အစ္စလာမ်မာဘတ် SAARC အစည်းအဝေးကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယ သံတမန် အစည်းအဝးခန်းမထဲမှ ထွက်ခွာသွား

အစ္စလာမ်မာဘတ် SAARC အစည်းအဝေးကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယ သံတမန် အစည်းအဝးခန်းမထဲမှ ထွက်ခွာသွား

တနင်္ဂနွေနေ့က တောင်အာရှဒေသလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SAARC) ရဲ့ အစည်းအဝေးမှာ အာဇတ် ကက်ရှ်မီးယား ဝန်ကြီး ချောင်ဒရီ မူဟမ္မတ် ဆာအစ် ရှိနေတဲ့အတွက် အိန္ဒိယ သံတမန်ဟာ အစည်းအဝေးခန်းထဲကနေ ထွက်ခွာသွားခဲ့တယ်လို့ Times Now News သတင်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယ သတင်းအေဂျင်စီက သတင်းရင်းမြစ်တစ်ခုကို ကိုးကားဖော်ပြရာမှာတော့ ပါကစ္စတန်က အိန္ဒိယကော်မရှင်ရဲ့ အရာရှိဖြစ်တဲ့ ရှူဘန် ဆင်း ဟာ အာဇတ် ကက်ရှ်မီးယားဝန်ကြီး ချောင်ဒရီ မူဟမ္မတ်လ ည်း တက်ရောက်နေတယ်ဆိုတာကို သိရတဲ့အခါမှာ SAARC စီးပွားရေးနဲ့ စက်မှုလုပ်ငန်းအသင်းရဲ့ အစည်းအဝေးကနေ ထွက်ခွာသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
SAARC ချာတာနေ့ အခါသမယမှာ ဒီအစည်းအဝေးကို ကျင်းပတာပဲ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၉ ကြိမ်မြောက် ညီလာခံမှ အိန္ဒိယ၊ နောက်တော့ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်နဲ့ ဘူတန်တို့ အသီးသီးထွက်သွားပြီးတဲ့နောက်မှာ SAARC ညီလာခံကို ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။

နိုင်ငံတွေ ညီလာခံက ထွက်ခွာသွားတာကြောင့် အိန္ဒိယဟာ နိုဝင်ဘာ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ အစ္စလာမ်မာဘတ်မှာ ကျင်းပမယ့် ၁၉ ကြိမ်မြောက် SAARC ညီလာခံကို မတက်ရောက်ဘဲ နေတဲ့နည်းနဲ့ SAARC လုပ်ငန်းစဉ်ကို ဆီးတားပိတ်ဆို့ဖို့ ကြိုးစားတယ်ဆိုပြီး ပါကစ္စတန်က အိန္ဒိယကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အိန္ဒိယဟာ ယူရီဖြစ်ရပ်အပေါ် မခိုင်လုံတဲ့ ယူဆချက်တွေအပေါ် အခြေခံပြီး ညီလာခံကို ရှောင်လွှဲဖို့ ဆုံးဖြတ်လိုက်တာဟာ သူတို့ထိန်းချုပ်ထားတဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယားက သူတို့ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကမ္ဘာကြီးကို အာရုံလွှဲဖို့ အချည်းနှီးကြိုးစားမှုသာ ဖြစ်တယ်လို့လည်း ပါကစ္စတန် နိုင်ငံခြားရေးရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပါကစ္စတန်၊ အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ ဘူတန်၊ နိပေါ၊ မော်လ်ဒိုက်၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဖွဲ့စည်းထားတဲ့ SAARC ဟာ မကြာခဏဆိုသလိုပဲ အစ္စလာမ်မာဘတ်နဲ့ နယူးဒေလီကြား အာဃာတတွေနဲ့ပဲ လွှမ်းမိုးကြီးစိုးနေခဲ့တယ်လို့ ဆိုပါတယ်။

NZT
The Express Tribune
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

တနဂၤေႏြေန႔က ေတာင္အာရွေဒသလုံးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ (SAARC) ရဲ႕ အစည္းအေဝးမွာ အာဇတ္ ကက္ရွ္မီးယား ဝန္ႀကီး ေခ်ာင္ဒရီ မူဟမၼတ္ ဆာအစ္ ရွိေနတဲ့အတြက္ အိႏၵိယ သံတမန္ဟာ အစည္းအေဝးခန္းထဲကေန ထြက္ခြာသြားခဲ့တယ္လို႔ Times Now News သတင္းမွာ ေဖာ္ျပထားပါတယ္။

အိႏၵိယ သတင္းေအဂ်င္စီက သတင္းရင္းျမစ္တစ္ခုကို ကိုးကားေဖာ္ျပရာမွာေတာ့ ပါကစၥတန္က အိႏၵိယေကာ္မရွင္ရဲ႕ အရာရွိျဖစ္တဲ့ ရွဴဘန္ ဆင္း ဟာ အာဇတ္ ကက္ရွ္မီးယားဝန္ႀကီး ေခ်ာင္ဒရီ မူဟမၼတ္လ ည္း တက္ေရာက္ေနတယ္ဆိုတာကို သိရတဲ့အခါမွာ SAARC စီးပြားေရးနဲ႔ စက္မႈလုပ္ငန္းအသင္းရဲ႕ အစည္းအေဝးကေန ထြက္ခြာသြားခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။
SAARC ခ်ာတာေန႔ အခါသမယမွာ ဒီအစည္းအေဝးကို က်င္းပတာပဲ ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလ ၁၉ ႀကိမ္ေျမာက္ ညီလာခံမွ အိႏၵိယ၊ ေနာက္ေတာ့ ဘဂၤလားေဒ့ရွ္၊ အာဖဂန္နစၥတန္နဲ႔ ဘူတန္တို႔ အသီးသီးထြက္သြားၿပီးတဲ့ေနာက္မွာ SAARC ညီလာခံကို က်င္းပႏိုင္ျခင္း မရွိခဲ့ပါဘူး။

ႏိုင္ငံေတြ ညီလာခံက ထြက္ခြာသြားတာေၾကာင့္ အိႏၵိယဟာ ႏိုဝင္ဘာ ၉ ရက္နဲ႔ ၁၀ ရက္ေတြမွာ အစၥလာမ္မာဘတ္မွာ က်င္းပမယ့္ ၁၉ ႀကိမ္ေျမာက္ SAARC ညီလာခံကို မတက္ေရာက္ဘဲ ေနတဲ့နည္းနဲ႔ SAARC လုပ္ငန္းစဥ္ကို ဆီးတားပိတ္ဆို႔ဖို႔ ႀကိဳးစားတယ္ဆိုၿပီး ပါကစၥတန္က အိႏၵိယကို ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။

အိႏၵိယဟာ ယူရီျဖစ္ရပ္အေပၚ မခိုင္လုံတဲ့ ယူဆခ်က္ေတြအေပၚ အေျခခံၿပီး ညီလာခံကို ေရွာင္လႊဲဖို႔ ဆုံးျဖတ္လိုက္တာဟာ သူတို႔ထိန္းခ်ဳပ္ထားတဲ့ ဂ်မ္မူးနဲ႔ ကက္ရွ္မီးယားက သူတို႔က်ဴးလြန္ေနတဲ့ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ကမာၻႀကီးကို အာ႐ုံလႊဲဖို႔ အခ်ည္းႏွီးႀကိဳးစားမႈသာ ျဖစ္တယ္လို႔လည္း ပါကစၥတန္ ႏိုင္ငံျခားေရး႐ုံးရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ပါကစၥတန္၊ အိႏၵိယ၊ အာဖဂန္နစၥတန္၊ ဘူတန္၊ နိေပါ၊ ေမာ္လ္ဒိုက္၊ သီရိလကၤာနဲ႔ ဘဂၤလားေဒ့ရွ္တို႔နဲ႔ ဖြဲ႕စည္းထားတဲ့ SAARC ဟာ မၾကာခဏဆိုသလိုပဲ အစၥလာမ္မာဘတ္နဲ႔ နယူးေဒလီၾကား အာဃာတေတြနဲ႔ပဲ လႊမ္းမိုးႀကီးစိုးေနခဲ့တယ္လို႔ ဆိုပါတယ္။

NZT
The Express Tribune
အစၥလာမ္မာဘတ္၊ ဒီဇင္ဘာ - ၁၁