မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုအပေါ် သမ္မတထရမ့် သတိပေး

မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုအပေါ် သမ္မတထရမ့် သတိပေး

ယခုသီတင်းပတ်ကုန်တွင် မြောက်ကိုရီးယားက ၎င်း၏ တာဝေးပစ် ဒုံးကျည်ပစ်စင်တွင် အရေးကြီးသည့် စမ်းသပ်မှုတစ်ခုကို ပြီးလုပ် လိုက်သောကြောင့် ခေါင်းဆောင်ကင်ဂျုံအွန်းအနေဖြင့် အမေရိကန်နှင့် အထူးဆက် ဆံရေးကို မဖျက်ဆီးရန် သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောကြားလိုက်ပါတယ်။

ယမန်နှစ်က မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေးအတွက် နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ချိန်တွင် အဆိုပါ ပစ်စင်ကို တစ်စိတ်တစ်ပိုင်း ဖျက်ဆီးလိုက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ယခုနှစ်ကုန်မတိုင်မီ အမေရိကန်က ပိတ်ဆို့အရေးယူမှုများကို သိသိသာသာဖြေလျော့ မပေးပါက နည်းလမ်းသစ်များကို ရှာဖွေလုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယားက သတိပေးပြောကြားထားသလို နှစ်နိုင်ငံ ဆွေးနွေး မှုပြုလုပ်မည့် အလားအလာများဟာလည်း မှေးမှိန်နေပါတယ်။

မိမိတို့၏ နျူကလီးယားနှင့် တာဝေးပစ်လက်နက်များ စမ်းသပ်ခြင်း၊ မစမ်းသပ်ခြင်းမှာ အမေရိကန်အပေါ်တွင် မူတည်နေကြောင်း မြောက်ကိုရီးယား က ထုတ်ပြန်ထားပါတယ်။ထရမ့်က သူ၏ တွစ်တာတွင် “ကင်ဂျုံအွန်းက လူတော်တစ်ယောက်ပါ။ ပြီးစလွယ်တော့ မလုပ်ပါဘူး။ နျူကလီးယားဖျက်သိမ်းရေး သဘောတူစာချုပ်ကို ကျွန်တော်နဲ့ စင်ကာပူမှာ သူ လက်မှက် ရေးထိုးခဲ့တာပါ။ အမေရိကန်သမ္မတနဲ့ အထူး ဆက်ဆံရေး ကိုလည်း သူထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး” ဟု ရေးသားခဲ့ပါတယ်။

ထရမ့်အစိုးရမှ အကြီးတန်းအရာရှိတစ်ဦးက “စမ်းသပ်မှုနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကျွန်တော်တို့ တွေ့ရပါတယ်။ မဟာမိတ်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အနီးကပ် ညှိနှိုင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” NBC News Sunday အစီအစဉ်ကို ပြောကြားခဲ့ပါတယ်။သမ္မတဒေါ်နယ်ထရမ့်နှင့် တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းတို့အကြား မြောက်ကိုရီးယားနှင့် ဆက်စပ်သည့် နောက်ဆုံးအခြေအနေများကို ဒီဇင်ဘာ ၇ ရက်က ဆွေးနွေးခဲ့ပြီး ယင်းကိစ္စရပ်အား နှစ်နိုင်ငံခေါင်းဆောင်များ အကြား ဆက်လက် ပူး ပေါင်းဆောင်ရွက်သွားရန် သဘောတူကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။

သမ္မတထရမ့်၏ တောင်းဆိုမှုကြောင့် နှစ်နိုင်ငံခေါင်းဆောင်များ မိနစ် ၃၀ ခန့် ဖုန်းပြောဆိုခဲ့ကြကြောင်း သမ္မတမွန်ဂျေအင်း၏ ရုံးမှလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီဇင်ဘာ ၇ ရက်က ဆိုဟေးဂြိုလ်တုပစ်လွှတ်စင်တွင် ပြုလုပ်ခဲ့သည့် စမ်းသပ်မှုသည် မြောက်ကိုရီးယား၏ မဟာဗျူဟာ အနေအထားကို မကြာမီကာလအတွင်း အသစ်တစ်ဖန် ပြောင်းလဲလာစေနေကြောင်း  မြောက်ကိုရီးယားနိုင်ငံတော် ကာကွယ်ရေးသိပ္ပံသင်တန်း အမည်မဖော်ထားသည့်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း Korean Central News Agency သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Linko
Ref:AP
ဝါရှင်တန်၊ ဒီဇင်ဘာ ၉

(  Zawgyi  )

 ယခုသီတင္းပတ္ကုန္တြင္ ေျမာက္ကိုရီးယားက ၎၏ တာေဝးပစ္ ဒုံးက်ည္ပစ္စင္တြင္ အေရးႀကီးသည့္ စမ္းသပ္မႈတစ္ခုကို ၿပီးလုပ္ လိုက္ေသာေၾကာင့္ ေခါင္းေဆာင္ကင္ဂ်ဳံအြန္းအေနျဖင့္ အေမရိကန္ႏွင့္ အထူးဆက္ ဆံေရးကို မဖ်က္ဆီးရန္ သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာၾကားလိုက္ပါတယ္။

ယမန္ႏွစ္က ေျမာက္ကိုရီးယား၏ န်ဴကလီးယားဖ်က္သိမ္းေရးအတြက္ ႏွစ္ႏိုင္ငံေဆြးေႏြးပြဲ ျပဳလုပ္ခ်ိန္တြင္ အဆိုပါ ပစ္စင္ကို တစ္စိတ္တစ္ပိုင္း ဖ်က္ဆီးလိုက္ေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ပါတယ္။ ယခုႏွစ္ကုန္မတိုင္မီ အေမရိကန္က ပိတ္ဆို႔အေရးယူမႈမ်ားကို သိသိသာသာေျဖေလ်ာ့ မေပးပါက နည္းလမ္းသစ္မ်ားကို ရွာေဖြလုပ္ေဆာင္သြားမည္ဟု ေျမာက္ကိုရီးယားက သတိေပးေျပာၾကားထားသလို ႏွစ္ႏိုင္ငံ ေဆြးေႏြး မႈျပဳလုပ္မည့္ အလားအလာမ်ားဟာလည္း ေမွးမွိန္ေနပါတယ္။

မိမိတို႔၏ န်ဴကလီးယားႏွင့္ တာေဝးပစ္လက္နက္မ်ား စမ္းသပ္ျခင္း၊ မစမ္းသပ္ျခင္းမွာ အေမရိကန္အေပၚတြင္ မူတည္ေနေၾကာင္း ေျမာက္ကိုရီးယား က ထုတ္ျပန္ထားပါတယ္။ထရမ့္က သူ၏ တြစ္တာတြင္ “ကင္ဂ်ဳံအြန္းက လူေတာ္တစ္ေယာက္ပါ။ ၿပီးစလြယ္ေတာ့ မလုပ္ပါဘူး။ န်ဴကလီးယားဖ်က္သိမ္းေရး သေဘာတူစာခ်ဳပ္ကို ကြၽန္ေတာ္နဲ႔ စင္ကာပူမွာ သူ လက္မွက္ ေရးထိုးခဲ့တာပါ။ အေမရိကန္သမၼတနဲ႔ အထူး ဆက္ဆံေရး ကိုလည္း သူထိခိုက္ေအာင္ လုပ္မွာ မဟုတ္ပါဘူး” ဟု ေရးသားခဲ့ပါတယ္။

ထရမ့္အစိုးရမွ အႀကီးတန္းအရာရွိတစ္ဦးက “စမ္းသပ္မႈနဲ႔ ပတ္သက္တဲ့ သတင္းေတြကို ကြၽန္ေတာ္တို႔ ေတြ႕ရပါတယ္။ မဟာမိတ္ေတြ၊ မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ အနီးကပ္ ညႇိႏႈိင္းလုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္” NBC News Sunday အစီအစဥ္ကို ေျပာၾကားခဲ့ပါတယ္။သမၼတေဒၚနယ္ထရမ့္ႏွင့္ ေတာင္ကိုရီးယားသမၼတမြန္ေဂ်အင္းတို႔အၾကား ေျမာက္ကိုရီးယားႏွင့္ ဆက္စပ္သည့္ ေနာက္ဆုံးအေျခအေနမ်ားကို ဒီဇင္ဘာ ၇ ရက္က ေဆြးေႏြးခဲ့ၿပီး ယင္းကိစၥရပ္အား ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ား အၾကား ဆက္လက္ ပူး ေပါင္းေဆာင္႐ြက္သြားရန္ သေဘာတူေၾကာင္း အိမ္ျဖဴေတာ္၏ ထုတ္ျပန္ခ်က္တစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

သမၼတထရမ့္၏ ေတာင္းဆိုမႈေၾကာင့္ ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ား မိနစ္ ၃၀ ခန႔္ ဖုန္းေျပာဆိုခဲ့ၾကေၾကာင္း သမၼတမြန္ေဂ်အင္း၏ ႐ုံးမွလည္း ထုတ္ျပန္ခဲ့ပါတယ္။ ဒီဇင္ဘာ ၇ ရက္က ဆိုေဟးၿဂိဳလ္တုပစ္လႊတ္စင္တြင္ ျပဳလုပ္ခဲ့သည့္ စမ္းသပ္မႈသည္ ေျမာက္ကိုရီးယား၏ မဟာဗ်ဴဟာ အေနအထားကို မၾကာမီကာလအတြင္း အသစ္တစ္ဖန္ ေျပာင္းလဲလာေစေနေၾကာင္း  ေျမာက္ကိုရီးယားႏိုင္ငံေတာ္ ကာကြယ္ေရးသိပၸံသင္တန္း အမည္မေဖာ္ထားသည့္တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ေၾကာင္း Korean Central News Agency သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

Linko
Ref:AP
ဝါရွင္တန္၊ ဒီဇင္ဘာ ၉