ဟောင်ကောင်ခရိုင်ရွေးကောက်ပွဲတွင် ဒီမိုကရေစီထောက်ခံသူ ကိုယ်စားလှယ်အများစု အနိုင်ရ

ဟောင်ကောင်ခရိုင်ရွေးကောက်ပွဲတွင် ဒီမိုကရေစီထောက်ခံသူ ကိုယ်စားလှယ်အများစု အနိုင်ရ

ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ခရိုင်ကောင်စီအလိုက်ရွေးကောက်ပွဲတွင် ရေတွက်ပြီးသည့် ၂၄၁ နေရာအနက် ဒီမိုကရေစီ ‌ထောက်ခံ သူ ကိုယ်စားလှယ်များက ၂၀၁ နေရာရရှိနေပြီး ထူထောင်ရေးလိုလားသူ ကိုယ်စားလှယ်များက ၃၈ နေရာ ရရှိခဲ့ကြောင်း South China Morning Post သတင်းဌာနမှ စုစည်းထားသည့် ရလဒ်များမှာ ဖော်ပြထားပါတယ်။

စုစုပေါင်း ၄၅၂ နေရာအနက် ထက်ဝက်ခန့်နီးပါးကို မရေတွက်ရသေးသော်လည်း ဒီမိုကရေစီ ထောက်ခံသူများက ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲတွင် ရရှိခဲ့သည့် မဲအရေအတွက်ထက် သာလွန်နေပြီး ခရိုင်ကောင်စီ ၅ ခုထက်မနည်းတွင် အသာစီးရနေခြင်းပဲ ဖြစ်ပါတယ်။ မဲပေးသူ အရေ အတွက် မှာလည်း အံ့အားသင့်စရာကောင်းလောက်အောင် ၇၁ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဟောင်ကောင်ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

တရားခံ လွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေကြမ်းအပေါ် အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများ နောက်ပိုင်း ဟောင်ကောင်တွင် နိုဝင်ဘာ ၂၄ ရက်က ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ယခုရွေးကောက်ပွဲ ရလဒ်သည် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ များအပေါ် ထောက်ခံမှုမည်မျှအထိရှိကြောင်း ပြသမည့် အချက်ဖြစ်ပြီး လက်ရှိအုပ်ချုပ်ရေးမှူး ကာရီလမ်ချန်းယက်နာအတွက် အခက်အခဲ
ပြဿနာ များကို ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေရေးအတွက် ဖိအားများလည်း ဖြစ်လာစေနိုင်ပါတယ်။

ထို့ပြင် ယခုရွေးကောက်ပွဲ ရလဒ်သည် လာမည့်နှစ်တွင် ကျင်းပမည့် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုလည်း ဖြစ်လာစေနိုင် ပါတယ်။ အဆိုပါရွေးကောက်ပွဲတွင် ယခုပြုလုပ်သည့် ခရိုင်ရွေးကောက်ပွဲတွင် အနိုင်ရသူများအနက်မှ ပြန်လည်ရွေးချယ် တင်မြှောက် တာဖြစ်ပါ တယ်။

Linko
Ref: ANI
ဟောင်ကောင်၊ နိုဝင်ဘာ ၂၅ 

(  Zawgyi  )

 ေဟာင္ေကာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၏ ခ႐ိုင္ေကာင္စီအလိုက္ေ႐ြးေကာက္ပြဲတြင္ ေရတြက္ၿပီးသည့္ ၂၄၁ ေနရာအနက္ ဒီမိုကေရစီ ‌ေထာက္ခံ သူ ကိုယ္စားလွယ္မ်ားက ၂၀၁ ေနရာရရွိေနၿပီး ထူေထာင္ေရးလိုလားသူ ကိုယ္စားလွယ္မ်ားက ၃၈ ေနရာ ရရွိခဲ့ေၾကာင္း South China Morning Post သတင္းဌာနမွ စုစည္းထားသည့္ ရလဒ္မ်ားမွာ ေဖာ္ျပထားပါတယ္။

စုစုေပါင္း ၄၅၂ ေနရာအနက္ ထက္ဝက္ခန႔္နီးပါးကို မေရတြက္ရေသးေသာ္လည္း ဒီမိုကေရစီ ေထာက္ခံသူမ်ားက ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ ပြဲတြင္ ရရွိခဲ့သည့္ မဲအေရအတြက္ထက္ သာလြန္ေနၿပီး ခ႐ိုင္ေကာင္စီ ၅ ခုထက္မနည္းတြင္ အသာစီးရေနျခင္းပဲ ျဖစ္ပါတယ္။ မဲေပးသူ အေရ အတြက္ မွာလည္း အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ၇၁ ဒသမ ၂ ရာခိုင္ႏႈန္းရွိခဲ့ေၾကာင္း ေဟာင္ေကာင္ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ထုတ္ျပန္ခဲ့ပါတယ္။

တရားခံ လႊဲေျပာင္းေပးေရးဆိုင္ရာ ဥပေဒၾကမ္းအေပၚ အျငင္းပြားရာမွ စတင္ျဖစ္ပြားခဲ့သည့္ ဆႏၵျပမႈမ်ား ေနာက္ပိုင္း ေဟာင္ေကာင္တြင္ ႏိုဝင္ဘာ ၂၄ ရက္က ပထမဆုံးအႀကိမ္ ေ႐ြးေကာက္ပြဲ က်င္းပခဲ့ျခင္းလည္း ျဖစ္ပါတယ္။ ယခုေ႐ြးေကာက္ပြဲ ရလဒ္သည္ အစိုးရဆန႔္က်င္ေရး ဆႏၵျပသူ မ်ားအေပၚ ေထာက္ခံမႈမည္မွ်အထိရွိေၾကာင္း ျပသမည့္ အခ်က္ျဖစ္ၿပီး လက္ရွိအုပ္ခ်ဳပ္ေရးမႉး ကာရီလမ္ခ်န္းယက္နာအတြက္ အခက္အခဲ
ျပႆနာ မ်ားကို ေျဖရွင္းရန္ နည္းလမ္းမ်ား ရွာေဖြေရးအတြက္ ဖိအားမ်ားလည္း ျဖစ္လာေစႏိုင္ပါတယ္။

ထို႔ျပင္ ယခုေ႐ြးေကာက္ပြဲ ရလဒ္သည္ လာမည့္ႏွစ္တြင္ က်င္းပမည့္ ဥပေဒျပဳေကာင္စီ ေ႐ြးေကာက္ပြဲအေပၚ သက္ေရာက္မႈလည္း ျဖစ္လာေစႏိုင္ ပါတယ္။ အဆိုပါေ႐ြးေကာက္ပြဲတြင္ ယခုျပဳလုပ္သည့္ ခ႐ိုင္ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရသူမ်ားအနက္မွ ျပန္လည္ေ႐ြးခ်ယ္ တင္ေျမႇာက္ တာျဖစ္ပါ တယ္။

Linko
Ref: ANI
ေဟာင္ေကာင္၊ ႏိုဝင္ဘာ ၂၅