ရေတပ်အထူးတပ်ဖွဲ့ဝင်၏ အမှုအား ကိုင်တွယ်မှုနှင့် ပတ်သက်၍ အမေရိကန် ရေတပ်ဦးစီးချုပ်ကို ရာထူးမှ ထုတ်ပယ်

ရေတပ်အထူးတပ်ဖွဲ့ဝင်၏ အမှုအား ကိုင်တွယ်မှုနှင့် ပတ်သက်၍ အမေရိကန် ရေတပ်ဦးစီးချုပ်ကို ရာထူးမှ ထုတ်ပယ်

အီရတ်တွင် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းအတွက် စွပ်စွဲခံထားရသူ ရေတပ်အထူးတပ်ဖွဲ့ဝင်တစ်ဦး၏ အမှုအား ကိုင်တွယ်ရာတွင် ယုံကြည်နိုင်မှု မရှိတော့သောကြောင့် ရေတပ်ဦးစီးချုပ် ရစ်ချက်စပင်ဆာအား ရာထူးမှ ထုတ်ပယ် လိုက်ကြောင်း ကအမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၇ ခုနှစ်က တာဝန်ထမ်းဆောင်စဉ်အတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းအတွက် စွပ်စွဲခံထားရသူ အက်ဒဝပ်ဂါလပ်ဟာသည် လူသတ်မှုဖြင့် စွဲဆိုခဲ့ရခြင်းမှ လွတ်မြောက်ခဲ့သော်လည်း ဓားစာခံတစ်ဦး၏ အလောင်းအား ဇူလိုင်လအတွင်း အွန်လိုင်းတွင် တင်မှုဖြင့်  အရေးယူခံခဲ့ရပါတယ်။ ရေတပ်ဦးစီးချုပ် စပင်ဆာက  အိမ်ဖြူတော်အရာရှိများသို့ သီးသန့် ဆက်သွယ်ကာ  ဂါလပ်ဟာ၏ အမှုတွင် ဝင်ရောက်မပါဝင်ရန်နှင့် ဂါလပ်ဟာ အား  ပင်စင်ပေးရန်သာ လုပ်ဆောင်ရန် ပြောကြားသည်ကို ကာကွယ်ရေးဝန်ကြီးက သိရှိသွားပြီးနောက် ယခုကဲ့သို့ နုတ်ထွက်ခိုင်းလိုက်ခြင်း ဖြစ်ပါတယ်။

 ရေတပ်ဦးစီးချုပ်က အဆိုပါအမှုအတွက် ကာကွယ်ရေးဝန်ကြီးနှင့် အကြိမ်များစွာ ဆွေးနွေးပြောဆိုရာတွင် အိမ်ဖြူတော်အရာရှိများအား ပြောကြားခဲ့သည့် အဆိုပြုချက်ကို မပြောခဲ့သောကြောင့် တာဝန်နှင့် မကိုက်ညီသည့် လုပ်ဆောင်မှုဖြစ်ကြောင်း ပင်တဂွန်ပြောခွင့်ရအရာရှိ ဂျိူနသန်ဟော့ဇ်မန်းက ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။အဆိုပါလုပ်ရပ်သည် ပြဿနာများစွာ ဖြစ်စေနိုင်ကြောင်း အက်စ်ပါက ပြောပါတယ်။

“ရေတပ်ဦးစီးချုပ် စပင်ဆာကို လက်ရှိတာဝန်မှာ ဆက်လက်ထားဖို့ ယုံကြည်စိတ်ချနိုင်ခြင်း မရှိတော့တာကြောင့် တာဝန်မှ ရပ်နားလိုက်ပါတယ်။ ရစ်ချက်အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်” ဟု အက်စ်ပါက ပြောပါတယ်။ ဂါလပ်ဟာနှင့် အခြားစစ်သားနှစ်ဦးတို့၏ အမှုများတွင် သမ္မတဒေါ်နယ်ထရမ့်က ကြားဝင်မှုများ လုပ်ဆောင်ခဲ့ ပြီး နောက် စပင်ဆာက အိမ်ဖြူတော်သို့ အဆိုပြုခဲ့ခြင်း ဖြစ်ပါတယ်။ပင်တဂွန် ၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်ကာ သမ္မတထရမ့်က လူသတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ ကြည်းတပ်ဗိုလ်မှူး မက်သရူးဂိုစတင်နှင့် ၂၀၁၃ ခုနှစ် အတွင်းက အာဇဂန်တွင် လက်နက်မဲ့ နှစ်ဦးအား သတ် ဖြတ်ခဲသည့် ဒုဗိုလ် ကလင့်လောရင့်စ်တို့အား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

ဖမ်းဆီးထားသူ၏ အလောင်း၏ ဓာတ်ပုံကို အွန်လိုင်းတွင် တင်မှုဖြင့် ရာထူးလျော့ချခံခဲ့ရသူ ဂလပ်ဟာကိုလည်း ထရမ့်က မူလရာထူး ပြန်ပေးခဲ့ပါတယ်။ ယင်းအခြေအနေများကြောင်း ကာကွယ်ရေးဝန်ကြီး အက်စ်ပါက ဂါလပ်ဟာကို မူလရာထူးမှာ ဆက်လက်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဂါလပ်ဟာကို မူလရာထူးပြန်ပေးရေးအတွက် ထရမ့်က တွစ်တာတွင် နိုဝင်ဘာ ၂၁ ရက်က မရေးသားမီ စပင်ဆာက အိမ်ဖြူတော်နှင့် သီးခြား ဆက်သွယ်ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

“ရေတပ်က အက်ဒီဂါလပ်ဟာကို ရာထူးက ဖယ်ရှားမှာ မဟုတ်ပါဘူး။ ဒီအမှုကို စတင်ကိုင်တွယ်ကတည်းက မှားယွင်းနေတာပါ။ ကိုယ်လုပ်စရာရှိ ကို လုပ်ကြပါ” ဟု ထရမ့်က ရေးသားခဲ့ပါတယ်။

Linko
Ref: independent.co.uk
ဝါရှင်တန်၊ နိုဝင်ဘာ ၂၅

(  Zawgyi  )

 အီရတ္တြင္ စစ္ရာဇဝတ္မႈ က်ဴးလြန္ခဲ့ျခင္းအတြက္ စြပ္စြဲခံထားရသူ ေရတပ္အထူးတပ္ဖြဲ႕ဝင္တစ္ဦး၏ အမႈအား ကိုင္တြယ္ရာတြင္ ယုံၾကည္ႏိုင္မႈ မရွိေတာ့ေသာေၾကာင့္ ေရတပ္ဦးစီးခ်ဳပ္ ရစ္ခ်က္စပင္ဆာအား ရာထူးမွ ထုတ္ပယ္ လိုက္ေၾကာင္း ကအေမရိကန္ကာကြယ္ေရးဝန္ႀကီး မာ့ခ္အက္စ္ပါက ႏိုဝင္ဘာ ၂၄ ရက္တြင္ ထုတ္ျပန္လိုက္ပါတယ္။

၂၀၁၇ ခုႏွစ္က တာဝန္ထမ္းေဆာင္စဥ္အတြင္း စစ္ရာဇဝတ္မႈ က်ဴးလြန္ခဲ့ျခင္းအတြက္ စြပ္စြဲခံထားရသူ အက္ဒဝပ္ဂါလပ္ဟာသည္ လူသတ္မႈျဖင့္ စြဲဆိုခဲ့ရျခင္းမွ လြတ္ေျမာက္ခဲ့ေသာ္လည္း ဓားစာခံတစ္ဦး၏ အေလာင္းအား ဇူလိုင္လအတြင္း အြန္လိုင္းတြင္ တင္မႈျဖင့္  အေရးယူခံခဲ့ရပါတယ္။ ေရတပ္ဦးစီးခ်ဳပ္ စပင္ဆာက  အိမ္ျဖဴေတာ္အရာရွိမ်ားသို႔ သီးသန႔္ ဆက္သြယ္ကာ  ဂါလပ္ဟာ၏ အမႈတြင္ ဝင္ေရာက္မပါဝင္ရန္ႏွင့္ ဂါလပ္ဟာ အား  ပင္စင္ေပးရန္သာ လုပ္ေဆာင္ရန္ ေျပာၾကားသည္ကို ကာကြယ္ေရးဝန္ႀကီးက သိရွိသြားၿပီးေနာက္ ယခုကဲ့သို႔ ႏုတ္ထြက္ခိုင္းလိုက္ျခင္း ျဖစ္ပါတယ္။

 ေရတပ္ဦးစီးခ်ဳပ္က အဆိုပါအမႈအတြက္ ကာကြယ္ေရးဝန္ႀကီးႏွင့္ အႀကိမ္မ်ားစြာ ေဆြးေႏြးေျပာဆိုရာတြင္ အိမ္ျဖဴေတာ္အရာရွိမ်ားအား ေျပာၾကားခဲ့သည့္ အဆိုျပဳခ်က္ကို မေျပာခဲ့ေသာေၾကာင့္ တာဝန္ႏွင့္ မကိုက္ညီသည့္ လုပ္ေဆာင္မႈျဖစ္ေၾကာင္း ပင္တဂြန္ေျပာခြင့္ရအရာရွိ ဂ်ိဴနသန္ေဟာ့ဇ္မန္းက ေၾကညာခ်က္တစ္ေစာင္မွာ ေဖာ္ျပထားပါတယ္။အဆိုပါလုပ္ရပ္သည္ ျပႆနာမ်ားစြာ ျဖစ္ေစႏိုင္ေၾကာင္း အက္စ္ပါက ေျပာပါတယ္။

“ေရတပ္ဦးစီးခ်ဳပ္ စပင္ဆာကို လက္ရွိတာဝန္မွာ ဆက္လက္ထားဖို႔ ယုံၾကည္စိတ္ခ်ႏိုင္ျခင္း မရွိေတာ့တာေၾကာင့္ တာဝန္မွ ရပ္နားလိုက္ပါတယ္။ ရစ္ခ်က္အဆင္ေျပပါေစလို႔ ဆုေတာင္းပါတယ္” ဟု အက္စ္ပါက ေျပာပါတယ္။ ဂါလပ္ဟာႏွင့္ အျခားစစ္သားႏွစ္ဦးတို႔၏ အမႈမ်ားတြင္ သမၼတေဒၚနယ္ထရမ့္က ၾကားဝင္မႈမ်ား လုပ္ေဆာင္ခဲ့ ၿပီး ေနာက္ စပင္ဆာက အိမ္ျဖဴေတာ္သို႔ အဆိုျပဳခဲ့ျခင္း ျဖစ္ပါတယ္။ပင္တဂြန္ ၏ ဆုံးျဖတ္ခ်က္မ်ားကို ဆန႔္က်င္ကာ သမၼတထရမ့္က လူသတ္မႈျဖင့္ ျပစ္ဒဏ္ခ်မွတ္ခံရသူ ၾကည္းတပ္ဗိုလ္မႉး မက္သ႐ူးဂိုစတင္ႏွင့္ ၂၀၁၃ ခုႏွစ္ အတြင္းက အာဇဂန္တြင္ လက္နက္မဲ့ ႏွစ္ဦးအား သတ္ ျဖတ္ခဲသည့္ ဒုဗိုလ္ ကလင့္ေလာရင့္စ္တို႔အား လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့ပါတယ္။

ဖမ္းဆီးထားသူ၏ အေလာင္း၏ ဓာတ္ပုံကို အြန္လိုင္းတြင္ တင္မႈျဖင့္ ရာထူးေလ်ာ့ခ်ခံခဲ့ရသူ ဂလပ္ဟာကိုလည္း ထရမ့္က မူလရာထူး ျပန္ေပးခဲ့ပါတယ္။ ယင္းအေျခအေနမ်ားေၾကာင္း ကာကြယ္ေရးဝန္ႀကီး အက္စ္ပါက ဂါလပ္ဟာကို မူလရာထူးမွာ ဆက္လက္ထားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ဂါလပ္ဟာကို မူလရာထူးျပန္ေပးေရးအတြက္ ထရမ့္က တြစ္တာတြင္ ႏိုဝင္ဘာ ၂၁ ရက္က မေရးသားမီ စပင္ဆာက အိမ္ျဖဴေတာ္ႏွင့္ သီးျခား ဆက္သြယ္ေျပာဆိုခဲ့ျခင္း ျဖစ္ပါတယ္။

“ေရတပ္က အက္ဒီဂါလပ္ဟာကို ရာထူးက ဖယ္ရွားမွာ မဟုတ္ပါဘူး။ ဒီအမႈကို စတင္ကိုင္တြယ္ကတည္းက မွားယြင္းေနတာပါ။ ကိုယ္လုပ္စရာရွိ ကို လုပ္ၾကပါ” ဟု ထရမ့္က ေရးသားခဲ့ပါတယ္။

Linko
Ref: independent.co.uk
ဝါရွင္တန္၊ ႏိုဝင္ဘာ ၂၅