မူးယစ်ရာဇာ၏ သားကို ပြန်လွှတ်ပေးလိုက်ရပြီးနောက် မက္ကဆီကိုက အထူးတပ်ဖွဲ့များကို ကင်းလှည့်ရန် စေလွှတ်

မူးယစ်ရာဇာ၏ သားကို ပြန်လွှတ်ပေးလိုက်ရပြီးနောက် မက္ကဆီကိုက အထူးတပ်ဖွဲ့များကို ကင်းလှည့်ရန် စေလွှတ်

မက္ကဆီကို နိုင်ငံမှ မူးယစ်ရာဇာတစ်ဦးဖြစ်သူ အယ်လ်ချက်ပို ဂက်ဇ်မင်း၏ သားအား ပြန်လွှတ်ပေးလိုက်ရပြီးနောက် နိုင်ငံမြောက်ပိုင်း ကျူလီယာကန်မြို့တွင် ကင်းလှည့်ရန် အထူးတပ်ဖွဲ့ ၄၀၀ ကို စေလွှတ်ထားပါတယ်။ အိုဗီဒီယို ဂက်ဇ်မင်းအား လုံခြုံရေးတပ်ဖွဲ့များက အစပိုင်း တွင် ဖမ်းဆီးနိုင်ခဲ့သော်လည်း အောက်တိုဘာ ၁၇ ရက်တွင် ၎င်းတို့၏ ဆီနာလိုအာ ဂိုဏ်းသားများက လက်နက်အလုံးအရင်းဖြင့်  လာရောက် တိုက်ခိုက်သော ကြောင့် လူ ၈ ဦးသေဆုံးခဲ့ပြီး ၎င်းကို ပြန်လွှတ်ပေးခဲ့ရပါတယ်။

စစ်ဆင်ရေးကို သေချာစွာ ပြင်ဆင်ခဲ့ခြင်းမရှိကြောင်း မက္ကဆီကို ကာကွယ်ရေးဝန်ကြီး က ဝန်ခံသွားသော်လည်း ရှေ့နေချုပ် အလီဂျန်ဒရိုဂါ့ဇ်က ယခုဖြစ်စဉ်တွင် ပါဝင်သူအားလုံးကို စုံစမ်းစစ်ဆေးသွားမည်ဟု အောက်တိုဘာ ၂၁ ရက်က ပြောကြားလိုက်ပါတယ်။“ဒါဟာ အစိုးရ ဝန်ထမ်း တစ်ယောက်၊ ဒုစရိုက်သမားတစ်ယောက်တည်းနဲ့ သက်ဆိုင်တာမဟုတ်ပါဘူး။ ဘယ်လို ရာဇဝတ်မှုမျိုးကို ကျူးလွန်ခဲ့ကြတယ်ဆိုတာသိဖို့ အချက်အလက်အားလုံးကို စစ်ဆေးသွားပြီး ဘယ်သူ့ကိုမှ ခြွင်းချက်မထားဘဲ တရားစွဲဆိုသွားပါ မယ်” ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါတယ်။

အိုဗီဒီယို ဂက်ဇ်မင်းအား လွှတ်ပေးလိုက်ခြင်းအပေါ် သမ္မတအင်ဒရက်စ်မန်နျူရယ်လိုပက်ဇ်အိုဘရာက ထောက်ခံ ထားပြီး ထိုသို့ မလုပ်ပါက လူအများအပြားသေဆုံးမည်ဟု ပြောကြားပါတယ်။“လူသားတွေဖြစ်တဲ့ ဒုစရိုက်သမားတွေသာမက ကျွန်တော်တို့ ကာကွယ်ပေးရမယ့် စစ်သားတွေရော အရပ်သား တွေပါ သေဆုံးပါလိမ့်မယ်” ဟု သမ္မတက ပြောပါတယ်။ အိုဗီဒီယို ဂက်ဇ်မင်းအား ကယ်ထုတ်ရာတွင် ဒုစရိုက် ဂိုဏ်းသား များက လမ်းများကို ပိတ်ဆိုကာ ကုန်တင်ကားများ ကို မီးရှို့ခြင်း၊ စစ်ဘက်သုံး လက်နက်များကို အသုံးပြုခြင်းတို့ လုပ်ဆောင်ခဲ့ကြ ပါတယ်။

တိုက်ခိုက်မှုများအပြီးတွင် အစိုးရတပ်များက စက်သေနတ်တစ်လက်၊ လက်ပစ်ဗုံး ၇ လုံး၊ တိုက်ပွဲဝင် ရိုင်ဖယ် ၈ လက်နှင့် ယာဉ် အစီး ၂၀ တို့ကို သိမ်းဆည်းခဲ့ပါတယ်။နယ်စပ်များမှ တစ်ဆင့် တရားမဝင်ရောက်ရှိလာသည့် လက်နက်များကို ထိန်းချုပ်ရန် မက္ကဆီကိုနှင့် အမေရိကန်အရာရှိ များက အောက်တိုဘာ ၂၁ ရက်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ကျူလီယာကန် တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်နက်အများစုသည် အမေရိကန် လုပ်လက်နက်များဖြစ်ကြောင်း မက္ကဆီကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မူးယစ်ရာဇာ အယ်လ်ချာပိုဂက်ဇ်မင်းသည် တန်ပေါင်း ရာနှင့်ချီသည့် မူးယစ်ဆေးများကို ခိုးသွင်းမှုဖြင့် အမေရိကန် တွင် ထောက်ဒဏ် တစ်သက် တစ်ကျွန်း ကျခံနေရပြီး ယခုလွတ်မြောက်သွားသည့် အသက် ၂၈ နှစ်အရွယ် အိုဗီဒီယိုဂက်ဇ်မင်းသည် အယ်လ်ချာပို၏ ၁၀ ဦးထက်မနည်းသည့် သားများအနက်မှ တစ်ယောက်ဖြစ်ပါတယ်။

Linko
Ref:dw.com
မက္ကဆီကို စီးတီး၊ အောက်တိုဘာ ၂၂

(  Zawgyi  )

 မကၠဆီကို ႏိုင္ငံမွ မူးယစ္ရာဇာတစ္ဦးျဖစ္သူ အယ္လ္ခ်က္ပို ဂက္ဇ္မင္း၏ သားအား ျပန္လႊတ္ေပးလိုက္ရၿပီးေနာက္ ႏိုင္ငံေျမာက္ပိုင္း က်ဴလီယာကန္ၿမိဳ႕တြင္ ကင္းလွည့္ရန္ အထူးတပ္ဖြဲ႕ ၄၀၀ ကို ေစလႊတ္ထားပါတယ္။ အိုဗီဒီယို ဂက္ဇ္မင္းအား လုံၿခဳံေရးတပ္ဖြဲ႕မ်ားက အစပိုင္း တြင္ ဖမ္းဆီးႏိုင္ခဲ့ေသာ္လည္း ေအာက္တိုဘာ ၁၇ ရက္တြင္ ၎တို႔၏ ဆီနာလိုအာ ဂိုဏ္းသားမ်ားက လက္နက္အလုံးအရင္းျဖင့္  လာေရာက္ တိုက္ခိုက္ေသာ ေၾကာင့္ လူ ၈ ဦးေသဆုံးခဲ့ၿပီး ၎ကို ျပန္လႊတ္ေပးခဲ့ရပါတယ္။

စစ္ဆင္ေရးကို ေသခ်ာစြာ ျပင္ဆင္ခဲ့ျခင္းမရွိေၾကာင္း မကၠဆီကို ကာကြယ္ေရးဝန္ႀကီး က ဝန္ခံသြားေသာ္လည္း ေရွ႕ေနခ်ဳပ္ အလီဂ်န္ဒ႐ိုဂါ့ဇ္က ယခုျဖစ္စဥ္တြင္ ပါဝင္သူအားလုံးကို စုံစမ္းစစ္ေဆးသြားမည္ဟု ေအာက္တိုဘာ ၂၁ ရက္က ေျပာၾကားလိုက္ပါတယ္။“ဒါဟာ အစိုးရ ဝန္ထမ္း တစ္ေယာက္၊ ဒုစ႐ိုက္သမားတစ္ေယာက္တည္းနဲ႔ သက္ဆိုင္တာမဟုတ္ပါဘူး။ ဘယ္လို ရာဇဝတ္မႈမ်ိဳးကို က်ဴးလြန္ခဲ့ၾကတယ္ဆိုတာသိဖို႔ အခ်က္အလက္အားလုံးကို စစ္ေဆးသြားၿပီး ဘယ္သူ႔ကိုမွ ႁခြင္းခ်က္မထားဘဲ တရားစြဲဆိုသြားပါ မယ္” ဟု သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ေျပာၾကားခဲ့ပါတယ္။

အိုဗီဒီယို ဂက္ဇ္မင္းအား လႊတ္ေပးလိုက္ျခင္းအေပၚ သမၼတအင္ဒရက္စ္မန္န်ဴရယ္လိုပက္ဇ္အိုဘရာက ေထာက္ခံ ထားၿပီး ထိုသို႔ မလုပ္ပါက လူအမ်ားအျပားေသဆုံးမည္ဟု ေျပာၾကားပါတယ္။“လူသားေတြျဖစ္တဲ့ ဒုစ႐ိုက္သမားေတြသာမက ကြၽန္ေတာ္တို႔ ကာကြယ္ေပးရမယ့္ စစ္သားေတြေရာ အရပ္သား ေတြပါ ေသဆုံးပါလိမ့္မယ္” ဟု သမၼတက ေျပာပါတယ္။ အိုဗီဒီယို ဂက္ဇ္မင္းအား ကယ္ထုတ္ရာတြင္ ဒုစ႐ိုက္ ဂိုဏ္းသား မ်ားက လမ္းမ်ားကို ပိတ္ဆိုကာ ကုန္တင္ကားမ်ား ကို မီးရႈိ႕ျခင္း၊ စစ္ဘက္သုံး လက္နက္မ်ားကို အသုံးျပဳျခင္းတို႔ လုပ္ေဆာင္ခဲ့ၾက ပါတယ္။

တိုက္ခိုက္မႈမ်ားအၿပီးတြင္ အစိုးရတပ္မ်ားက စက္ေသနတ္တစ္လက္၊ လက္ပစ္ဗုံး ၇ လုံး၊ တိုက္ပြဲဝင္ ႐ိုင္ဖယ္ ၈ လက္ႏွင့္ ယာဥ္ အစီး ၂၀ တို႔ကို သိမ္းဆည္းခဲ့ပါတယ္။နယ္စပ္မ်ားမွ တစ္ဆင့္ တရားမဝင္ေရာက္ရွိလာသည့္ လက္နက္မ်ားကို ထိန္းခ်ဳပ္ရန္ မကၠဆီကိုႏွင့္ အေမရိကန္အရာရွိ မ်ားက ေအာက္တိုဘာ ၂၁ ရက္မွာ ေတြ႕ဆုံခဲ့ၾကပါတယ္။ က်ဴလီယာကန္ တိုက္ခိုက္မႈတြင္ အသုံးျပဳခဲ့သည့္ လက္နက္အမ်ားစုသည္ အေမရိကန္ လုပ္လက္နက္မ်ားျဖစ္ေၾကာင္း မကၠဆီကို ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

မူးယစ္ရာဇာ အယ္လ္ခ်ာပိုဂက္ဇ္မင္းသည္ တန္ေပါင္း ရာႏွင့္ခ်ီသည့္ မူးယစ္ေဆးမ်ားကို ခိုးသြင္းမႈျဖင့္ အေမရိကန္ တြင္ ေထာက္ဒဏ္ တစ္သက္ တစ္ကြၽန္း က်ခံေနရၿပီး ယခုလြတ္ေျမာက္သြားသည့္ အသက္ ၂၈ ႏွစ္အ႐ြယ္ အိုဗီဒီယိုဂက္ဇ္မင္းသည္ အယ္လ္ခ်ာပို၏ ၁၀ ဦးထက္မနည္းသည့္ သားမ်ားအနက္မွ တစ္ေယာက္ျဖစ္ပါတယ္။

Linko
Ref:dw.com
မကၠဆီကို စီးတီး၊ ေအာက္တိုဘာ ၂၂