ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၆ ဦးအထိရှိလာပြီး ကူးစက်ခံရသူ ၄၅၁၅ ဦး အထိ တွေ့ရှိထား

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၆ ဦးအထိရှိလာပြီး ကူးစက်ခံရသူ ၄၅၁၅ ဦး အထိ တွေ့ရှိထား

ဝူဟန်မြို့တွင် စတင်ခဲ့သည့် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် ဟူဘေးပြည်နယ်တွင် သေဆုံးသူအရေအတွက် ၁၀၀ကျော်အထိ ရှိလာပြီး ရောဂါကူးစက်ခံထားရသူ အရေအတွက်မှာလည်း ၁၃၀၀ အထိ ရှိလာကြောင်း အာဏာပိုင်များက အတည်ပြု ထုတ်ပြန်ထားပါတယ်။ပေကျင်းမြို့တွင် ပထမဆုံးတစ်ဦး သေဆုံးမှုအပါအဝင် နိုင်ငံအတွင်း စုစုပေါင်း ၁၀၆ ဦးနှင့် ရောဂါကူးစက် ခံထားရသူ စုစုပေါင်း ၄၅၁၅ ဦးရှိသွားပြီဖြစ်ကြောင်း People’s Daily သတင်းစာက ဖော်ပြထားပြီး ကျွမ်းကျင်သူအချို့က အရေအတွက် ပိုမိုများပြားနိုင်ကြောင်း ခန့်မှန်းပါတယ်။

အမေရိကန်နှင့် ကနေဒါအစိုးရတို့က တရုတ်နိုင်ငံသို့ ခရီးသွားမည့်သူများအား သတိထားကြရန် ဇန်နဝါရီ ၂၇ ရက်မှာ သတိပေးထား သလို တရုတ်နှစ်သစ်ကူးအတွက် ခရီးသွားမည့်သူ သန်းပေါင်းများစွာသည်လည်း ခရီးစဉ်များကို ဆိုင်းငံ့ထားရသဖြင့် စီးပွားရေး လုပ်ငန်းများမှာလည်း ထိခိုက်လျှက်ရှိပါတယ်။

တရုတ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့က  နိုင်ငံသားများအနေဖြင့် အခြားနိုင်ငံများသို့ ရောဂါပျံ့နှံ့မှု မဖြစ်စေရေးအတွက် ပြည်ပခရီးစဉ်များ သွားရောက်ခြင်းကို စဉ်းစားရန် WeChat မှတစ်ဆင့် တိုက်တွန်းထားပါတယ်။တရုတ်အစိုးရကလည်း ကျောင်းများနှင့် တက္ကသိုလ်များ၏ နှစ်ဝက်အတန်းများ ပြန်လည်စတင်မည့် ကာလကို ရွှေ့ဆိုင်းထားပြီး ပြန်လည်စတင်မည့် နေ့ရက်ကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ကျောင်းသားများအနေဖြင့် လူစုလူဝေးများနှင့် အုပ်စုလိုက်ဆောင်ရွက်သည့်အလုပ်များကို ရှောင်ရှားကြရန် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ များက ညွှန်ကြားထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံအနေဖြင့် မည်သည့်အကူအညီမျိုးကိုမဆို လိုအပ်ပါက ပြောကြားရန် ဇန်နဝါရီ ၂၇ ရက်က ကမ်းလှမ်းခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့နိုင်ငံသား များအနေဖြင့် တရုတ်နိုင်ငံ သို့ သွားရောက်လည်ပတ်ခြင်းကို ပြန်လည်စဉ်းစားကြရန် သတိပေးထားပါတယ်။

Linko
Ref: The Strait Times
ဝူဟန်၊ ဇန်နဝါရီ ၂၈

(  Zawgyi  )

 ဝူဟန္ၿမိဳ႕တြင္ စတင္ခဲ့သည့္ ေကာ္႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဟူေဘးျပည္နယ္တြင္ ေသဆုံးသူအေရအတြက္ ၁၀၀ေက်ာ္အထိ ရွိလာၿပီး ေရာဂါကူးစက္ခံထားရသူ အေရအတြက္မွာလည္း ၁၃၀၀ အထိ ရွိလာေၾကာင္း အာဏာပိုင္မ်ားက အတည္ျပဳ ထုတ္ျပန္ထားပါတယ္။ေပက်င္းၿမိဳ႕တြင္ ပထမဆုံးတစ္ဦး ေသဆုံးမႈအပါအဝင္ ႏိုင္ငံအတြင္း စုစုေပါင္း ၁၀၆ ဦးႏွင့္ ေရာဂါကူးစက္ ခံထားရသူ စုစုေပါင္း ၄၅၁၅ ဦးရွိသြားၿပီျဖစ္ေၾကာင္း People’s Daily သတင္းစာက ေဖာ္ျပထားၿပီး ကြၽမ္းက်င္သူအခ်ိဳ႕က အေရအတြက္ ပိုမိုမ်ားျပားႏိုင္ေၾကာင္း ခန႔္မွန္းပါတယ္။

အေမရိကန္ႏွင့္ ကေနဒါအစိုးရတို႔က တ႐ုတ္ႏိုင္ငံသို႔ ခရီးသြားမည့္သူမ်ားအား သတိထားၾကရန္ ဇန္နဝါရီ ၂၇ ရက္မွာ သတိေပးထား သလို တ႐ုတ္ႏွစ္သစ္ကူးအတြက္ ခရီးသြားမည့္သူ သန္းေပါင္းမ်ားစြာသည္လည္း ခရီးစဥ္မ်ားကို ဆိုင္းငံ့ထားရသျဖင့္ စီးပြားေရး လုပ္ငန္းမ်ားမွာလည္း ထိခိုက္လွ်က္ရွိပါတယ္။

တ႐ုတ္လူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕က  ႏိုင္ငံသားမ်ားအေနျဖင့္ အျခားႏိုင္ငံမ်ားသို႔ ေရာဂါပ်ံ႕ႏွံ႔မႈ မျဖစ္ေစေရးအတြက္ ျပည္ပခရီးစဥ္မ်ား သြားေရာက္ျခင္းကို စဥ္းစားရန္ WeChat မွတစ္ဆင့္ တိုက္တြန္းထားပါတယ္။တ႐ုတ္အစိုးရကလည္း ေက်ာင္းမ်ားႏွင့္ တကၠသိုလ္မ်ား၏ ႏွစ္ဝက္အတန္းမ်ား ျပန္လည္စတင္မည့္ ကာလကို ေ႐ႊ႕ဆိုင္းထားၿပီး ျပန္လည္စတင္မည့္ ေန႔ရက္ကို ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားျခင္း မရွိေသးေပ။

ေက်ာင္းသားမ်ားအေနျဖင့္ လူစုလူေဝးမ်ားႏွင့္ အုပ္စုလိုက္ေဆာင္႐ြက္သည့္အလုပ္မ်ားကို ေရွာင္ရွားၾကရန္ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ မ်ားက ၫႊန္ၾကားထားပါတယ္။အေမရိကန္သမၼတေဒၚနယ္ထရမ့္က တ႐ုတ္ႏိုင္ငံအေနျဖင့္ မည္သည့္အကူအညီမ်ိဳးကိုမဆို လိုအပ္ပါက ေျပာၾကားရန္ ဇန္နဝါရီ ၂၇ ရက္က ကမ္းလွမ္းခဲ့ၿပီး အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၎တို႔ႏိုင္ငံသား မ်ားအေနျဖင့္ တ႐ုတ္ႏိုင္ငံ သို႔ သြားေရာက္လည္ပတ္ျခင္းကို ျပန္လည္စဥ္းစားၾကရန္ သတိေပးထားပါတယ္။

Linko
Ref: The Strait Times
ဝူဟန္၊ ဇန္နဝါရီ ၂၈