ဝူဟန်၌ မတ်လကုန်တွင် ကူးစက်မှုအသစ်မရှိနိုင်တော့ဟု တရုတ်အစိုးရ ကျွမ်းကျင်သူပြောကြား

ဝူဟန်၌ မတ်လကုန်တွင် ကူးစက်မှုအသစ်မရှိနိုင်တော့ဟု တရုတ်အစိုးရ ကျွမ်းကျင်သူပြောကြား

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့သည့် ဝူဟန်မြို့တွင် ယခုနှစ်ကုန်၌ ကူးစက်မှုအသစ် မဖြစ်ပွားနိုင်တော့ဟု အဆိုပါ ရောဂါတိုက်ဖျက် ရေးတွင် ပါဝင်သည့် တရုတ်အစိုးရ၏ ကျွမ်းကျင်သူတစ်ဦးက မတ် ၅ ရက်တွင် ပြောကြားလိုက်ပါတယ်။သို့သော် အမျိုးသား ကျန်းမာရေး ကော်မရှင်က မတ် ၄ ရက်က  ၁၃၉ ဦး ရောဂါဆက်လက်ကူးစက်ခံရကြောင်း ကြေညာခဲ့ရာ တရုတ်ပြည်မကြီးအတွင်း ကော်ရိုနာဗိုင်းရပ်စ်ခံရသူ စုစုပေါင်း ၈၀၄၀၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ရှေ့ရက်များကလည်း ကူးစက်ခံရသူ ၁၁၉ ဦးနှင့် ၁၂၅ ဦး အသီးသီးရှိခဲ့ကြောင်း ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံပိုင် People's Daily သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အစိုးရကျွမ်းကျင်ပညာရှင် ကျန်ဘိုလီက ဟူဘေး ပြည်နယ်ပြင်ရှိ နယ်မြေအားလုံးနီးပါး၌ ပြီးခဲ့သည့် လကုန်ကပင် ရောဂါထပ်မံ မကူးစက်ရန် ထိန်းသိမ်း ကွပ်ကဲနိုင်ခဲ့ကြောင်း ပြောပါတယ်။ဟူဘေး ပြည်နယ်အတွင်းရှိ အခြားမြို့တော်ကြီးများတွင်လည်း ယခုလကုန်မတိုင်မီ ယင်းကဲ့သို့ပင် လျော့ကျသွား နိုင်ကြောင်း ရောဂါဖြစ်ပွားပုံ အချက်အလက်များကို အခြေခံ၍ ပြောကြားခဲ့သော်လည်း အသေးစိတ်ကို ဖော်ပြခဲ့ ခြင်းမရှိပေ။

ဗိုင်းရပ်စ်ဆက်လက်ကူးစက်မှုများနှင့် ပတ်သက်၍ ဝေဖန်မှုများ အပေါ် တုံ့ပြန်ထားခြင်း မရှိသေးသော် လည်း တရုတ်အစိုးရအနေဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဆိုင်းငံ့ခြင်း၊ မြို့ကြီးများတွင် ဝင်ထွက်သွားလာခွင့် ပိတ်ပင်ခြင်းနှင့် နိုင်ငံအနှံ့ အားလပ်ရက် ကာလကို ရက်တိုးခြင်းတို့ လုပ်ဆောင်ထားပါတယ်။

Linko
Ref:Reuters
ဘေကျင်း၊ မတ် ၆

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားခဲ့သည့္ ဝူဟန္ၿမိဳ႕တြင္ ယခုႏွစ္ကုန္၌ ကူးစက္မႈအသစ္ မျဖစ္ပြားႏိုင္ေတာ့ဟု အဆိုပါ ေရာဂါတိုက္ဖ်က္ ေရးတြင္ ပါဝင္သည့္ တ႐ုတ္အစိုးရ၏ ကြၽမ္းက်င္သူတစ္ဦးက မတ္ ၅ ရက္တြင္ ေျပာၾကားလိုက္ပါတယ္။သို႔ေသာ္ အမ်ိဳးသား က်န္းမာေရး ေကာ္မရွင္က မတ္ ၄ ရက္က  ၁၃၉ ဦး ေရာဂါဆက္လက္ကူးစက္ခံရေၾကာင္း ေၾကညာခဲ့ရာ တ႐ုတ္ျပည္မႀကီးအတြင္း ေကာ္႐ိုနာဗိုင္းရပ္စ္ခံရသူ စုစုေပါင္း ၈၀၄၀၉ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။ ေရွ႕ရက္မ်ားကလည္း ကူးစက္ခံရသူ ၁၁၉ ဦးႏွင့္ ၁၂၅ ဦး အသီးသီးရွိခဲ့ေၾကာင္း က်န္းမာေရးေကာ္မရွင္က ထုတ္ျပန္ခဲ့ပါတယ္။

ႏိုင္ငံပိုင္ People's Daily သတင္းစာႏွင့္ ေတြ႕ဆုံေမးျမန္းခန္းတြင္ အစိုးရကြၽမ္းက်င္ပညာရွင္ က်န္ဘိုလီက ဟူေဘး ျပည္နယ္ျပင္ရွိ နယ္ေျမအားလုံးနီးပါး၌ ၿပီးခဲ့သည့္ လကုန္ကပင္ ေရာဂါထပ္မံ မကူးစက္ရန္ ထိန္းသိမ္း ကြပ္ကဲႏိုင္ခဲ့ေၾကာင္း ေျပာပါတယ္။ဟူေဘး ျပည္နယ္အတြင္းရွိ အျခားၿမိဳ႕ေတာ္ႀကီးမ်ားတြင္လည္း ယခုလကုန္မတိုင္မီ ယင္းကဲ့သို႔ပင္ ေလ်ာ့က်သြား ႏိုင္ေၾကာင္း ေရာဂါျဖစ္ပြားပုံ အခ်က္အလက္မ်ားကို အေျခခံ၍ ေျပာၾကားခဲ့ေသာ္လည္း အေသးစိတ္ကို ေဖာ္ျပခဲ့ ျခင္းမရွိေပ။

ဗိုင္းရပ္စ္ဆက္လက္ကူးစက္မႈမ်ားႏွင့္ ပတ္သက္၍ ေဝဖန္မႈမ်ား အေပၚ တုံ႔ျပန္ထားျခင္း မရွိေသးေသာ္ လည္း တ႐ုတ္အစိုးရအေနျဖင့္ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းမ်ားကို ဆိုင္းငံ့ျခင္း၊ ၿမိဳ႕ႀကီးမ်ားတြင္ ဝင္ထြက္သြားလာခြင့္ ပိတ္ပင္ျခင္းႏွင့္ ႏိုင္ငံအႏွံ႔ အားလပ္ရက္ ကာလကို ရက္တိုးျခင္းတို႔ လုပ္ေဆာင္ထားပါတယ္။

Linko
Ref:Reuters
ေဘက်င္း၊ မတ္ ၆