သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်မှုဆိုင်ရာ ကြားနာမှုများ ဆက်လက်ပြုလုပ်

သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်မှုဆိုင်ရာ ကြားနာမှုများ ဆက်လက်ပြုလုပ်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ယူကရိန်းခေါင်းဆောင်တို့အကြား  ဇူလိုင်လအတွင်းက ဖုန်းခေါ်ဆို ပြောကြားသည့် အကြောင်းအရာ များနှင့် ပတ်သက်၍ ထရမ့်အား စွပ်စွဲပြစ်တင်မှုများကို ဆက်လက်ကြားနာလျှက် ရှိပါတယ်။နိုဝင်ဘာ ၁၉ ရက်က စစ်ဆေးမှုတွင် သက်သေ ၄ ဦးကို နှစ်ကြိမ်ခွဲကာ ကြားနာမှုတွင် ၎င်းတို့က နိုင်ငံတော် လုံခြုံရေးနှင့် နိုင်ငံခြားရေးကိစ္စရပ်များကို ပြောကြားသွားခဲ့ပါတယ်။

သမ္မတထရမ့်က ၎င်း၏ အဓိက နိုင်ငံရေးပြိုင်ဖက်အား စုံစမ်းပေးရန် ယူကရိန်းခေါင်းဆောင်ကို တောင်း ဆိုရန် ကြိုးပမ်းခဲ့မှုနှင့် ပတ်သက်၍ ယခုထွက်ဆိုသူများသည် ကိုယ်တိုင် မြင်တွေ့ ကြားသိခဲ့ရသူများ မဟုတ်ကြောင်း ရီပတ်ပလစ်ကင်ဘက်မှ ဝေဖန်ထားပါတယ်။ဇူလိုင် ၂၅ ရက်တွင် သမ္မတထရမ့်က ယူကရိန်းခေါင်းဆောင်အား ဒီမိုကရက် ဂျိုးဘိုင်ဒင်အား စုံစမ်းပေးရန် တောင်းဆိုခဲ့ကြောင်းကို ပြောခဲ့ကြ ပါတယ်။ ဒုသမ္မတမိုက်ပင့်စ်၏ အကြံပေးအရာရှိတစ်ဦးဖြစ်သူ ဂျနီဇာဝီလျံက ယင်းဖုန်းခေါ်ဆိုမှုတွင် ပြည်တွင်းနိုင်ငံရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများ ပါဝင်ပုံရသောကြောင့် ပုံမှန်မဟုတ်သည့် ဖုန်းခေါ်ဆိုမှုတစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း ပြောပါတယ်။

ကြားနာမှုအစီအစဉ်သို့ စစ်တပ်ယူနီဖောင်းဝတ်ဆင်၍ လာခဲ့သူ ကြည်းတပ်ဗိုလ်မှူးကြီး အလက်ဇန်းဒါးဗင်ဒမ်က ထရမ့်၏ အဆိုပါလုပ်ရပ်သည် မလျော်ကန်ကြောင်းနှင့် တာဝန်နှင့် မဆိုင်သော လုပ်ဆောင်မှုဖြစ်သည်ဟု ပြောပါတယ်။ “ဒီကိစ္စဟာ ကျွန်တော်တို့နိုင်ငံ ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ကြောင်းကို အသိပေးပြောကြားလိုတာပါ။ ကျွန်တော့်အနေနဲ့ ဒီကော်မတီနဲ့ အမေရိကန်ပြည်သူတွေ ရဲ့ရှေ့မှာ အခုလို ထွက်ဆိုရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး” ဟု ပြောပါတယ်။

အမျိုးသားလုံခြုံရေးကောင်စီမှ မကြာသေးမီက နုတ်ထွက်ခဲ့သူ တင်မ်မော်ရစ်ဆင်က ယင်းဖုန်းခေါ်ဆိုမှုတွင် ဥပဒေနှင့် မညီညွတ်သည့် ကိစ္စရပ် ပါဝင်သည်ဟု မထင်မိကြောင်းနှင့်  ပြောဆိုသည့်အကြောင်းအရာများ ပေါက်ကြားသွားပါကလည်း နိုင်ငံရေးရှုပ်ထွေးမှုများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ပြောဆိုပါတယ်။

ယူကရိန်းနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူ ကာ့တ်ဗော်ကာက ယူကရိန်းသို့ လုံခြုံရေးဆိုင်ရာ အကူအညီပေးခြင်းနှင့် စုံစမ်းမှုတို့ ဆက်နွှယ်နေကြောင်းကို မသိခဲ့ကြောင်း ပြောပါတယ်။ ဘိုင်ဒင်နှင့် သက်ဆိုင်နေသည့် ယူကရိန်းဓာတ်ငွေ့ကုမ္ပဏီ ဘူရစ်စမာကိစ္စအား အမေရိကန် အရာရှိများက မည်သည့်အချိန်တွင် ပြောဆိုခဲ့ကြသည်ကို မသိခဲ့ကြောင်း ၎င်းက ထွက်ဆိုပါတယ်။

မိမိအနေဖြင့် အဆိုပါကိစ္စကို စောစီးစွာ သိရှိခဲ့သင့်ကြောင်းနှင့် အမှန်တကယ်ဖြစ်ခဲ့ပါက ကန့်ကွက်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ယခုစွပ်စွဲ ပြစ်တင်မှုများအပေါ် ပြန်လည်တုန့်ပြန်ရန် အကြောင်းမရှိဟု အိမ်ဖြူတော် တာဝန်ရှိသူများက ပြောကြားထားပါတယ်။ဒီမိုကရက် များ၏ လုပ်ဆောင်မှုများသည် သမ္မတထရမ့်အပေါ် မုန်းတီးမှု သက်သက်ဖြင့် လုပ်ကြောင်းခြင်းနှင့် လွပ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲလိုခြင်း ဖြစ်တယ်လို့ အိမ်ဖြူတော် သတင်းထုတ် ပြန်ရေးအရာရှိ စတီဖင်ဂရစ်ရှမ်က ပြောပါတယ်။

Linko
Ref: washingtonpost.com
ဝါရှင်တန်၊ နိုဝင်ဘာ ၂၀

(  Zawgyi  )

 အေမရိကန္သမၼတေဒၚနယ္ထရမ့္ႏွင့္ ယူကရိန္းေခါင္းေဆာင္တို႔အၾကား  ဇူလိုင္လအတြင္းက ဖုန္းေခၚဆို ေျပာၾကားသည့္ အေၾကာင္းအရာ မ်ားႏွင့္ ပတ္သက္၍ ထရမ့္အား စြပ္စြဲျပစ္တင္မႈမ်ားကို ဆက္လက္ၾကားနာလွ်က္ ရွိပါတယ္။ႏိုဝင္ဘာ ၁၉ ရက္က စစ္ေဆးမႈတြင္ သက္ေသ ၄ ဦးကို ႏွစ္ႀကိမ္ခြဲကာ ၾကားနာမႈတြင္ ၎တို႔က ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ႏိုင္ငံျခားေရးကိစၥရပ္မ်ားကို ေျပာၾကားသြားခဲ့ပါတယ္။

သမၼတထရမ့္က ၎၏ အဓိက ႏိုင္ငံေရးၿပိဳင္ဖက္အား စုံစမ္းေပးရန္ ယူကရိန္းေခါင္းေဆာင္ကို ေတာင္း ဆိုရန္ ႀကိဳးပမ္းခဲ့မႈႏွင့္ ပတ္သက္၍ ယခုထြက္ဆိုသူမ်ားသည္ ကိုယ္တိုင္ ျမင္ေတြ႕ ၾကားသိခဲ့ရသူမ်ား မဟုတ္ေၾကာင္း ရီပတ္ပလစ္ကင္ဘက္မွ ေဝဖန္ထားပါတယ္။ဇူလိုင္ ၂၅ ရက္တြင္ သမၼတထရမ့္က ယူကရိန္းေခါင္းေဆာင္အား ဒီမိုကရက္ ဂ်ိဳးဘိုင္ဒင္အား စုံစမ္းေပးရန္ ေတာင္းဆိုခဲ့ေၾကာင္းကို ေျပာခဲ့ၾက ပါတယ္။ ဒုသမၼတမိုက္ပင့္စ္၏ အႀကံေပးအရာရွိတစ္ဦးျဖစ္သူ ဂ်နီဇာဝီလ်ံက ယင္းဖုန္းေခၚဆိုမႈတြင္ ျပည္တြင္းႏိုင္ငံေရးႏွင့္ သက္ဆိုင္သည့္ အေၾကာင္းအရာမ်ား ပါဝင္ပုံရေသာေၾကာင့္ ပုံမွန္မဟုတ္သည့္ ဖုန္းေခၚဆိုမႈတစ္ခုအျဖစ္ သတ္မွတ္ႏိုင္ေၾကာင္း ေျပာပါတယ္။

ၾကားနာမႈအစီအစဥ္သို႔ စစ္တပ္ယူနီေဖာင္းဝတ္ဆင္၍ လာခဲ့သူ ၾကည္းတပ္ဗိုလ္မႉးႀကီး အလက္ဇန္းဒါးဗင္ဒမ္က ထရမ့္၏ အဆိုပါလုပ္ရပ္သည္ မေလ်ာ္ကန္ေၾကာင္းႏွင့္ တာဝန္ႏွင့္ မဆိုင္ေသာ လုပ္ေဆာင္မႈျဖစ္သည္ဟု ေျပာပါတယ္။ “ဒီကိစၥဟာ ကြၽန္ေတာ္တို႔ႏိုင္ငံ ရဲ႕ လုံၿခဳံေရးနဲ႔ ပတ္သက္လို႔ ရႈပ္ေထြးမႈေတြ ျဖစ္လာႏိုင္ေၾကာင္းကို အသိေပးေျပာၾကားလိုတာပါ။ ကြၽန္ေတာ့္အေနနဲ႔ ဒီေကာ္မတီနဲ႔ အေမရိကန္ျပည္သူေတြ ရဲ႕ေရွ႕မွာ အခုလို ထြက္ဆိုရလိမ့္မယ္လို႔ ဘယ္တုန္းကမွ ထင္မထားခဲ့ပါဘူး” ဟု ေျပာပါတယ္။

အမ်ိဳးသားလုံၿခဳံေရးေကာင္စီမွ မၾကာေသးမီက ႏုတ္ထြက္ခဲ့သူ တင္မ္ေမာ္ရစ္ဆင္က ယင္းဖုန္းေခၚဆိုမႈတြင္ ဥပေဒႏွင့္ မညီၫြတ္သည့္ ကိစၥရပ္ ပါဝင္သည္ဟု မထင္မိေၾကာင္းႏွင့္  ေျပာဆိုသည့္အေၾကာင္းအရာမ်ား ေပါက္ၾကားသြားပါကလည္း ႏိုင္ငံေရးရႈပ္ေထြးမႈမ်ား ျဖစ္လာမည္ကို စိုးရိမ္ေၾကာင္း ေျပာဆိုပါတယ္။

ယူကရိန္းႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ေဟာင္းတစ္ဦးျဖစ္သူ ကာ့တ္ေဗာ္ကာက ယူကရိန္းသို႔ လုံၿခဳံေရးဆိုင္ရာ အကူအညီေပးျခင္းႏွင့္ စုံစမ္းမႈတို႔ ဆက္ႏႊယ္ေနေၾကာင္းကို မသိခဲ့ေၾကာင္း ေျပာပါတယ္။ ဘိုင္ဒင္ႏွင့္ သက္ဆိုင္ေနသည့္ ယူကရိန္းဓာတ္ေငြ႕ကုမၸဏီ ဘူရစ္စမာကိစၥအား အေမရိကန္ အရာရွိမ်ားက မည္သည့္အခ်ိန္တြင္ ေျပာဆိုခဲ့ၾကသည္ကို မသိခဲ့ေၾကာင္း ၎က ထြက္ဆိုပါတယ္။

မိမိအေနျဖင့္ အဆိုပါကိစၥကို ေစာစီးစြာ သိရွိခဲ့သင့္ေၾကာင္းႏွင့္ အမွန္တကယ္ျဖစ္ခဲ့ပါက ကန႔္ကြက္သြားမွာျဖစ္တယ္လို႔လည္း ေျပာပါတယ္။ယခုစြပ္စြဲ ျပစ္တင္မႈမ်ားအေပၚ ျပန္လည္တုန႔္ျပန္ရန္ အေၾကာင္းမရွိဟု အိမ္ျဖဴေတာ္ တာဝန္ရွိသူမ်ားက ေျပာၾကားထားပါတယ္။ဒီမိုကရက္ မ်ား၏ လုပ္ေဆာင္မႈမ်ားသည္ သမၼတထရမ့္အေပၚ မုန္းတီးမႈ သက္သက္ျဖင့္ လုပ္ေၾကာင္းျခင္းႏွင့္ လြပ္လပ္၍ တရားမွ်တေသာ ေ႐ြးေကာက္ပြဲရလဒ္ကို ေျပာင္းလဲလိုျခင္း ျဖစ္တယ္လို႔ အိမ္ျဖဴေတာ္ သတင္းထုတ္ ျပန္ေရးအရာရွိ စတီဖင္ဂရစ္ရွမ္က ေျပာပါတယ္။

Linko
Ref: washingtonpost.com
ဝါရွင္တန္၊ ႏိုဝင္ဘာ ၂၀