးမွတ္တိုင္တစ္ခုျဖစ္ခဲ့ပါတယ္။

ထိုသို႔ စိုးရိမ္ဖြယ္ေကာင္းသည့္ အခ်က္အလက္မ်ားရွိေစကာမႈ ေဂ်ာဂ်ီယာႏွင့္ တကၠဆတ္အပါအဝင္ အေမရိကန္ႏိုင္ငံျပည္နယ္အေတာ္မ်ားမ်ားတြင္ ပိတ္ခ်ထားျခင္းကို ႐ုပ္သိမ္းကာ စီးပြားေရးလုပ္ငန္းမ်ားကို ျပန္လည္ဖြင့္လွစ္ရန္ျပင္ဆင္ေနၾကၿပီျဖစ္တယ္လို႔ဆိုပါတယ္။

Linko
Ref : english.alarabiya.net
ဝါရွင္တန္၊ ဧၿပီ - ၂၄