အစ္စရေးတို့၏ ပိုက်နက်တိုးချဲ့မှုကို အသိအမှတ်ပြုမည်ဟု အမေရိကန်ပြောကြား

အစ္စရေးတို့၏ ပိုက်နက်တိုးချဲ့မှုကို အသိအမှတ်ပြုမည်ဟု အမေရိကန်ပြောကြား

အနောက်ဖက်ကမ်းခြေဒေသ၏ နယ်မြေအများအပြားအား ပိုင်နက် တိုးချဲ့ခြင်းကို အသိအမှတ် ပြု သွားမည်ဖြစ်ကြောင်း၊ သို့သော် ပူးတွဲ အစိုးရအနေဖြင့် ပါလက်စတိုင်းများနှင့် ဆွေးနွေးရန် လိုအပ်မည်ဟု အမေရိကန်အစိုးရက ဧပြီ ၂၇ ရက်တွင် ပြောကြားလိုက်ပါတယ်။

မပြတ်သားသည့် ရလဒ်များထွက်ပေါ်ခဲ့သည့် ရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပပြီးနောက် ဝန်ကြီး ချုပ်နေတန်ယာဟု သည် ပူးတွဲအစိုးရ တစ်ရပ်ဖွဲ့စည်းရန် သဘောတူညီချက် ရရှိခဲ့ကာ ပိုင်နက် ချဲ့ထွင်ရေးကို ဆက်လက် လုပ်ဆောင်မည်ဟု ကြေညာခဲ့ခြင်းအပေါ် ပါလက်စတိုင်းတို့က ကန့်ကွက်ထားပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည့် အရှေ့အလယ်ပိုင်းဒေသ မူဝါဒတွင် အစ္စရေး၏ နယ်မြေတိုးချဲ့မှုအား ခွင့်ပြုခဲ့ပါတယ်။ သို့သော် နေတန်ယာဟုနှင့်အတူ အစိုးရအား ပူးတွဲဦးဆောင်ရမည့် ဘင်နီဂန့်ဇ်တို့၏ သဘောတူညီချက်တွင် အစိုးရအဖွဲ့အနေဖြင့် အစီအစဉ်များကို ဆက်လက်မလုပ်ဆောင်မီ အမေရိကန်အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ရန်လည်း ဖော်ပြထားပါတယ်။

“မိမိတို့အနေနဲ့ ပြတ်ပြတ်သားသား ထုတ်ပြန်ပြီး ဖြစ်တာကြောင့် အနောက်ဖက်ကမ်းခြေဒေသမှာ အစ္စရေးတို့ရဲ့ နယ်မြေတိုးချဲ့ခြင်းနဲ့ ဥပဒေပြဌာန်းမှု လုပ်ဆောင်မယ့် အစီအစဉ်တွေကို အသိအမှတ် ပြုသွားမှာပါ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အရာရှိက ပြောပါတယ်။

Linko
Ref: AFP
ဝါရှင်တန်၊ ဧပြီ ၂၈

(  Zawgyi  )

 အေနာက္ဖက္ကမ္းေျခေဒသ၏ နယ္ေျမအမ်ားအျပားအား ပိုင္နက္ တိုးခ်ဲ႕ျခင္းကို အသိအမွတ္ ျပဳ သြားမည္ျဖစ္ေၾကာင္း၊ သို႔ေသာ္ ပူးတြဲ အစိုးရအေနျဖင့္ ပါလက္စတိုင္းမ်ားႏွင့္ ေဆြးေႏြးရန္ လိုအပ္မည္ဟု အေမရိကန္အစိုးရက ဧၿပီ ၂၇ ရက္တြင္ ေျပာၾကားလိုက္ပါတယ္။

မျပတ္သားသည့္ ရလဒ္မ်ားထြက္ေပၚခဲ့သည့္ ေ႐ြးေကာက္ပြဲ ၃ ႀကိမ္ က်င္းပၿပီးေနာက္ ဝန္ႀကီး ခ်ဳပ္ေနတန္ယာဟု သည္ ပူးတြဲအစိုးရ တစ္ရပ္ဖြဲ႕စည္းရန္ သေဘာတူညီခ်က္ ရရွိခဲ့ကာ ပိုင္နက္ ခ်ဲ႕ထြင္ေရးကို ဆက္လက္ လုပ္ေဆာင္မည္ဟု ေၾကညာခဲ့ျခင္းအေပၚ ပါလက္စတိုင္းတို႔က ကန႔္ကြက္ထားပါတယ္။

အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဇန္နဝါရီလတြင္ ထုတ္ျပန္ခဲ့သည့္ အေရွ႕အလယ္ပိုင္းေဒသ မူဝါဒတြင္ အစၥေရး၏ နယ္ေျမတိုးခ်ဲ႕မႈအား ခြင့္ျပဳခဲ့ပါတယ္။ သို႔ေသာ္ ေနတန္ယာဟုႏွင့္အတူ အစိုးရအား ပူးတြဲဦးေဆာင္ရမည့္ ဘင္နီဂန႔္ဇ္တို႔၏ သေဘာတူညီခ်က္တြင္ အစိုးရအဖြဲ႕အေနျဖင့္ အစီအစဥ္မ်ားကို ဆက္လက္မလုပ္ေဆာင္မီ အေမရိကန္အစိုးရႏွင့္ ညႇိႏႈိင္းတိုင္ပင္ရန္လည္း ေဖာ္ျပထားပါတယ္။

“မိမိတို႔အေနနဲ႔ ျပတ္ျပတ္သားသား ထုတ္ျပန္ၿပီး ျဖစ္တာေၾကာင့္ အေနာက္ဖက္ကမ္းေျခေဒသမွာ အစၥေရးတို႔ရဲ႕ နယ္ေျမတိုးခ်ဲ႕ျခင္းနဲ႔ ဥပေဒျပဌာန္းမႈ လုပ္ေဆာင္မယ့္ အစီအစဥ္ေတြကို အသိအမွတ္ ျပဳသြားမွာပါ” ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ အရာရွိက ေျပာပါတယ္။

Linko
Ref: AFP
ဝါရွင္တန္၊ ဧၿပီ ၂၈