ရွေးကောက်ပွဲ ရလဒ်အငြင်းပွားပြီးနောက် ဘိုလီးဗီးယားသမ္မတရာထူးမှ နုတ်ထွက်

ရွေးကောက်ပွဲ ရလဒ်အငြင်းပွားပြီးနောက် ဘိုလီးဗီးယားသမ္မတရာထူးမှ နုတ်ထွက်

ဘိုလီးဗီးယားနိုင်ငံအား ၁၄ နှစ်နီးပါး အုပ်ချုပ်ခဲ့သည့် သမ္မတ အီဗိုမော်ရေးစ်က ရလဒ်အငြင်းပွားမှု များကြောင့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမည်ဟု ကတိပြုခဲ့သော်လည်း ရာထူးမှ နုတ် ထွက်ပေး ရန် စစ်တပ်က ၎င်းအား တောင်းဆိုခဲ့သလို ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီးနောက် ရဲတပ်ဖွဲ့ကလည်း ၎င်းကို ဆက်လက် မထောက်ခံတော့သဖြင့်  ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။

ရုပ်သံမှ ပြောကြားသည့် မိန့်ခွန်းတွင် တိုင်းပြည်ကောင်းစားရေးအတွက် ရာထူးမှ နုတ်ထွက်ပေး မည်ဖြစ် ကြောင်း ပြောကြားခဲ့သော်လည်း အတိုက်အခံများအနေဖြင့် အာဏာသိမ်းရန် ကြိုးပမ်းနေကြောင်း စွပ်စွဲရာတွင် “ညစ်ပတ်သည့် တပ်ဖွဲ့များက ဒီမိုကရေစီကို ဖျက်ဆီးနေပါတယ်” ဟု ပြောကြားပါတယ်။

မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး မာဆီလိုအီဘရက်က ၎င်းတို့နိုင်ငံ၏ ခိုလှုံခွင့်နှင့် ကြားဝင်မစွက်ဖက် ရေးမူဝါဒ အရ မော်ရေးစ်ကို နိုင်ငံရေးခိုလှုံခွင့် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း တွစ်တာမှာ ရေးသား လိုက်ပါတယ်။ ဘိုလီးဗီးယားအစိုးရ ထိပ်တန်းအရာရှိ ၂၀ဦးခန့်သည် လာပက်ဇ်မြို့ရှိ မက္ကဆီကို သံအမတ်ကြီး အိမ်တော်တွင် ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ၎င်းက ပြောကြားပါတယ်။

နိုင်ငံတည်ငြိမ်ရေးနှင့် ကောင်းစားရေးအတွက် သမ္မတအနေဖြင့် ရာထူးမှ နုတ်ထွက်ရန် ဘိုလီးဗီးယား ကာကွယ် ရေးဦးစီးချုပ်ဝီလျံကလီမန်က တိုက်တွန်းပြီးနောက် မိုရေးစ်က နုတ်ထွက်မည့်အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်းနှင့်အတူ ဒုသမ္မတ အယ်လ်ဗာရို ဂါဆီရာလင်နီရာလည်း ရာထူးမှ နုတ်ထွက်မှာ ဖြစ်ပါတယ်။

လာပက်ဇ်မြို့၏ လမ်းများပေါ်တွင် ပြည်သူများက အနီ၊ အဝါနှင့် အစိမ်းရောင်အလံများ ဝှေ့ရမ်းကာ ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြပါတယ်။ နောက်ဆုံးပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအတွင်း မဲမသမာမှုများ ရှိခဲ့သဖြင့် နောက်ထပ်တစ်ကြိမ်ထပ်မံ ပြုလုပ်ရန် အမေရိကန်နိုင်ငံများအဖွဲ့ (OAS) က အတည်ပြုပြီးနောက် သမ္မတမော်ရေးစ်က ရွေးကောက်ပွဲ ထပ်မံကျင်းပပေးမည်ဟု နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။

မဲရေတွက်မှုအပေါ် OAS ၏ ကနဦး အစီရင်ခံစာ၌ မဲပေးသည့်စနစ်တွင် မသမာမှုများ တွေ့ရှိရသောကြောင့် မော်ရေးစ်အနိုင်ရခြင်းကို အတည်မပြုနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲတွင် မဲဒုတိယအများဆုံးရခဲ့သည့် ကားလို့စ်မီဆာက “ဒီနေ့ကို ဘယ်တော့မှ မမေ့ပါဘူး။ အာဏာရှင် စနစ်အဆုံးသတ်သွားပါပြီ။ ဘိုလီးဗီးယားနိုင်ငံအနေနဲ့ သမိုင်းဝင် သင်ခန်းစာတစ်ခုကို ရရှိတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်” ဟု ၎င်း၏ တွစ်တာတွင် ရေးသားခဲ့ပါတယ်။

ထို့ပြင်မိုရေးစ်နှင့် ဒုသမ္မတဂါဆီရာလင်နီရာတို့သည် မသမာမှုများ လုပ်ဆောင်ခဲ့သောကြောင့် နောက်ထပ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းမပြည့်မီတော့ကြောင်း မီဆာက နိုဝင်ဘာ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် အောက်တိုဘာ ၂၀ ရက်က စတင်ခဲ့သော ဆန္ဒပြမှုများတွင် အစိုးရ ဆန့်ကျင် သည့် ဆန္ဒပြသူများနှင့် မော်ရေးစ်ကို ထောက်ခံသူများအကြား အပြန်အလှန် တိုက်ခိုက်မှု များကြောင့် ၃ ဦးထက် မနည်း သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

Linko
Ref:Reuters
ဆူခရီ၊နိုဝင်ဘာ ၁၁

(  Zawgyi  )

 ဘိုလီးဗီးယားႏိုင္ငံအား ၁၄ ႏွစ္နီးပါး အုပ္ခ်ဳပ္ခဲ့သည့္ သမၼတ အီဗိုေမာ္ေရးစ္က ရလဒ္အျငင္းပြားမႈ မ်ားေၾကာင့္ ေ႐ြးေကာက္ပြဲကို ျပန္လည္က်င္းပေပးမည္ဟု ကတိျပဳခဲ့ေသာ္လည္း ရာထူးမွ ႏုတ္ ထြက္ေပး ရန္ စစ္တပ္က ၎အား ေတာင္းဆိုခဲ့သလို ကန႔္ကြက္ဆႏၵျပမႈမ်ား ျဖစ္ေပၚၿပီးေနာက္ ရဲတပ္ဖြဲ႕ကလည္း ၎ကို ဆက္လက္ မေထာက္ခံေတာ့သျဖင့္  ရာထူးမွ ႏုတ္ထြက္ေၾကာင္း ေၾကညာလိုက္ပါတယ္။

႐ုပ္သံမွ ေျပာၾကားသည့္ မိန႔္ခြန္းတြင္ တိုင္းျပည္ေကာင္းစားေရးအတြက္ ရာထူးမွ ႏုတ္ထြက္ေပး မည္ျဖစ္ ေၾကာင္း ေျပာၾကားခဲ့ေသာ္လည္း အတိုက္အခံမ်ားအေနျဖင့္ အာဏာသိမ္းရန္ ႀကိဳးပမ္းေနေၾကာင္း စြပ္စြဲရာတြင္ “ညစ္ပတ္သည့္ တပ္ဖြဲ႕မ်ားက ဒီမိုကေရစီကို ဖ်က္ဆီးေနပါတယ္” ဟု ေျပာၾကားပါတယ္။

မကၠဆီကိုႏိုင္ငံျခားေရးဝန္ႀကီး မာဆီလိုအီဘရက္က ၎တို႔ႏိုင္ငံ၏ ခိုလႈံခြင့္ႏွင့္ ၾကားဝင္မစြက္ဖက္ ေရးမူဝါဒ အရ ေမာ္ေရးစ္ကို ႏိုင္ငံေရးခိုလႈံခြင့္ ကမ္းလွမ္းသြားမည္ျဖစ္ေၾကာင္း တြစ္တာမွာ ေရးသား လိုက္ပါတယ္။ ဘိုလီးဗီးယားအစိုးရ ထိပ္တန္းအရာရွိ ၂၀ဦးခန႔္သည္ လာပက္ဇ္ၿမိဳ႕ရွိ မကၠဆီကို သံအမတ္ႀကီး အိမ္ေတာ္တြင္ ေရာက္ရွိေနၿပီျဖစ္ေၾကာင္းလည္း ၎က ေျပာၾကားပါတယ္။

ႏိုင္ငံတည္ၿငိမ္ေရးႏွင့္ ေကာင္းစားေရးအတြက္ သမၼတအေနျဖင့္ ရာထူးမွ ႏုတ္ထြက္ရန္ ဘိုလီးဗီးယား ကာကြယ္ ေရးဦးစီးခ်ဳပ္ဝီလ်ံကလီမန္က တိုက္တြန္းၿပီးေနာက္ မိုေရးစ္က ႏုတ္ထြက္မည့္အစီအစဥ္ကို ေၾကညာခဲ့ျခင္း ျဖစ္ပါတယ္။ ၎ႏွင့္အတူ ဒုသမၼတ အယ္လ္ဗာ႐ို ဂါဆီရာလင္နီရာလည္း ရာထူးမွ ႏုတ္ထြက္မွာ ျဖစ္ပါတယ္။

လာပက္ဇ္ၿမိဳ႕၏ လမ္းမ်ားေပၚတြင္ ျပည္သူမ်ားက အနီ၊ အဝါႏွင့္ အစိမ္းေရာင္အလံမ်ား ေဝွ႔ရမ္းကာ ဆႏၵျပမႈမ်ားကို ျပဳလုပ္ခဲ့ၾကပါတယ္။ ေနာက္ဆုံးျပဳလုပ္ခဲ့သည့္ ေ႐ြးေကာက္ပြဲအတြင္း မဲမသမာမႈမ်ား ရွိခဲ့သျဖင့္ ေနာက္ထပ္တစ္ႀကိမ္ထပ္မံ ျပဳလုပ္ရန္ အေမရိကန္ႏိုင္ငံမ်ားအဖြဲ႕ (OAS) က အတည္ျပဳၿပီးေနာက္ သမၼတေမာ္ေရးစ္က ေ႐ြးေကာက္ပြဲ ထပ္မံက်င္းပေပးမည္ဟု ႏိုဝင္ဘာ ၁၀ ရက္ နံနက္ပိုင္းမွာ ေၾကညာခဲ့ပါတယ္။

မဲေရတြက္မႈအေပၚ OAS ၏ ကနဦး အစီရင္ခံစာ၌ မဲေပးသည့္စနစ္တြင္ မသမာမႈမ်ား ေတြ႕ရွိရေသာေၾကာင့္ ေမာ္ေရးစ္အႏိုင္ရျခင္းကို အတည္မျပဳႏိုင္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲတြင္ မဲဒုတိယအမ်ားဆုံးရခဲ့သည့္ ကားလို႔စ္မီဆာက “ဒီေန႔ကို ဘယ္ေတာ့မွ မေမ့ပါဘူး။ အာဏာရွင္ စနစ္အဆုံးသတ္သြားပါၿပီ။ ဘိုလီးဗီးယားႏိုင္ငံအေနနဲ႔ သမိုင္းဝင္ သင္ခန္းစာတစ္ခုကို ရရွိတဲ့အတြက္ ေက်းဇူးလည္း တင္ပါတယ္” ဟု ၎၏ တြစ္တာတြင္ ေရးသားခဲ့ပါတယ္။

ထို႔ျပင္မိုေရးစ္ႏွင့္ ဒုသမၼတဂါဆီရာလင္နီရာတို႔သည္ မသမာမႈမ်ား လုပ္ေဆာင္ခဲ့ေသာေၾကာင့္ ေနာက္ထပ္ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ အရည္အခ်င္းမျပည့္မီေတာ့ေၾကာင္း မီဆာက ႏိုဝင္ဘာ ၁၀ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲျပဳလုပ္ခဲ့သည့္ ေအာက္တိုဘာ ၂၀ ရက္က စတင္ခဲ့ေသာ ဆႏၵျပမႈမ်ားတြင္ အစိုးရ ဆန႔္က်င္ သည့္ ဆႏၵျပသူမ်ားႏွင့္ ေမာ္ေရးစ္ကို ေထာက္ခံသူမ်ားအၾကား အျပန္အလွန္ တိုက္ခိုက္မႈ မ်ားေၾကာင့္ ၃ ဦးထက္ မနည္း ေသဆုံးခဲ့ၿပီး ၃၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့ပါတယ္။

Linko
Ref:Reuters
ဆူခရီ၊ႏိုဝင္ဘာ ၁၁