အမေရိကန်စစ်တပ်က လစ်ဗျားတောင်ပိုင်းရှိ အိုင်အက်စ်များကို လေကြောင်းမှ ထပ်မံတိုက်ခိုက်

အမေရိကန်စစ်တပ်က လစ်ဗျားတောင်ပိုင်းရှိ အိုင်အက်စ်များကို လေကြောင်းမှ ထပ်မံတိုက်ခိုက်

တစ်ပတ်အတွင်း တတိယအကြိမ်အဖြစ် အမေရိကန်စစ်တပ်က လစ်ဗျားတောင်ပိုင်းရှိ အိုက်စစ်များကို အောက်တိုဘာ ၃၁  ရက်မှာ လေကြောင်း မှ တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ အဖွဲ့အနေဖြင့် လစ်ဗျားနိုင်ငံ၏ ပြည်တွင်းပြဿနာကို အခွင့်ကောင်းယူ၍ လူသစ်များ စုဆောင်းနိုင်ရေးကိုလည်း လုပ်ဆောင်လျှက်ရှိပါတယ်။

နေရာအတိအကျကို ဖော်ပြမထားသည့် လစ်ဗျားအနောက်တောင်ပိုင်းတွင် အိမ်နီးချင်း နိုက်ဂျာနိုင်ငံ အခြေစိုက် Air Force Reaper ဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်မှုတွင် စစ်သွေးကြွ ၁၇ ဦး သေဆုံးခဲ့ကြောင်း ပင်တဂွန် ၏ အာဖရိ တိုက်စစ်ဌာနချုပ်က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

“လစ်ဗျားနိုင်ငံက အိုက်စစ်တွေနဲ့ ဒေသတွင်းက အကြမ်းဖက်သမားတွေကို ဆက်လက်ပြီး တိုက်ခိုက်သွားပါမယ်။ လစ်ဗျားမှာ လာပြီး မလှုပ် ရှားနိုင်အောင် ဆောင်ရွက်သွားပါမယ်” ဟု ရေတပ်ဗိုလ်မှူးကြီး ဟေဒီဘာ့ဂျ်က ပြောကြားသည်။ ယခုနောက်ဆုံးတိုက်ခိုက်မှုကို ထရီပိုလီရှိ လစ်ဗျားအစိုးရတပ်နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန် ျက်မှာ ဖော်ပြထားပါတယ်။

လစ်ဗျားအစိုးရ၏ အုပ်ချုပ်မှု မလွှမ်းမိုးသည့် ဒေသတွင် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ စက်တင်ဘာ ၁၉ ရက်က မြို့တော် ထရီပိုလီတောင်ဘက် မိုင် ၆၀၀နီးပါး ဝေးသည့် မာဇက်မြို့၌ လုပ်ဆောင်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုတွင် အိုက်စစ်တိုက်ခိုက်ရေးသမား ၁၁ ဦးကျော် သေဆုံးသွားကြောင်း အာဖရိကတိုက် စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နောက်ထပ် ၅ ရက်အကြာတွင်လည်း အလားတူဒေသ၌ပင် လေကြောင်း တိုက်ခိုက်မှုကြောင်း အိုက်စစ် ၁၁ ဦး ထပ်မံ သေဆုံးသွားပါတယ်။

Linko
Ref:Nytime
ဝါရှင်တန်၊နိုဝင်ဘာ ၄ 

(  Zawgyi   )

 တစ္ပတ္အတြင္း တတိယအႀကိမ္အျဖစ္ အေမရိကန္စစ္တပ္က လစ္ဗ်ားေတာင္ပိုင္းရွိ အိုက္စစ္မ်ားကို ေအာက္တိုဘာ ၃၁  ရက္မွာ ေလေၾကာင္း မွ တိုက္ခိုက္ခဲ့ပါတယ္။ အဆိုပါ အဖြဲ႕အေနျဖင့္ လစ္ဗ်ားႏိုင္ငံ၏ ျပည္တြင္းျပႆနာကို အခြင့္ေကာင္းယူ၍ လူသစ္မ်ား စုေဆာင္းႏိုင္ေရးကိုလည္း လုပ္ေဆာင္လွ်က္ရွိပါတယ္။

ေနရာအတိအက်ကို ေဖာ္ျပမထားသည့္ လစ္ဗ်ားအေနာက္ေတာင္ပိုင္းတြင္ အိမ္နီးခ်င္း ႏိုက္ဂ်ာႏိုင္ငံ အေျခစိုက္ Air Force Reaper ဒ႐ုန္းတစ္စင္းျဖင့္ တိုက္ခိုက္မႈတြင္ စစ္ေသြးႂကြ ၁၇ ဦး ေသဆုံးခဲ့ေၾကာင္း ပင္တဂြန္ ၏ အာဖရိ တိုက္စစ္ဌာနခ်ဳပ္က ႏိုဝင္ဘာ ၁ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။

“လစ္ဗ်ားႏိုင္ငံက အိုက္စစ္ေတြနဲ႔ ေဒသတြင္းက အၾကမ္းဖက္သမားေတြကို ဆက္လက္ၿပီး တိုက္ခိုက္သြားပါမယ္။ လစ္ဗ်ားမွာ လာၿပီး မလႈပ္ ရွားႏိုင္ေအာင္ ေဆာင္႐ြက္သြားပါမယ္” ဟု ေရတပ္ဗိုလ္မႉးႀကီး ေဟဒီဘာ့ဂ်္က ေျပာၾကားသည္။ ယခုေနာက္ဆုံးတိုက္ခိုက္မႈကို ထရီပိုလီရွိ လစ္ဗ်ားအစိုးရတပ္ႏွင့္ ပူးေပါင္း လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ ်က္မွာ ေဖာ္ျပထားပါတယ္။

လစ္ဗ်ားအစိုးရ၏ အုပ္ခ်ဳပ္မႈ မလႊမ္းမိုးသည့္ ေဒသတြင္ တိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ပါတယ္။ စက္တင္ဘာ ၁၉ ရက္က ၿမိဳ႕ေတာ္ ထရီပိုလီေတာင္ဘက္ မိုင္ ၆၀၀နီးပါး ေဝးသည့္ မာဇက္ၿမိဳ႕၌ လုပ္ေဆာင္ခဲ့သည့္ ေလေၾကာင္း တိုက္ခိုက္မႈတြင္ အိုက္စစ္တိုက္ခိုက္ေရးသမား ၁၁ ဦးေက်ာ္ ေသဆုံးသြားေၾကာင္း အာဖရိကတိုက္ စစ္ဌာနခ်ဳပ္က ထုတ္ျပန္ခဲ့ပါတယ္။

ေနာက္ထပ္ ၅ ရက္အၾကာတြင္လည္း အလားတူေဒသ၌ပင္ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင္း အိုက္စစ္ ၁၁ ဦး ထပ္မံ ေသဆုံးသြားပါတယ္။

Linko
Ref:Nytime
ဝါရွင္တန္၊ႏိုဝင္ဘာ ၄