မက္ကဆီကို မူးယစ်ဂိုဏ်းများကို အကြမ်းဖက်သမားများအဖြစ် ကြေညာမည်ဟု အမေရိကန်သမ္မတပြော

မက္ကဆီကို မူးယစ်ဂိုဏ်းများကို အကြမ်းဖက်သမားများအဖြစ် ကြေညာမည်ဟု အမေရိကန်သမ္မတပြော

မက္ကဆီကို မူးယစ်ဆေးဝါးဂိုဏ်းများသည် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများကို လုပ်ဆောင်နေသောကြောင့် ၎င်းတို့ကို အကြမ်းဖက်အဖွဲ့ များ အဖြစ် ကြေညာသွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ရာ ယင်းကိစ္စအား အမြန်ဆုံး ဆွေးနွေးရန် မက္ကဆီကို အစိုးရက တောင်းဆိုလိုက်ပါတယ်။

“အဲဒီကိစ္စနဲ့ ပတ်သက်လို့ ရက် ၉၀ လောက် ဆွေးနွေးလုပ်ဆောင်ခဲ့ပြီး အခုလို သတ်မှတ်လိုက်တာပါ။ ဒီလို သတ်မှတ်ရတာဟာလည်း မလွယ်ပါဘူး။ လုပ်ဖို့ လိုအပ်တာတွေ ဆက်လုပ်ရပါတော့မယ်” ဟု နိုဝင်ဘာ ၂၆ ရက်က ထုတ်လွှင့်ခဲ့သည့် ရုပ်သံအင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ယင်းသတင်းထွက်ပေါ်လာပြီး မကြာမီ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစ်ရပ်တွင် ဥပဒေကြောင်း အရ ဆောင်ရွက်နိုင်ရန်နှင့် လက်နက်နှင့် ငွေကြေးများ ဒုစရိုက်ဂိုဏ်းများသို့ ရောက်ရှိ နေခြင်းများအပေါ် နှစ်နိုင်ငံ အဆင့်မြင့် အရာရှိများ ဆွေးနွေးရန် ဖော်ပြထားပါတယ်။

“နှစ်နိုင်ငံစလုံးအတွက် အရေးကြီးတဲ့ ဒီကိစ္စကို မိမိတို့ နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပွန်ပဲယိုတို့ တွေ့ဆုံ ဆွေးနွေးသွားပါမယ်” ဟု မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဖွဲ့အစည်းတစ်ခုအား အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ပြီးနောက် အမေရိကန်ဥပဒေအရ နိုင်ငံတွင်းနေထိုင်သူများအနေဖြင့် ယင်းအဖွဲ့ကို ကူညီပံ့ပိုးခြင်းများ လုပ်ဆောင်ခွင့် မရှိသလို အဖွဲ့ဝင်များအနေဖြင့် လည်း အမေရိကန်နိုင်ငံတွင်းသို့ လာရောက်ခွင့် ရှိတော့မည်မဟုတ်ပေ။

ယင်းအဖွဲ့နှင့် သက်ဆိုင်သည့် ငွေကြေးများကို ချိတ်ဆက်လုပ်ဆောင်ပေးနေသည့် ဘဏ္ဍာရေးအဖွဲ့အစည်း များသည် ၎င်းတို့ ၏ ငွေကြေးဝင်ထွက်မှုကို ပိတ်ပစ်ရမည်ဖြစ်ကာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသို့လည်း အသိပေး အကြောင်းကြားရမှာ ဖြစ်ပါတယ်။သမ္မတထရမ့်၏ ပြောကြားမှုနှင့် ပတ်သက်၍ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး မာဆီလိုအက်ဘရက်က သူ၏ တွစ်တာတွင် ၎င်းတို့နိုင်ငံ အနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်သည့် မည်သည့် လုပ်ရပ်ကိုမဆို သည်းခံခွင့်လွှတ်သွားမည်မဟုတ်ကြောင်း ပြောကြားပါတယ်။

မက္ကဆီကိုတွင် နှစ်ပေါင်းများစွာ အမေရိကန်နိုင်ငံသားများ သွေးထွက်သံယိုဖြစ်အောင် တိုက်ခိုက်ခဲ့သည့် မူးယစ် ဂိုဏ်းများအား နှိမ်နှင်းရေးတွင် မက္ကဆီကို အား ကူညီရန် ကမ်းလှမ်းသည့် တွစ်တာတစ်ခုကို သမ္မတထရမ့်က ယခုလ အစောပိုင်းမှာ ရေးသားခဲ့ပါတယ်။မက္ကဆီကို လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သူနှင့် ဆွေမျိုးများ သတ်ဖြတ်ခံခဲ့ရသူ အဲလက်စ်လီဘာရွန်က အမေရိကန်၏ ပါဝင်စွက်ဖက်မှုကို ကန့်ကွက်လိုက်ပါတယ်။

“ကျွန်တော်တို့ဟာ အကြမ်းဖက်ဂိုဏ်းသားတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးပါပြီ။ နှစ်နိုင်ငံ အမှန်တကယ် ပူးပေါင်း ဆောင်ရွက်မှု ဖြစ်စေချင်ပါတယ်။ မြင့်တက်လာနေတဲ့ မူးယစ်ဆေး၊ လက်နက်နဲ့ ငွေကြေး စီးဆင်းမှု မြင့်တက် လာတာတွေအတွက် နှစ်နိုင်ငံစလုံးမှာ တာဝန်ရှိပါတယ်” ဟု ၎င်းက ပြောပါတယ်။

Linko
Ref:Reuters
ဝါရှင်တန်၊နိုဝင်ဘာ ၂၇

(  Zawgyi  )

 မကၠဆီကို မူးယစ္ေဆးဝါးဂိုဏ္းမ်ားသည္ မူးယစ္ေဆးဝါးႏွင့္ လူကုန္ကူးမႈမ်ားကို လုပ္ေဆာင္ေနေသာေၾကာင့္ ၎တို႔ကို အၾကမ္းဖက္အဖြဲ႕ မ်ား အျဖစ္ ေၾကညာသြားမည္ဟု အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားလိုက္ရာ ယင္းကိစၥအား အျမန္ဆုံး ေဆြးေႏြးရန္ မကၠဆီကို အစိုးရက ေတာင္းဆိုလိုက္ပါတယ္။

“အဲဒီကိစၥနဲ႔ ပတ္သက္လို႔ ရက္ ၉၀ ေလာက္ ေဆြးေႏြးလုပ္ေဆာင္ခဲ့ၿပီး အခုလို သတ္မွတ္လိုက္တာပါ။ ဒီလို သတ္မွတ္ရတာဟာလည္း မလြယ္ပါဘူး။ လုပ္ဖို႔ လိုအပ္တာေတြ ဆက္လုပ္ရပါေတာ့မယ္” ဟု ႏိုဝင္ဘာ ၂၆ ရက္က ထုတ္လႊင့္ခဲ့သည့္ ႐ုပ္သံအင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

ယင္းသတင္းထြက္ေပၚလာၿပီး မၾကာမီ မကၠဆီကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည့္ ေၾကညာခ်က္ တစ္ရပ္တြင္ ဥပေဒေၾကာင္း အရ ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ လက္နက္ႏွင့္ ေငြေၾကးမ်ား ဒုစ႐ိုက္ဂိုဏ္းမ်ားသို႔ ေရာက္ရွိ ေနျခင္းမ်ားအေပၚ ႏွစ္ႏိုင္ငံ အဆင့္ျမင့္ အရာရွိမ်ား ေဆြးေႏြးရန္ ေဖာ္ျပထားပါတယ္။

“ႏွစ္ႏိုင္ငံစလုံးအတြက္ အေရးႀကီးတဲ့ ဒီကိစၥကို မိမိတို႔ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ကယ္ ပြန္ပဲယိုတို႔ ေတြ႕ဆုံ ေဆြးေႏြးသြားပါမယ္” ဟု မကၠဆီကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ အဖြဲ႕အစည္းတစ္ခုအား အၾကမ္းဖက္အဖြဲ႕ အျဖစ္ သတ္မွတ္ၿပီးေနာက္ အေမရိကန္ဥပေဒအရ ႏိုင္ငံတြင္းေနထိုင္သူမ်ားအေနျဖင့္ ယင္းအဖြဲ႕ကို ကူညီပံ့ပိုးျခင္းမ်ား လုပ္ေဆာင္ခြင့္ မရွိသလို အဖြဲ႕ဝင္မ်ားအေနျဖင့္ လည္း အေမရိကန္ႏိုင္ငံတြင္းသို႔ လာေရာက္ခြင့္ ရွိေတာ့မည္မဟုတ္ေပ။

ယင္းအဖြဲ႕ႏွင့္ သက္ဆိုင္သည့္ ေငြေၾကးမ်ားကို ခ်ိတ္ဆက္လုပ္ေဆာင္ေပးေနသည့္ ဘ႑ာေရးအဖြဲ႕အစည္း မ်ားသည္ ၎တို႔ ၏ ေငြေၾကးဝင္ထြက္မႈကို ပိတ္ပစ္ရမည္ျဖစ္ကာ အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနသို႔လည္း အသိေပး အေၾကာင္းၾကားရမွာ ျဖစ္ပါတယ္။သမၼတထရမ့္၏ ေျပာၾကားမႈႏွင့္ ပတ္သက္၍ မကၠဆီကို ႏိုင္ငံျခားေရးဝန္ႀကီး မာဆီလိုအက္ဘရက္က သူ၏ တြစ္တာတြင္ ၎တို႔ႏိုင္ငံ အေနျဖင့္ ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို ခ်ိဳးေဖာက္သည့္ မည္သည့္ လုပ္ရပ္ကိုမဆို သည္းခံခြင့္လႊတ္သြားမည္မဟုတ္ေၾကာင္း ေျပာၾကားပါတယ္။

မကၠဆီကိုတြင္ ႏွစ္ေပါင္းမ်ားစြာ အေမရိကန္ႏိုင္ငံသားမ်ား ေသြးထြက္သံယိုျဖစ္ေအာင္ တိုက္ခိုက္ခဲ့သည့္ မူးယစ္ ဂိုဏ္းမ်ားအား ႏွိမ္ႏွင္းေရးတြင္ မကၠဆီကို အား ကူညီရန္ ကမ္းလွမ္းသည့္ တြစ္တာတစ္ခုကို သမၼတထရမ့္က ယခုလ အေစာပိုင္းမွာ ေရးသားခဲ့ပါတယ္။မကၠဆီကို လႊတ္ေတာ္အမတ္ေဟာင္းတစ္ဦးျဖစ္သူႏွင့္ ေဆြမ်ိဳးမ်ား သတ္ျဖတ္ခံခဲ့ရသူ အဲလက္စ္လီဘာ႐ြန္က အေမရိကန္၏ ပါဝင္စြက္ဖက္မႈကို ကန႔္ကြက္လိုက္ပါတယ္။

“ကြၽန္ေတာ္တို႔ဟာ အၾကမ္းဖက္ဂိုဏ္းသားေတြရဲ႕ တိုက္ခိုက္မႈကို ခံခဲ့ရၿပီးပါၿပီ။ ႏွစ္ႏိုင္ငံ အမွန္တကယ္ ပူးေပါင္း ေဆာင္႐ြက္မႈ ျဖစ္ေစခ်င္ပါတယ္။ ျမင့္တက္လာေနတဲ့ မူးယစ္ေဆး၊ လက္နက္နဲ႔ ေငြေၾကး စီးဆင္းမႈ ျမင့္တက္ လာတာေတြအတြက္ ႏွစ္ႏိုင္ငံစလုံးမွာ တာဝန္ရွိပါတယ္” ဟု ၎က ေျပာပါတယ္။

Linko
Ref:Reuters
ဝါရွင္တန္၊ႏိုဝင္ဘာ ၂၇