ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေကို တရုတ်အတည်ပြု

ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေကို တရုတ်အတည်ပြု

ပွင့်လင်းမြင်သာမှုနည်းသော အမျိုးသားလုံခြုံရေးဥပဒေတွင် ဟောင်ကောင်ကို အကျုံးဝင်စေမည့် ဥပဒေတစ်ရပ်ကို တရုတ်နိုင်ငံ ဥပဒေပြုအမတ်များက ကြာသပတေးနေ့တွင် အတည်ပြုလိုက်သည်။

ထိုဥပဒေကြောင့် ဟောင်ကောင်တွင် ဆန္ဒပြပွဲများဖြစ်ပေါ်နေပြီး အမေရိကန်နိုင်ငံကလည်း သတိပေးထားသည်။

ထောက်ခံမဲ ၂၈၇၈ မဲနှင့် ကန့်ကွက်မဲ တစ်မဲဖြင့် အတည်ပြုလိုက်သော ထိုဥပဒေကြောင့် ဟောင်ကောင်၏ အထူးစီးပွားရေးအဆင့်ကို ဝါရှင်တန်တွင် ထိခိုက်စေနိုင်သည်။ဟောင်ကောင်သည် အထူးအဆင့်အတန်းနှင့် ထိုက်တန်ခြင်းမရှိတော့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီ ပွမ်ပီယို က ဝါရှင်တန်တွင် လွန်ခဲ့သောတစ်ရက်ကပင် ပြောကြားခဲ့သည်။

“မြေပြင်ကအခြေအနေကိုကြည့်ရင် ဟောင်ကောင်ဟာ တရုတ်နိုင်ငံဆီကနေ မြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတယ်လို့ ဆင်ခြင်စဉ်းစားနိုင်သူ ဘယ်သူမှမပြောနိုင်တော့ဘူး” ဟု သူပြောသည်။

တရုတ်နိုင်ငံ၏ လွှတ်တော်ဖြစ်သော အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးတွင် ယခုကဲ့သို့ မဲခွဲအတည်ပြုလိုက်သောကြောင့် နိုင်ငံအများအပြားအနေဖြင့် အမေရိကန်ကဲ့သို့ပင် ဟောင်ကောင်နှင့် ကုန်သွယ်ရေးအဆင့်ကို ပြန်လည်သုံးသပ်ရန် ဖြစ်စေနိုင်သည်။
ဟောင်ကောင်သည် နိုင်ငံစုံလုပ်ငန်းအများအပြား၏ အာရှဒေသဆိုင်ရာဌာနချုပ်ဖြစ်သည်။

၁၉၉၇ ခုနှစ်က တရုတ်နိုင်ငံသို့ ပြန်ပေးခဲ့သော ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်သည် တစ်နိုင်ငံ၊ စနစ်နှစ်မျိုး မူဝါဒအောက်တွင် အဆင့်မြင့်မားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့ပြီး  ပြည်မကြီးရှိ စီးပွားရေးအချက်အခြာဒေသများဖြစ်သော ရှန်ဟိုင်းနှင့် ရှန်ဇန်းတို့နှင့် သီးခြားစီဖြစ်နေခဲ့သည်။
ဟောင်ကောင်တွင် သီးခြားလွတ်လပ်သော တရားစီရင်ရေး၊ သီးခြားငွေကြေး၊ ဘာဏ္ဍာရေးစနစ်ရှိပြီး လွတ်လပ်စွာပြောဆိုခွင့်ကိုလည်း အာမခံထားသည်။

၁၉၉၂ ခုနှစ် အမေရိကန်-ဟောင်ကောင် အက်ဥပဒေအရ ဝါရှင်တန်က ဟောင်ကောင်ကို တရုတ်ပြည်မကြီးနှင့် ကင်းလွတ်သည့် စီရင်ပိုင်ခွင့်နယ်မြေအဖြစ် သတ်မှတ်ထားပြီး ခရီးသွားလာခြင်းနှင့် ကုန်သွယ်ရေးကိစ္စများတွင် အထူးအခွင့်အရေးပေးထားသည်။

ယခုအခါ ထိုဥပဒေကိုအတည်ပြုရန် ဆုံးဖြတ်ချက်ချလိုက်သောကြောင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီသည် ထိုဥပဒေကြမ်း၏ အသေးစိတ်မူကြမ်းကို ရေးသားမည်ဖြစ်ပြီး ဇွန်လခန့်တွင်ပင် ပြဋ္ဌာန်းနိုင်သည်။ထိုဥပဒေကို ဟောင်ကောင်အစိုးရက ပြန်တမ်းတွင်ထုတ်ပြန်သောအခါတွင် အတည်ဖြစ်မည်ဟု သိရသည်။

Linko
Ref : asia.nikkei.com
မေ - ၂၈

( Zawgyi )

ပြင့္လင္းျမင္သာမႈနည္းေသာ အမ်ိဳးသားလုံၿခဳံေရးဥပေဒတြင္ ေဟာင္ေကာင္ကို အက်ဳံးဝင္ေစမည့္ ဥပေဒတစ္ရပ္ကို တ႐ုတ္ႏိုင္ငံ ဥပေဒျပဳအမတ္မ်ားက ၾကာသပေတးေန႔တြင္ အတည္ျပဳလိုက္သည္။

ထိုဥပေဒေၾကာင့္ ေဟာင္ေကာင္တြင္ ဆႏၵျပပြဲမ်ားျဖစ္ေပၚေနၿပီး အေမရိကန္ႏိုင္ငံကလည္း သတိေပးထားသည္။

ေထာက္ခံမဲ ၂၈၇၈ မဲႏွင့္ ကန႔္ကြက္မဲ တစ္မဲျဖင့္ အတည္ျပဳလိုက္ေသာ ထိုဥပေဒေၾကာင့္ ေဟာင္ေကာင္၏ အထူးစီးပြားေရးအဆင့္ကို ဝါရွင္တန္တြင္ ထိခိုက္ေစႏိုင္သည္။ေဟာင္ေကာင္သည္ အထူးအဆင့္အတန္းႏွင့္ ထိုက္တန္ျခင္းမရွိေတာ့ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီ ပြမ္ပီယို က ဝါရွင္တန္တြင္ လြန္ခဲ့ေသာတစ္ရက္ကပင္ ေျပာၾကားခဲ့သည္။

“ေျမျပင္ကအေျခအေနကိုၾကည့္ရင္ ေဟာင္ေကာင္ဟာ တ႐ုတ္ႏိုင္ငံဆီကေန ျမင့္မားတဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေနတယ္လို႔ ဆင္ျခင္စဥ္းစားႏိုင္သူ ဘယ္သူမွမေျပာႏိုင္ေတာ့ဘူး” ဟု သူေျပာသည္။

တ႐ုတ္ႏိုင္ငံ၏ လႊတ္ေတာ္ျဖစ္ေသာ အမ်ိဳးသားျပည္သူ႔ကြန္ဂရက္ ႏွစ္ပတ္လည္အစည္းအေဝးတြင္ ယခုကဲ့သို႔ မဲခြဲအတည္ျပဳလိုက္ေသာေၾကာင့္ ႏိုင္ငံအမ်ားအျပားအေနျဖင့္ အေမရိကန္ကဲ့သို႔ပင္ ေဟာင္ေကာင္ႏွင့္ ကုန္သြယ္ေရးအဆင့္ကို ျပန္လည္သုံးသပ္ရန္ ျဖစ္ေစႏိုင္သည္။
ေဟာင္ေကာင္သည္ ႏိုင္ငံစုံလုပ္ငန္းအမ်ားအျပား၏ အာရွေဒသဆိုင္ရာဌာနခ်ဳပ္ျဖစ္သည္။

၁၉၉၇ ခုႏွစ္က တ႐ုတ္ႏိုင္ငံသို႔ ျပန္ေပးခဲ့ေသာ ၿဗိတိန္ကိုလိုနီေဟာင္း ေဟာင္ေကာင္သည္ တစ္ႏိုင္ငံ၊ စနစ္ႏွစ္မ်ိဳး မူဝါဒေအာက္တြင္ အဆင့္ျမင့္မားသည့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရခဲ့ၿပီး  ျပည္မႀကီးရွိ စီးပြားေရးအခ်က္အျခာေဒသမ်ားျဖစ္ေသာ ရွန္ဟိုင္းႏွင့္ ရွန္ဇန္းတို႔ႏွင့္ သီးျခားစီျဖစ္ေနခဲ့သည္။
ေဟာင္ေကာင္တြင္ သီးျခားလြတ္လပ္ေသာ တရားစီရင္ေရး၊ သီးျခားေငြေၾကး၊ ဘာ႑ာေရးစနစ္ရွိၿပီး လြတ္လပ္စြာေျပာဆိုခြင့္ကိုလည္း အာမခံထားသည္။

၁၉၉၂ ခုႏွစ္ အေမရိကန္-ေဟာင္ေကာင္ အက္ဥပေဒအရ ဝါရွင္တန္က ေဟာင္ေကာင္ကို တ႐ုတ္ျပည္မႀကီးႏွင့္ ကင္းလြတ္သည့္ စီရင္ပိုင္ခြင့္နယ္ေျမအျဖစ္ သတ္မွတ္ထားၿပီး ခရီးသြားလာျခင္းႏွင့္ ကုန္သြယ္ေရးကိစၥမ်ားတြင္ အထူးအခြင့္အေရးေပးထားသည္။

ယခုအခါ ထိုဥပေဒကိုအတည္ျပဳရန္ ဆုံးျဖတ္ခ်က္ခ်လိုက္ေသာေၾကာင့္ အမ်ိဳးသားျပည္သူ႔ကြန္ဂရက္ အၿမဲတမ္းေကာ္မတီသည္ ထိုဥပေဒၾကမ္း၏ အေသးစိတ္မူၾကမ္းကို ေရးသားမည္ျဖစ္ၿပီး ဇြန္လခန႔္တြင္ပင္ ျပ႒ာန္းႏိုင္သည္။ထိုဥပေဒကို ေဟာင္ေကာင္အစိုးရက ျပန္တမ္းတြင္ထုတ္ျပန္ေသာအခါတြင္ အတည္ျဖစ္မည္ဟု သိရသည္။

Linko
Ref : asia.nikkei.com
ေမ - ၂၈