ဟောင်ကောင်၏ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော် ထောက်ခံ

ဟောင်ကောင်၏ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော် ထောက်ခံ

တရုတ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည့် ဟောင်ကောင်တွင် ဇွန်လမှစတင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများ၌ ဆူပူအကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလျှက်ရှိရာ လူ့အခွင့်အရေးကာကွယ်ရေးနှင့် သက်ဆိုင် သည့် ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန်အထက်လွှတ်တော်က နိုဝင်ဘာ ၁၉ ရက်မှာ တစ်ညီတစ်ညွတ်တည်း  ထောက်ခံလိုက်ပါတယ်။

‘ဟောင်ကောင်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အက်ဥပဒေ’ ကို အောက်လွှတ်တော်တွင်လည်း အတည်ပြုခဲ့ပြီး ဖြစ်တာကြောင့် အထက် လွှတ်တော်က ယခု အတည်ပြုလိုက်သည့် ဥပဒေနှင့် ပေါင်းစပ်ကာ ကွန်ဂရက်သို့တင်ပြ သွားပြီးနောက် သမ္မတဒေါ်နယ်ထရမ့်၏ အတည်ပြု ချက်ကို ရယူသွားမှာ ဖြစ်ပါတယ်။

အထက်လွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေကြမ်းတွင် ဟောင်ကောင်ရဲတပ်ဖွဲ့သို့ မျက်ရည်ယိုဓာတ်ငွေ့၊ ငရုတ်ကောင်းဖြန်းရည်၊ ရာဘာကျည်ဆံနှင့် အခြားပေါက်ကွဲစေသည့် ပစ္စည်းများအား တင်ပို့ရောင်းချခြင်းကို  ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။သမ္မတအနေဖြင့် အဆိုပါ ဥပဒေကြိမ်းကို ထောက်ခံမည်သို့မဟုတ်ဗီတိုအာဏာဖြင့် ပယ်ချမည်ကို အိမ်ဖြူတော်မှ တုန့်ပြန်ပြောကြားခြင်း မရှိသေးပေ။  

ဥပဒေကြမ်း သမ္မတထရမ့်ထံသို့ ရောက်ရှိသွားပါက ယင်းကိစ္စရပ်သည် တရုတ်နှင့် ကုန်သွယ်ရေး ဆွေးနွေးမှု ထိခိုက်မည်ကို စိုးရိမ်သော အကြံပေးများနှင့် တရုတ်၏ လူ့အခွင့်အရေး၊ဟောင်ကောင်၏ အဆင့်အတန်းနှင့် ပတ်သက်၍ ရပ်တည်ရန် အချိန်ကျရောက်ပြီဟု သတ်မှတ် ထားသော အကြံပေးများအကြား ပြင်းထန်သည့် အငြင်းပွားဖွယ်ရာက ကိစ္စတစ်ရပ်ဖြစ်လာနိုင်ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောပါတယ်။

ယင်းဥပဒေကြမ်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ထားပြီး အမေရိကန်အနေဖြင့် ဟောင်ကောင်နှင့် တရုတ်ပြည်တွင်းရေးတို့တွင် ဝင်ရောက်စွက်ဖက်မှုများ ရပ်တန့်ရန်နှင့် အဆိုပါဥပဒေကြမ်းကို ဥပဒေအဖြစ် အကောင်အထည်မဖော်ရန်လည်း တိုက်တွန်းထားပါတယ်။ဘရပ်ဆဲတွင် ကျင်းပမည့် နေတိုင်းအဖွဲ့ အစည်းအဝေးသို့ မသွားမီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုက နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာရန် နိုဝင်ဘာ ၁၉ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

“ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ အားလုံးကို ဆက်လက်တိုက်တွန်းပါတယ်။ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းလို့ရပါတယ်။ ဒါမှသာ တိုးတက်မှုရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောပါတယ်။သမ္မတထရမ့်ကလည်း တရုတ်အစိုးရအနေဖြင့် အဆိုပါပြဿနာကို သိမ်မွေ့စွာ ဖြေရှင်းသင့်ကြောင်းနှင့် ဟောင်ကောင်တွေ အခြေအနေများ ပိုမိုဆိုးရွားလာပါက နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆွေးနွေးပွဲကို ထိခိုက်စေနိုင်ကြောင်း ယခင်က ပြောကြားခဲ့ပါတယ်။

Linko
Ref: aljazeera.com
ဝါရှင်တန်၊နိုဝင်ဘာ ၂၀

(  Zawgyi  )

 တ႐ုတ္အစိုးရ၏ အုပ္ခ်ဳပ္မႈေအာက္တြင္ ရွိေနသည့္ ေဟာင္ေကာင္တြင္ ဇြန္လမွစတင္ျဖစ္ပြားခဲ့သည့္ ဆႏၵျပမႈမ်ား၌ ဆူပူအၾကမ္းဖက္မႈမ်ား ပိုမိုျဖစ္ပြားလွ်က္ရွိရာ လူ႔အခြင့္အေရးကာကြယ္ေရးႏွင့္ သက္ဆိုင္ သည့္ ဥပေဒၾကမ္းတစ္ရပ္ကို အေမရိကန္အထက္လႊတ္ေတာ္က ႏိုဝင္ဘာ ၁၉ ရက္မွာ တစ္ညီတစ္ၫြတ္တည္း  ေထာက္ခံလိုက္ပါတယ္။

‘ေဟာင္ေကာင္လူ႔အခြင့္အေရးႏွင့္ ဒီမိုကေရစီ အက္ဥပေဒ’ ကို ေအာက္လႊတ္ေတာ္တြင္လည္း အတည္ျပဳခဲ့ၿပီး ျဖစ္တာေၾကာင့္ အထက္ လႊတ္ေတာ္က ယခု အတည္ျပဳလိုက္သည့္ ဥပေဒႏွင့္ ေပါင္းစပ္ကာ ကြန္ဂရက္သို႔တင္ျပ သြားၿပီးေနာက္ သမၼတေဒၚနယ္ထရမ့္၏ အတည္ျပဳ ခ်က္ကို ရယူသြားမွာ ျဖစ္ပါတယ္။

အထက္လႊတ္ေတာ္က အတည္ျပဳလိုက္သည့္ ဥပေဒၾကမ္းတြင္ ေဟာင္ေကာင္ရဲတပ္ဖြဲ႕သို႔ မ်က္ရည္ယိုဓာတ္ေငြ႕၊ င႐ုတ္ေကာင္းျဖန္းရည္၊ ရာဘာက်ည္ဆံႏွင့္ အျခားေပါက္ကြဲေစသည့္ ပစၥည္းမ်ားအား တင္ပို႔ေရာင္းခ်ျခင္းကို  ရပ္ဆိုင္းသြားမွာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။သမၼတအေနျဖင့္ အဆိုပါ ဥပေဒႀကိမ္းကို ေထာက္ခံမည္သို႔မဟုတ္ဗီတိုအာဏာျဖင့္ ပယ္ခ်မည္ကို အိမ္ျဖဴေတာ္မွ တုန႔္ျပန္ေျပာၾကားျခင္း မရွိေသးေပ။  

ဥပေဒၾကမ္း သမၼတထရမ့္ထံသို႔ ေရာက္ရွိသြားပါက ယင္းကိစၥရပ္သည္ တ႐ုတ္ႏွင့္ ကုန္သြယ္ေရး ေဆြးေႏြးမႈ ထိခိုက္မည္ကို စိုးရိမ္ေသာ အႀကံေပးမ်ားႏွင့္ တ႐ုတ္၏ လူ႔အခြင့္အေရး၊ေဟာင္ေကာင္၏ အဆင့္အတန္းႏွင့္ ပတ္သက္၍ ရပ္တည္ရန္ အခ်ိန္က်ေရာက္ၿပီဟု သတ္မွတ္ ထားေသာ အႀကံေပးမ်ားအၾကား ျပင္းထန္သည့္ အျငင္းပြားဖြယ္ရာက ကိစၥတစ္ရပ္ျဖစ္လာႏိုင္ေၾကာင္း အမည္မေဖာ္လိုသူ အရာရွိတစ္ဦးက ေျပာပါတယ္။

ယင္းဥပေဒၾကမ္းကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ကန႔္ကြက္ထားၿပီး အေမရိကန္အေနျဖင့္ ေဟာင္ေကာင္ႏွင့္ တ႐ုတ္ျပည္တြင္းေရးတို႔တြင္ ဝင္ေရာက္စြက္ဖက္မႈမ်ား ရပ္တန႔္ရန္ႏွင့္ အဆိုပါဥပေဒၾကမ္းကို ဥပေဒအျဖစ္ အေကာင္အထည္မေဖာ္ရန္လည္း တိုက္တြန္းထားပါတယ္။ဘရပ္ဆဲတြင္ က်င္းပမည့္ ေနတိုင္းအဖြဲ႕ အစည္းအေဝးသို႔ မသြားမီ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပဲယိုက ႏိုင္ငံေရးအရ ေဆြးေႏြး အေျဖရွာရန္ ႏိုဝင္ဘာ ၁၉ ရက္မွာ ေတာင္းဆိုလိုက္ပါတယ္။

“ၿငိမ္းခ်မ္းစြာ ေျဖရွင္းၾကဖို႔ အားလုံးကို ဆက္လက္တိုက္တြန္းပါတယ္။ ႏိုင္ငံေရးနည္းလမ္းအရ ေျဖရွင္းလို႔ရပါတယ္။ ဒါမွသာ တိုးတက္မႈရွိမယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟု ေျပာပါတယ္။သမၼတထရမ့္ကလည္း တ႐ုတ္အစိုးရအေနျဖင့္ အဆိုပါျပႆနာကို သိမ္ေမြ႕စြာ ေျဖရွင္းသင့္ေၾကာင္းႏွင့္ ေဟာင္ေကာင္ေတြ အေျခအေနမ်ား ပိုမိုဆိုး႐ြားလာပါက ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္ေရးေဆြးေႏြးပြဲကို ထိခိုက္ေစႏိုင္ေၾကာင္း ယခင္က ေျပာၾကားခဲ့ပါတယ္။

Linko
Ref: aljazeera.com
ဝါရွင္တန္၊ႏိုဝင္ဘာ ၂၀