မြန်မာနိုင်ငံအပေါ် ကြားဖြတ်အစီအမံများချမှတ်ဖို့ ဂမ်ဘီယာလျှောက်လဲချက် အိုင်စီဂျေ သဘောတူ

မြန်မာနိုင်ငံအပေါ် ကြားဖြတ်အစီအမံများချမှတ်ဖို့ ဂမ်ဘီယာလျှောက်လဲချက် အိုင်စီဂျေ သဘောတူ

လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့ဆိုတဲ့အချက်တွေအပါအဝင် ကြားဖြတ်အစီအမံဆောင်ရွက်ချက်တွေကို ချမှတ်ပေးဖို့ဆိုပြီး တောင်းဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်လဲချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) က ဇန်နဝါရီ ၂၃ ရက်နေ့မှာ သဘောတူ လိုက်ပါတယ်။

ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီ(ရိုဟင်ဂျာ) တွေကို မြန်မာအစိုးရအနေနဲ့ ကာကွယ်ပေးရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေး ရမယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါအပြင် လေးလပြည့်တိုင်း တရားရုံးကို အစီရင်ခံစာပေးရမှာဖြစ်သလို ခြောက်လပြည့်တိုင်း မှာလည်း အစီရင်ခံစာ ပေးရမယ်လို့ အိုင်စီဂျေက ဆုံးဖြတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂလီအရေးမှာ လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂစာချုပ် ကို  ချိုးဖောက်တယ်ဆိုပြီး အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ် အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(OIC) အဖွဲ့ဝင်လည်းဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုထားတာပါ။

အိုင်စီဂျေမှာ စွဲဆိုထားတဲ့အမှုကို မပြီးဆုံးခင် ကြားဖြတ်စီမံချက်တွေ ဆောင်ရွက်ပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုခဲ့တာကို ICJ က သဘောတူ လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မြန်မာဟာ ဂမ်ဘီယာနိုင်ငံက တောင်းဆိုတဲ့ အချက်တွေကို လိုက်လျော ရမှာပါ။

ဂမ်ဘီယာက ကြားဖြတ်စီမံချက် အချက် ၆ ချက်ကို တောင်းဆိုထားတာဖြစ်ပြီး ဒီအထဲမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ် မှုလို့ ယူဆနိုင်တဲ့၊ ဂျီနိုဆိုက်ကို ဦးတည်သွားစေနိုင်တဲ့ အရာအားလုံးကို မြန်မာ အစိုးရက ရပ်တန့်ပေးဖို့ ၊ မြန်မာစစ်တပ်၊ ပြည်သူ့စစ် နဲ့ တခြား လက်နက်ကိုင်တပ်ဖွဲ့တွေက ဂျီနိုဆိုက်ကို ထပ်မကျူးလွန်ဖို့၊ မြန်မာက သက်သေအထောက်အထားတွေ ကို မဖျက်ဆီးဖို့၊ အခြေအနေကို ပိုဆိုးစေမယ့်ကိစ္စတွေမလုပ်ဖို့၊ ကြားဖြတ်စီမံချက်တွေကို ချမှတ်ခဲ့လို့ရှိရင် လေးလအတွင်း နှစ်ဖက်လုံးက လုပ်ဆောင် ချက်တွေ ကို အစီရင်ခံ စာတင်ပြဖို့ နဲ့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့အားလုံး Fact-finding bodies နဲ့ တခြားကုလ အဖွဲ့အစည်းတွေအားလုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့ အချက်တွေကို တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာဘက်ကတော့ ဂမ်ဘီယာက အိုင်စီဂျေမှာ စွဲဆိုထားတဲ့ အမှု စာရင်းကနေ လုံးဝပယ်ဖျက်ဖို့ နဲ့ အမှုကို မပယ်ဖျက်ပေးနိုင်ရင် ဂမ်ဘီယာ ဘက်က တောင်းဆိုထားတဲ့ ကြားဖြတ်စီမံချက်တွေဆောင်ရွက်ဖို့အမိန့်ကို မထုတ်ဖို့ တောင်းဆိုခဲ့တာပါ။ဒါပေမယ့် မြန်မာရဲ့ တောင်းဆိုချက်တွေကို အိုင်စီဂျေက လျစ်လျူရှုခဲ့ပြီး ကြားဖြတ်အစီအမံချထားပေးဖို့ဆိုတဲ့ ဂမ်ဘီယာရဲ့ လျှောက်လဲချက်ကို  တရားရုံးက သဘောတူလိုက်ပါတယ်။

ဇေယျာမော်
ရန်ကုန် ၊ ဇန်နဝါရီ ၂၃
ဓါတ်ပုံ- အိုင်စီဂျေ

(  Zawgyi  )

 လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြကို ရပ္တန႔္ဖို႔ဆိုတဲ့အခ်က္ေတြအပါအဝင္ ၾကားျဖတ္အစီအမံေဆာင္႐ြက္ခ်က္ေတြကို ခ်မွတ္ေပးဖို႔ဆိုၿပီး ေတာင္းဆိုထားတဲ့ ဂမ္ဘီယာႏိုင္ငံရဲ႕ ေလွ်ာက္လဲခ်က္ကို အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ) က ဇန္နဝါရီ ၂၃ ရက္ေန႔မွာ သေဘာတူ လိုက္ပါတယ္။

ရခိုင္ေျမာက္ပိုင္းက ဘဂၤါလီ(႐ိုဟင္ဂ်ာ) ေတြကို ျမန္မာအစိုးရအေနနဲ႔ ကာကြယ္ေပးရမည္ျဖစ္ၿပီး ျပစ္မႈက်ဴးလြန္သူေတြကို အျပစ္ေပး ရမယ္လို႔ တရား႐ုံးက ဆုံးျဖတ္ခဲ့ပါတယ္။ ဒါအျပင္ ေလးလျပည့္တိုင္း တရား႐ုံးကို အစီရင္ခံစာေပးရမွာျဖစ္သလို ေျခာက္လျပည့္တိုင္း မွာလည္း အစီရင္ခံစာ ေပးရမယ္လို႔ အိုင္စီေဂ်က ဆုံးျဖတ္ခဲ့ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ဘဂၤလီအေရးမွာ လူမ်ိဳးတုံး သတ္ျဖတ္မႈ တားဆီးေရးနဲ႔ အျပစ္ေပးေရးဆိုင္ရာ ကုလသမဂၢစာခ်ဳပ္ ကို  ခ်ိဳးေဖာက္တယ္ဆိုၿပီး အေနာက္အာဖရိကႏိုင္ငံတစ္ႏိုင္ငံျဖစ္ အစၥလာမ္မစ္ပူးေပါင္း ေဆာင္႐ြက္ေရးအဖြဲ႕(OIC) အဖြဲ႕ဝင္လည္းျဖစ္တဲ့ ဂမ္ဘီယာႏိုင္ငံက ျမန္မာကို တရားစြဲဆိုထားတာပါ။

အိုင္စီေဂ်မွာ စြဲဆိုထားတဲ့အမႈကို မၿပီးဆုံးခင္ ၾကားျဖတ္စီမံခ်က္ေတြ ေဆာင္႐ြက္ေပးဖို႔ ဂမ္ဘီယာႏိုင္ငံက ေတာင္းဆိုခဲ့တာကို ICJ က သေဘာတူ လက္ခံခဲ့တာလည္း ျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ ျမန္မာဟာ ဂမ္ဘီယာႏိုင္ငံက ေတာင္းဆိုတဲ့ အခ်က္ေတြကို လိုက္ေလ်ာ ရမွာပါ။

ဂမ္ဘီယာက ၾကားျဖတ္စီမံခ်က္ အခ်က္ ၆ ခ်က္ကို ေတာင္းဆိုထားတာျဖစ္ၿပီး ဒီအထဲမွာ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္ မႈလို႔ ယူဆႏိုင္တဲ့၊ ဂ်ီႏိုဆိုက္ကို ဦးတည္သြားေစႏိုင္တဲ့ အရာအားလုံးကို ျမန္မာ အစိုးရက ရပ္တန႔္ေပးဖို႔ ၊ ျမန္မာစစ္တပ္၊ ျပည္သူ႔စစ္ နဲ႔ တျခား လက္နက္ကိုင္တပ္ဖြဲ႕ေတြက ဂ်ီႏိုဆိုက္ကို ထပ္မက်ဴးလြန္ဖို႔၊ ျမန္မာက သက္ေသအေထာက္အထားေတြ ကို မဖ်က္ဆီးဖို႔၊ အေျခအေနကို ပိုဆိုးေစမယ့္ကိစၥေတြမလုပ္ဖို႔၊ ၾကားျဖတ္စီမံခ်က္ေတြကို ခ်မွတ္ခဲ့လို႔ရွိရင္ ေလးလအတြင္း ႏွစ္ဖက္လုံးက လုပ္ေဆာင္ ခ်က္ေတြ ကို အစီရင္ခံ စာတင္ျပဖို႔ နဲ႔ ကုလသမဂၢရဲ႕ အခ်က္အလက္ရွာေဖြေရးအဖြဲ႕အားလုံး Fact-finding bodies နဲ႔ တျခားကုလ အဖြဲ႕အစည္းေတြအားလုံးရဲ႕ စုံစမ္းစစ္ေဆးမႈေတြမွာ ပူးေပါင္းေဆာင္႐ြက္ဖို႔ စတဲ့ အခ်က္ေတြကို ေတာင္းဆိုခဲ့တာလည္း ျဖစ္ပါတယ္။

ျမန္မာဘက္ကေတာ့ ဂမ္ဘီယာက အိုင္စီေဂ်မွာ စြဲဆိုထားတဲ့ အမႈ စာရင္းကေန လုံးဝပယ္ဖ်က္ဖို႔ နဲ႔ အမႈကို မပယ္ဖ်က္ေပးႏိုင္ရင္ ဂမ္ဘီယာ ဘက္က ေတာင္းဆိုထားတဲ့ ၾကားျဖတ္စီမံခ်က္ေတြေဆာင္႐ြက္ဖို႔အမိန႔္ကို မထုတ္ဖို႔ ေတာင္းဆိုခဲ့တာပါ။ဒါေပမယ့္ ျမန္မာရဲ႕ ေတာင္းဆိုခ်က္ေတြကို အိုင္စီေဂ်က လ်စ္လ်ဴရႈခဲ့ၿပီး ၾကားျဖတ္အစီအမံခ်ထားေပးဖို႔ဆိုတဲ့ ဂမ္ဘီယာရဲ႕ ေလွ်ာက္လဲခ်က္ကို  တရား႐ုံးက သေဘာတူလိုက္ပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္ ၊ ဇန္နဝါရီ ၂၃
ဓါတ္ပုံ- အိုင္စီေဂ်