ရုရှ ဗြိတိန်ကိုကျော်ပြီး ကမ္ဘာ့နံပါတ်နှစ် လက်နက်အများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာ

ရုရှ ဗြိတိန်ကိုကျော်ပြီး ကမ္ဘာ့နံပါတ်နှစ် လက်နက်အများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာ

ဆွီဒင် ပညာရှင်အဖွဲ့တစ်ဖွဲ့ရဲ့ တနင်္လာနေ့က ပြောကြားချက်အရ ရုရှဟာ အမေရိကန်ပြည်ထောင်စုပြီးရင် ကမ္ဘာ့ဒုတိယမြောက် လက်နက်အများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ရုရှဟာ ၂၀၀၂ ခုနှစ်တည်းက ဒုတိယနေရာကို ယူထားပြီး အနောက်ဥရောပရဲ့ နံပါတ်တစ် လက်နက်ထုတ်လုပ်သူအဖြစ် ရပ်တည်နေခဲ့တဲ့ ဗြိတိန်ကို ကျော်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု (SIPRI) က ကမ္ဘာ့လက်နက်အများဆုံး ထုတ်လုပ်တဲ့ အုပ်စု ၁၀၀ ရဲ့ စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ရုရှကုမ္ပဏီတွေရဲ့ လက်နက်ရောင်းအားဟာ ၂၀၁၇ ခုနှစ်မှာ ကန်ဒေါ်လာ ၃၇.၇ ဘီလျံအထိ မြင့်တက်လာခဲ့လို့ စုစုပေါင်းပမာဏ ၃၉၈.၂ ဘီလျံရဲ့ ၉.၅ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။တစ်နှစ်ထက်တစ်နှစ် ၈.၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

SIPRIရဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ပြည်တွင်းရော နိုင်ငံခြားရောင်းအားပါ ပါဝင်တယ်လို့ ဆိုပါတယ်။SIPRI ရဲ့ အကြီးတန်းသုတေသနမှူး ဆိုင်မွန် ဝီဇီမန်း ရဲ့ ပြောကြားချက်အရ ရုရှ လက်နက်ထုတ်လုပ်သူတွေဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ သိသိသာသာ ဖွံ့ဖြိုးကြီးထားလာတဲ့ လမ်းကြောင်းပေါ်ကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

“ဒါဟာ ရုရှက သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မှီစေဖို့ ဘတ်ဂျက်ကို ပိုမိုသုံးစွဲလာတာကြောင့်လည်း ဖြစ်ပါတယ်” လို့ ဝီဇီမန်း က ပြောကြားခဲ့ပါတယ်။

SIPRI ရဲ့ သုတေသန သမိုင်းတလျှောက်မှာတော့ အဆင့်မြင့် လေကြောင်းကာကွယ်ရေး စနစ်တွေနဲ့ တခြားလက်နက်တွေ ထုတ်လုပ်နေတဲ့ မော်စကိုအခြေစိုက် နိုင်ငံပိုင် Almaz-Antey ကုမ္ပဏီဟာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ထိပ်တန်း လက်နက်အများဆုံး ထုတ်လုပ်တဲ့ ၁၀ နိုင်ငံထဲမှာ ပါဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

ဈေးကွက်တစ်ခုလုံးကို ခြုံကြည့်ရင်တော့ ကမ္ဘာနဲ့အဝန်း လက်နက်ရောင်းချမှုတွေရဲ့ ၅၇ ရာခိုင်နှုန်း အမေရိကန်ကုမ္ပဏီတွေက လွှမ်းမိုးထားဆဲပဲဖြစ်ပြီး ဒီကုမ္ပဏီတွေထဲမှာ ကမ္ဘာ့အကြီးဆုံး လက်နက်ကုမ္ပဏီ Lockheed Martin Corp လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

NZT
အေပီ
ဟယ်လ်ဆင်ကီ၊ ဒီဇင်ဘာ - ၁၀
( Zawgyi )
ဆြီဒင္ ပညာရွင္အဖြဲ႕တစ္ဖြဲ႕ရဲ႕ တနလၤာေန႔က ေျပာၾကားခ်က္အရ ႐ုရွဟာ အေမရိကန္ျပည္ေထာင္စုၿပီးရင္ ကမာၻ႔ဒုတိယေျမာက္ လက္နက္အမ်ားဆုံး ထုတ္လုပ္တဲ့ႏိုင္ငံ ျဖစ္လာတယ္လို႔ ဆိုပါတယ္။

႐ုရွဟာ ၂၀၀၂ ခုႏွစ္တည္းက ဒုတိယေနရာကို ယူထားၿပီး အေနာက္ဥေရာပရဲ႕ နံပါတ္တစ္ လက္နက္ထုတ္လုပ္သူအျဖစ္ ရပ္တည္ေနခဲ့တဲ့ ၿဗိတိန္ကို ေက်ာ္တက္သြားခဲ့တယ္လို႔ ဆိုပါတယ္။

စေတာ့ဟုမ္း ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးသုေတသန အင္စတီက်ဳ (SIPRI) က ကမာၻ႔လက္နက္အမ်ားဆုံး ထုတ္လုပ္တဲ့ အုပ္စု ၁၀၀ ရဲ႕ စာရင္းကို ထုတ္ျပန္ခဲ့ရာမွာ ႐ုရွကုမၸဏီေတြရဲ႕ လက္နက္ေရာင္းအားဟာ ၂၀၁၇ ခုႏွစ္မွာ ကန္ေဒၚလာ ၃၇.၇ ဘီလ်ံအထိ ျမင့္တက္လာခဲ့လို႔ စုစုေပါင္းပမာဏ ၃၉၈.၂ ဘီလ်ံရဲ႕ ၉.၅ ရာခိုင္ႏႈန္းအထိ ေရာက္ရွိလာခဲ့တယ္လို႔ ဆိုပါတယ္။တစ္ႏွစ္ထက္တစ္ႏွစ္ ၈.၅ ရာခိုင္ႏႈန္း တိုးလာခဲ့တယ္လို႔ ဆိုပါတယ္။

SIPRIရဲ႕ ႏွစ္ပတ္လည္ အစီရင္ခံစာထဲမွာ ျပည္တြင္းေရာ ႏိုင္ငံျခားေရာင္းအားပါ ပါဝင္တယ္လို႔ ဆိုပါတယ္။SIPRI ရဲ႕ အႀကီးတန္းသုေတသနမႉး ဆိုင္မြန္ ဝီဇီမန္း ရဲ႕ ေျပာၾကားခ်က္အရ ႐ုရွ လက္နက္ထုတ္လုပ္သူေတြဟာ ၂၀၁၁ ခုႏွစ္ေနာက္ပိုင္းမွာ သိသိသာသာ ဖြံ႕ၿဖိဳးႀကီးထားလာတဲ့ လမ္းေၾကာင္းေပၚကို ေရာက္လာခဲ့တယ္လို႔ ဆိုပါတယ္။

“ဒါဟာ ႐ုရွက သူ႔ရဲ႕ လက္နက္ကိုင္တပ္ဖြဲ႕ေတြကို ေခတ္မွီေစဖို႔ ဘတ္ဂ်က္ကို ပိုမိုသုံးစြဲလာတာေၾကာင့္လည္း ျဖစ္ပါတယ္” လို႔ ဝီဇီမန္း က ေျပာၾကားခဲ့ပါတယ္။

SIPRI ရဲ႕ သုေတသန သမိုင္းတေလွ်ာက္မွာေတာ့ အဆင့္ျမင့္ ေလေၾကာင္းကာကြယ္ေရး စနစ္ေတြနဲ႔ တျခားလက္နက္ေတြ ထုတ္လုပ္ေနတဲ့ ေမာ္စကိုအေျခစိုက္ ႏိုင္ငံပိုင္ Almaz-Antey ကုမၸဏီဟာ ပထမဆုံးအႀကိမ္အျဖစ္ ကမာၻ႔ထိပ္တန္း လက္နက္အမ်ားဆုံး ထုတ္လုပ္တဲ့ ၁၀ ႏိုင္ငံထဲမွာ ပါဝင္လာခဲ့တယ္လို႔ ဆိုပါတယ္။

ေဈးကြက္တစ္ခုလုံးကို ၿခဳံၾကည့္ရင္ေတာ့ ကမာၻနဲ႔အဝန္း လက္နက္ေရာင္းခ်မႈေတြရဲ႕ ၅၇ ရာခိုင္ႏႈန္း အေမရိကန္ကုမၸဏီေတြက လႊမ္းမိုးထားဆဲပဲျဖစ္ၿပီး ဒီကုမၸဏီေတြထဲမွာ ကမာၻ႔အႀကီးဆုံး လက္နက္ကုမၸဏီ Lockheed Martin Corp လည္း ပါဝင္တယ္လို႔ ဆိုပါတယ္။

NZT
ေအပီ
ဟယ္လ္ဆင္ကီ၊ ဒီဇင္ဘာ - ၁၀