မာလီကောင်းကင်ယံ ရဟတ်ယာဉ်နှစ်စင်းဝင်တိုက်သဖြင့် ပြင်သစ်စစ်သား ၁၃ ဦး သေဆုံး

မာလီကောင်းကင်ယံ ရဟတ်ယာဉ်နှစ်စင်းဝင်တိုက်သဖြင့် ပြင်သစ်စစ်သား ၁၃ ဦး သေဆုံး

မာလီတွင် အိုင်အက်စ်အုပ်စုကို တိုက်ခိုက်ရေးဆင်နွဲနေသည့် ပြင်သစ်တပ်ဖွဲ့ဝင် ၁၃ ဦး မာလီကောင်း ကင်ယံ လမဲ့ညအချိန်ကာလ ရဟတ်ယာဉ်နှစ်စင်းတိုက်မိသည့်ဖြစ်စဉ်တွင် သေဆုံးခဲ့တယ်လို့ ပြင်သစ်အာဏာပိုင် တွေက အင်္ဂါနေ့က ပြောခဲ့ပါတယ်။

ထိုပြင်သစ်တပ်ဖွဲ့ဝင်သေဆုံးမှုပမာဏမှာ ဆယ်စုနှစ် လေးခုအတွင်း ပြင်သစ် တပ်ဖွဲဝင် အများဆုံးသေဆုံးခဲ့ခြင်းလည်း ဖြစ်တယ်ဆိုပါတယ်။ထိုသေဆုံးမှုက ပြင်သစ်နှင့်ဒေသတွင်းနိုင်ငံများအတွက် နိုင်ငံတကာ အစွန်းရောက်တိုက်ခိုက် ရေးသမား များကို တိုက်ခိုက်ရာတွင် သတိထား စရာ ဖြစ်လာခဲ့ပါတယ်။ယခုလအတွင်း အာဖရိကရှိ ခြောက်သွေ့ ဆာဟာ ဒေသအတွင်းဖြစ်ခဲ့သည့် တိုက်ခိုက်မှုတွင် အိုင်အက်စ်အုပ်စုနှင့် ဆက်နွယ်သည့် အစွန်းရောက်တိုက်ခိုက်ရေးသ မားများက ဒေသတွင်းနိုင်ငံများမှ စစ်ယာဉ်တန်းများကို ခြုံခိုတိုက်ခိုက်သတ်ဖြတ်ခဲ့သလို ကနေဒီယံသတ္တူကုမ္ပဏီ ယာဉ်တန်းကို တိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး ၃၈ ဦးသေဆုံးခဲ့ပါတယ်။

တနင်္လာနေ့ ရဟတ်ယာဉ်ချင်းတိုက်မိပျက်ကျမှုအပြီးတွင် ပြင်သစ်သမ္မတမက်ကရွန်က “ အလွန်ဝမ်းနည်းကြောင်း”ဖော်ပြခဲ့ကာ ပြင်သစ်စစ်တပ် အတွက် ၁၉၈၃ ခုနှစ်က လက်ဘနွန်တွင် ဖြစ်ခဲ့သည့် ထရပ်ကားဗုံးပေါက်ကွဲမှုအတွင်း ပြင်သစ်လေထီးစစ်သား ၅၈ သေဆုံးခဲ့ရသည့် ဖြစ်ရပ်အပြီး အမြင့်ဆုံး သေဆုံးမှုအရေအတွက် ဖြစ်တယ်ဆိုပါတယ်။

စစ်တပ်ထုတ်ပြန်မှုမှာတော့ နိုင်ဂျီးရီးယားနယ်စပ်အနီး မာလီနယ်မြေ လပ်ပ်တပ်ကိုမှာ ပြင်သစ်ကွန်မန်ဒိုများက အစွန်းရောက် အကြမ်းဖက် သမားများကို လိုက်လံချေမှုန်းစဉ် ရဟတ်ယာဉ်နှစ်စင်းက လိုက်လံကူညီပေးနေတာဖြစ်ပြီး တိုက်မိတဲ့ အချိန်မှာ ရဟတ်ယာဉ်နှစ်စင်းမှာ အလွန်နိမ့်တဲ့ အမြင့်ကနေ ပျံသန်းနေကြတာလို့ ဆိုပါတယ်။ ယခုတိုက်ခိုက်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်ရစ်သူတစ်ဦးမှ မရှိဘူးလို့ဆို ပါတယ်။

၂၀၁၃ခုနှစ်ကစသည့်အဆိုပါစစ်ဆင်ရေးအတွင်း ပြင်သစ်စစ်သား ၄၄ ဦးအနည်းဆုံးသေဆုံးခဲ့ပြီး ပြင်သစ်နိုင်ငံအတွင်းရှိ ပြည်သူများကြား အဆိုပါ ကိစ္စမှာ အခြေအတင်ငြင်းခုံစရာ ဖြစ်နေခဲ့ပါတယ်။

Linko
Ref: ocregister.com
ဘန်မကို၊ နိုဝင်ဘာ ၂၇

(  Zawgyi  )

 မာလီတြင္ အိုင္အက္စ္အုပ္စုကို တိုက္ခိုက္ေရးဆင္ႏြဲေနသည့္ ျပင္သစ္တပ္ဖြဲ႕ဝင္ ၁၃ ဦး မာလီေကာင္း ကင္ယံ လမဲ့ညအခ်ိန္ကာလ ရဟတ္ယာဥ္ႏွစ္စင္းတိုက္မိသည့္ျဖစ္စဥ္တြင္ ေသဆုံးခဲ့တယ္လို႔ ျပင္သစ္အာဏာပိုင္ ေတြက အဂၤါေန႔က ေျပာခဲ့ပါတယ္။

ထိုျပင္သစ္တပ္ဖြဲ႕ဝင္ေသဆုံးမႈပမာဏမွာ ဆယ္စုႏွစ္ ေလးခုအတြင္း ျပင္သစ္ တပ္ဖြဲဝင္ အမ်ားဆုံးေသဆုံးခဲ့ျခင္းလည္း ျဖစ္တယ္ဆိုပါတယ္။ထိုေသဆုံးမႈက ျပင္သစ္ႏွင့္ေဒသတြင္းႏိုင္ငံမ်ားအတြက္ ႏိုင္ငံတကာ အစြန္းေရာက္တိုက္ခိုက္ ေရးသမား မ်ားကို တိုက္ခိုက္ရာတြင္ သတိထား စရာ ျဖစ္လာခဲ့ပါတယ္။ယခုလအတြင္း အာဖရိကရွိ ေျခာက္ေသြ႕ ဆာဟာ ေဒသအတြင္းျဖစ္ခဲ့သည့္ တိုက္ခိုက္မႈတြင္ အိုင္အက္စ္အုပ္စုႏွင့္ ဆက္ႏြယ္သည့္ အစြန္းေရာက္တိုက္ခိုက္ေရးသ မားမ်ားက ေဒသတြင္းႏိုင္ငံမ်ားမွ စစ္ယာဥ္တန္းမ်ားကို ၿခဳံခိုတိုက္ခိုက္သတ္ျဖတ္ခဲ့သလို ကေနဒီယံသတၱဴကုမၸဏီ ယာဥ္တန္းကို တိုက္ခိုက္ခဲ့သျဖင့္ အနည္းဆုံး ၃၈ ဦးေသဆုံးခဲ့ပါတယ္။

တနလၤာေန႔ ရဟတ္ယာဥ္ခ်င္းတိုက္မိပ်က္က်မႈအၿပီးတြင္ ျပင္သစ္သမၼတမက္က႐ြန္က “ အလြန္ဝမ္းနည္းေၾကာင္း”ေဖာ္ျပခဲ့ကာ ျပင္သစ္စစ္တပ္ အတြက္ ၁၉၈၃ ခုႏွစ္က လက္ဘႏြန္တြင္ ျဖစ္ခဲ့သည့္ ထရပ္ကားဗုံးေပါက္ကြဲမႈအတြင္း ျပင္သစ္ေလထီးစစ္သား ၅၈ ေသဆုံးခဲ့ရသည့္ ျဖစ္ရပ္အၿပီး အျမင့္ဆုံး ေသဆုံးမႈအေရအတြက္ ျဖစ္တယ္ဆိုပါတယ္။

စစ္တပ္ထုတ္ျပန္မႈမွာေတာ့ ႏိုင္ဂ်ီးရီးယားနယ္စပ္အနီး မာလီနယ္ေျမ လပ္ပ္တပ္ကိုမွာ ျပင္သစ္ကြန္မန္ဒိုမ်ားက အစြန္းေရာက္ အၾကမ္းဖက္ သမားမ်ားကို လိုက္လံေခ်မႈန္းစဥ္ ရဟတ္ယာဥ္ႏွစ္စင္းက လိုက္လံကူညီေပးေနတာျဖစ္ၿပီး တိုက္မိတဲ့ အခ်ိန္မွာ ရဟတ္ယာဥ္ႏွစ္စင္းမွာ အလြန္နိမ့္တဲ့ အျမင့္ကေန ပ်ံသန္းေနၾကတာလို႔ ဆိုပါတယ္။ ယခုတိုက္ခိုက္ပ်က္က်မႈအတြင္း အသက္ရွင္က်န္ရစ္သူတစ္ဦးမွ မရွိဘူးလို႔ဆို ပါတယ္။

၂၀၁၃ခုႏွစ္ကစသည့္အဆိုပါစစ္ဆင္ေရးအတြင္း ျပင္သစ္စစ္သား ၄၄ ဦးအနည္းဆုံးေသဆုံးခဲ့ၿပီး ျပင္သစ္ႏိုင္ငံအတြင္းရွိ ျပည္သူမ်ားၾကား အဆိုပါ ကိစၥမွာ အေျခအတင္ျငင္းခုံစရာ ျဖစ္ေနခဲ့ပါတယ္။

Linko
Ref: ocregister.com
ဘန္မကို၊ ႏိုဝင္ဘာ ၂၇