ဘာသာရေးအကျဉ်းသား သန်းပေါင်းများစွာကို ကပ်ရောဂါဘေးကြောင့် လွှတ်ပေးရန် အမေရိကန် တောင်းဆို

ဘာသာရေးအကျဉ်းသား သန်းပေါင်းများစွာကို ကပ်ရောဂါဘေးကြောင့် လွှတ်ပေးရန် အမေရိကန် တောင်းဆို

ကိုရိုနာဗိုင်းရပ် ဖြစ်ပွားနေသောကြောင့် ဘာသာရေးအကျဉ်းသား သန်းပေါင်းများစွာကို လွှတ်ပေးရန် အမေရိကန်က ကမ္ဘာ့နိုင်ငံများကို ဧပြီ ၃ ရက်မှာ တောင်းဆိုလိုက်ပါတယ်။ဘာသာရေးကြောင့် ထောင်အတွင်း ရောက်ရှိနေရသည့် လူနည်းစု ဘာသာရေးသမား သန်းပေါင်း များစွာကို လွှတ်ပေးရန်နှင့် ၎င်းတို့ထောင်တွင်း နေထိုင်ရသည့် အခြေအနေသည် ရောဂါ ကူးစက် နိုင်ရန်နှင့် ကိုရိုနာဗိုင်းရပ် ပျံ့နှံ့ရန် လွယ်ကူကြောင်း နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အဖွဲ့၏ အမေရိကန်သံအမတ်က ဘရောင်းဘက်က သတင်းထောက်များအား ပြောကြားပါတယ်။

ယင်းကဲ့သို့ အကျဉ်းသား အများအပြားကို ထိန်းသိမ်းထားသည့် နိုင်ငံတို့အား ဘရောင်းဘက်က ပြောကြားပါတယ်။“ခုချိန်မှာ ဘာသာရေးအကျဉ်းသားတွေကို လွှတ်ပေးသင့်ပါတယ်။ ကမ္ဘာ ပေါ်က အခြားနိုင်ငံတွေ အားလုံးက လွှတ်ပေးဖို့ လိုပါတယ်။ အဲဒီလို လုပ်ဆောင်ခြင်းဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကောင်းစေနိုင်သလို ကျင့်ဝတ် ပိုင်းအရလည်း လုပ်သင့်ပါတယ်” ဟု ၎င်းက ပြောပါတယ်။

အဆိုပါ နိုင်ငံများတွင် ဘာသာရေးအကျဉ်းသားမည်မျှ ရှိနိုင်မည့်အပေါ် မေးမြန်းရာတွင် ဘရောင်းဘက်က “သန်းဂဏန်းအထိ ရှိနိုင်ပါတယ်။ ဒါက တစ်နိုင်ငံတည်းရှိပါသေးတယ်” ဟု ၎င်းက ပြောပါတယ်။

Linko
Ref: UPI
ဝါရှင်တန်၊ ဧပြီ ၃

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္ ျဖစ္ပြားေနေသာေၾကာင့္ ဘာသာေရးအက်ဥ္းသား သန္းေပါင္းမ်ားစြာကို လႊတ္ေပးရန္ အေမရိကန္က ကမာၻ႔ႏိုင္ငံမ်ားကို ဧၿပီ ၃ ရက္မွာ ေတာင္းဆိုလိုက္ပါတယ္။ဘာသာေရးေၾကာင့္ ေထာင္အတြင္း ေရာက္ရွိေနရသည့္ လူနည္းစု ဘာသာေရးသမား သန္းေပါင္း မ်ားစြာကို လႊတ္ေပးရန္ႏွင့္ ၎တို႔ေထာင္တြင္း ေနထိုင္ရသည့္ အေျခအေနသည္ ေရာဂါ ကူးစက္ ႏိုင္ရန္ႏွင့္ ကို႐ိုနာဗိုင္းရပ္ ပ်ံ႕ႏွံ႔ရန္ လြယ္ကူေၾကာင္း ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္အဖြဲ႕၏ အေမရိကန္သံအမတ္က ဘေရာင္းဘက္က သတင္းေထာက္မ်ားအား ေျပာၾကားပါတယ္။

ယင္းကဲ့သို႔ အက်ဥ္းသား အမ်ားအျပားကို ထိန္းသိမ္းထားသည့္ ႏိုင္ငံတို႔အား ဘေရာင္းဘက္က ေျပာၾကားပါတယ္။“ခုခ်ိန္မွာ ဘာသာေရးအက်ဥ္းသားေတြကို လႊတ္ေပးသင့္ပါတယ္။ ကမာၻ ေပၚက အျခားႏိုင္ငံေတြ အားလုံးက လႊတ္ေပးဖို႔ လိုပါတယ္။ အဲဒီလို လုပ္ေဆာင္ျခင္းဟာ သက္ဆိုင္ရာ ႏိုင္ငံေတြရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈအတြက္ ေကာင္းေစႏိုင္သလို က်င့္ဝတ္ ပိုင္းအရလည္း လုပ္သင့္ပါတယ္” ဟု ၎က ေျပာပါတယ္။

အဆိုပါ ႏိုင္ငံမ်ားတြင္ ဘာသာေရးအက်ဥ္းသားမည္မွ် ရွိႏိုင္မည့္အေပၚ ေမးျမန္းရာတြင္ ဘေရာင္းဘက္က “သန္းဂဏန္းအထိ ရွိႏိုင္ပါတယ္။ ဒါက တစ္ႏိုင္ငံတည္းရွိပါေသးတယ္” ဟု ၎က ေျပာပါတယ္။

Linko
Ref: UPI
ဝါရွင္တန္၊ ဧၿပီ ၃