အမေရိကန်က အီရန်နှင့် အခြားနိုင်ငံများအပေါ် ပိတ်ဆို့အရေးယူမှုများ လျှော့ချရန် သုံးသပ် နိုင်ဖွယ်ရှိ

အမေရိကန်က အီရန်နှင့် အခြားနိုင်ငံများအပေါ် ပိတ်ဆို့အရေးယူမှုများ လျှော့ချရန် သုံးသပ် နိုင်ဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်နှင့် ရင်ဆိုင်နေရခြင်းများအပေါ် ကူညီသည့်အနေဖြင့် အမေရိကန်အစိုးရက တရုတ်နှင့် အခြားနိုင်ငံ များအပေါ် ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှုများအား လျှော့ချပေးရန် စဉ်းစားနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲရိုက မတ် ၃၁ ရက်မှာ ပြောကြား လိုက်ပါတယ်။

သို့သော် ယင်းကဲ့သို့ လုပ်ဆောင်မည့်အစီအစဉ်အား ပွန်ပဲရိုက တိကျစွာ ဖော်ပြခဲ့ခြင်း မရှိပေ။စီးပွားရေးပြစ်ဒဏ်ချမှတ်မှုများကို ဖြေလျော့ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တောင်းဆိုသော်လည်း အမေရိကန်အနေဖြင့် သဘောတူ ဆောင်ရွက်ခြင်း မရှိသောကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့ နေရချိန်တွင် ယခုကဲ့သို့ မှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရက အီရန်အစိုးရအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများတွင် လူသား တို့အတွက် အခြေခံကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ မပါဝင်ခဲ့ကြောင်း ပွန်ပဲရိုက ပြောပါ တယ်။အီရန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ် ဖြစ်ပွားမှု အဆိုးဆုံး နိုင်ငံများတွင် ပါဝင်နေပြီး အမေရိကန် ၏ ပိတ်ဆို့ အရေးယူမှု အများအပြားကြောင့် ကုမ္ပဏီအများအပြားသည် အီရန်နှင့် လူသားတို့ အတွက် အခြေခံကုန်ပစ္စည်းများ များအတွက် ကုန်သွယ်ခွင့် မရှိပါဘူး။

အမေရိကန်အနေဖြင့် ပိတ်ဆို့အရေးယူမှုများကို လျှော့ချရေးအတွက် ပြန်လည်သုံးသပ်ရန် အစီအစဉ်ရှိမရှိအား မေးမြန်းရာတွင် ပွန်ပဲရိုက “မိမိတို့ရဲ့ မူဝါဒများကို ပုံမှန် ပြန်လည် သုံးသပ်နေ တာကြောင့် အစီအစဉ်ရှိပါတယ်လို့ ဖြေရမှာပါ” ဟု ပြောကြားခဲ့ပါတယ်။

ပိတ်ဆို့အရေးယူမှုများတွင် ဆေးဝါးနှင့် လူသားတို့အတွက် အခြေခံကုန်ပစ္စည်းများ မပါဝင် ကြောင်း မတ် ၂၀ ရက်တွင် ပွန်ပဲရိုက ပြောကြားခဲ့ပါတယ်။ကိုရိုနာဗိုင်းရပ် ရောဂါဖြစ်ပွားနေစဉ် အတွင်း ဆာလောင်ငတ်မွတ်နေသူများထံ အစားအစာ ရောက်ရှိနိုင်ရေး အတွက် အီရန်၊ မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားအပါအဝင် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများ လျော့ချပေး ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိတစ်ဦးက မတ် ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

Linko
Ref: The National
ဝါရှင်တန်၊ ဧပြီ ၁

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္ႏွင့္ ရင္ဆိုင္ေနရျခင္းမ်ားအေပၚ ကူညီသည့္အေနျဖင့္ အေမရိကန္အစိုးရက တ႐ုတ္ႏွင့္ အျခားႏိုင္ငံ မ်ားအေပၚ ခ်မွတ္ထားသည့္ ပိတ္ဆို႔ အေရးယူမႈမ်ားအား ေလွ်ာ့ခ်ေပးရန္ စဥ္းစားေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပဲ႐ိုက မတ္ ၃၁ ရက္မွာ ေျပာၾကား လိုက္ပါတယ္။

သို႔ေသာ္ ယင္းကဲ့သို႔ လုပ္ေဆာင္မည့္အစီအစဥ္အား ပြန္ပဲ႐ိုက တိက်စြာ ေဖာ္ျပခဲ့ျခင္း မရွိေပ။စီးပြားေရးျပစ္ဒဏ္ခ်မွတ္မႈမ်ားကို ေျဖေလ်ာ့ေပးရန္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္က ေတာင္းဆိုေသာ္လည္း အေမရိကန္အေနျဖင့္ သေဘာတူ ေဆာင္႐ြက္ျခင္း မရွိေသာေၾကာင့္ ေဝဖန္မႈမ်ားႏွင့္ ႀကဳံေတြ႕ ေနရခ်ိန္တြင္ ယခုကဲ့သို႔ မွတ္ခ်က္ ထြက္ေပၚလာျခင္း ျဖစ္ပါတယ္။

အေမရိကန္အစိုးရက အီရန္အစိုးရအေပၚ ခ်မွတ္ထားသည့္ ပိတ္ဆို႔အေရးယူမႈမ်ားတြင္ လူသား တို႔အတြက္ အေျခခံကုန္ပစၥည္းမ်ားႏွင့္ ေဆးဝါးပစၥည္းမ်ား မပါဝင္ခဲ့ေၾကာင္း ပြန္ပဲ႐ိုက ေျပာပါ တယ္။အီရန္ႏိုင္ငံသည္ ကို႐ိုနာဗိုင္းရပ္ ျဖစ္ပြားမႈ အဆိုးဆုံး ႏိုင္ငံမ်ားတြင္ ပါဝင္ေနၿပီး အေမရိကန္ ၏ ပိတ္ဆို႔ အေရးယူမႈ အမ်ားအျပားေၾကာင့္ ကုမၸဏီအမ်ားအျပားသည္ အီရန္ႏွင့္ လူသားတို႔ အတြက္ အေျခခံကုန္ပစၥည္းမ်ား မ်ားအတြက္ ကုန္သြယ္ခြင့္ မရွိပါဘူး။

အေမရိကန္အေနျဖင့္ ပိတ္ဆို႔အေရးယူမႈမ်ားကို ေလွ်ာ့ခ်ေရးအတြက္ ျပန္လည္သုံးသပ္ရန္ အစီအစဥ္ရွိမရွိအား ေမးျမန္းရာတြင္ ပြန္ပဲ႐ိုက “မိမိတို႔ရဲ႕ မူဝါဒမ်ားကို ပုံမွန္ ျပန္လည္ သုံးသပ္ေန တာေၾကာင့္ အစီအစဥ္ရွိပါတယ္လို႔ ေျဖရမွာပါ” ဟု ေျပာၾကားခဲ့ပါတယ္။

ပိတ္ဆို႔အေရးယူမႈမ်ားတြင္ ေဆးဝါးႏွင့္ လူသားတို႔အတြက္ အေျခခံကုန္ပစၥည္းမ်ား မပါဝင္ ေၾကာင္း မတ္ ၂၀ ရက္တြင္ ပြန္ပဲ႐ိုက ေျပာၾကားခဲ့ပါတယ္။ကို႐ိုနာဗိုင္းရပ္ ေရာဂါျဖစ္ပြားေနစဥ္ အတြင္း ဆာေလာင္ငတ္မြတ္ေနသူမ်ားထံ အစားအစာ ေရာက္ရွိႏိုင္ေရး အတြက္ အီရန္၊ ေျမာက္ကိုရီးယားႏွင့္ ဗင္နီဇြဲလားအပါအဝင္ ႏိုင္ငံတကာမွ ပိတ္ဆို႔အေရးယူမႈမ်ား ေလ်ာ့ခ်ေပး ရန္ ကုလသမဂၢ လူ႔အခြင့္အေရး အရာရွိတစ္ဦးက မတ္ ၃၁ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

Linko
Ref: The National
ဝါရွင္တန္၊ ဧၿပီ ၁