ဘင်္ဂလားဒေ့ရှ် အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ယာဉ်သုံးစင်း သုံးပွင့်ဆိုင်တိုက်မှုဖြစ်ပွား ဆေးကျောင်းသား ၂၅ ယောက် ထိခိုက်ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ် အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ယာဉ်သုံးစင်း သုံးပွင့်ဆိုင်တိုက်မှုဖြစ်ပွား ဆေးကျောင်းသား ၂၅ ယောက် ထိခိုက်ဒဏ်ရာရ

စနေနေ့ညက မိုင်နာမာတီ တပ်နယ်မြေထဲက ဒါကာ-ချတ်တိုဂရမ် အဝေးပြေးလမ်းပေါ်မှာ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာမှာ ပုဂ္ဂလိက ဆေးကောလိပ်တစ်ခုမှ ကျောင်းသား ၂၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

မိုင်နာမာတီ အဝေးပြေးလမ်းရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဗင်ကားတစ်စင်း၊ ကုန်တွေတင်လာတဲ့ ထရပ်ကားတစ်စင်းနဲ့ East Medical College မှာ ကျောင်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စင်း သုံးပွင့်ဆိုင် တိုက်မိသွားရာမှာ ကျောင်းသား ၂၅ ယောက်ထည်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်မှုဖြစ်ပွားပြီးနောက်မှာ ကျောင်းသားတွေကို ကယ်ဆယ်ခဲ့ရပြီး နီးစပ်ရာ ဆေးရုံတွေကို ပို့ဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။

အဝေးပြေးလမ်းရဲတပ်ဖွဲ့က မော်တော်ယာဉ်တွေကို သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

NZT
UNB
ကျူမီလာ၊ ဒီဇင်ဘာ - ၁၀

( Zawgyi )





NZT
UNB
ကျူမီလာ၊ ဒီဇင်ဘာ - ၁၀