ဘဂ္ဂဒက်ဗုံးပေါက်ကွဲမှု လူ ၅ ဦးအနည်းဆုံးသေဆုံးကာ အများအပြားဒဏ်ရာရ

ဘဂ္ဂဒက်ဗုံးပေါက်ကွဲမှု လူ ၅ ဦးအနည်းဆုံးသေဆုံးကာ အများအပြားဒဏ်ရာရ

နှစ်လနီးပါးကြာမြင့်သည့် အစိုးရအား အတိုက်အခံပြုသည့် ဆန္ဒပြသူများနှင့် ညှိုနိုင်းနေစဉ်အတွင်း ဘဂ္ဂဒက်ရှိ နေရာသုံးခုတွင် တစ်ပြိုင်နက် တည်း ဗုံးပေါက်ကွဲခဲ့ရာ လူ ၅ ဦးအနည်းဆုံးသေဆုံးပြီး ဒါဇင်နှင့်ချီကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

‌ဘေရီယားမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုအတွင်း သုံးဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရာရှိက ဆိုပါတယ်။ ဘဂ္ဂဒက်တောင်ပိုင်း ဘလာဒီယက်မှာဖြစ်တဲ့ ပေါက်ကွဲမှုမှာ လေးဦးဒဏ်ရာရခဲ့ပြီး ရှာဘတ်မြို့မှာဖြစ်တဲ့ ပေါက်ကွဲမှုမှာ နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယခုပေါက်ကွဲမှုများမှာ အိုင်အက်စ်လက်ချက်အတိုင်း ဖြစ်နေသော်လည်း ဗုံးခွဲမှုများအတွက် မည်သည် အဖွဲ့ကမှ ၎င်းတို့လက်ချက်လို့ ဝန်ခံခြင်းမရှိသေးပါဘူး။ အစွန်းရောက်အကြမ်းဖက်သမားများလက်ထဲမှ တိုက် ထုတ်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် နှစ်နှစ်တာ ကာလ အတွင်း အီရတ်နိုင်ငံတဝန်း တိုက်ခိုက်မှုများမှာ ကြိုကြားကြိုကြားဖြစ်နေဆဲဖြစ်ပါတယ်။

အင်္ဂါနေ့က ဘဂ္ဂဒက်နှင့်အီရတ်နိုင်ငံတောင်ပိုင်းရှိ ဆန္ဒပြနေသည့် ရှီအိုက်အများစုပါဝင်သည့် ဆန္ဒပြလူအုပ်ကို အီရတ်လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်လူစုခွဲခဲ့ရာမှာ ဆန္ဒပြသူသုံး ဦး သေဆုံးခဲ့ပြီးအနည်းဆုံး ၈၀ ဒဏ်ရာရခဲ့ပါတယ်။

အီရတ်နိုင်ငံတဝန်း ဆန္ဒပြသူတွေက ရှီအိုက်အများစုဦးဆောင်တဲ့ အီရတ် အစိုးရကို အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု၊ ပြည်သူ့ဝန်ဆောင် မှု ညံ့ဖျင်းမှုနဲ့အလုပ်လက်မဲ့နှုန်းမြင့်မားမှုတွေကိုမကျေနပ်တဲ့အတွက် နူတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။

Linko
Ref:foxnews.com
ဘဂ္ဂဒက်၊နိုဝင်ဘာ ၂၇

(  Zawgyi  )

 ႏွစ္လနီးပါးၾကာျမင့္သည့္ အစိုးရအား အတိုက္အခံျပဳသည့္ ဆႏၵျပသူမ်ားႏွင့္ ညႇိဳႏိုင္းေနစဥ္အတြင္း ဘဂၢဒက္ရွိ ေနရာသုံးခုတြင္ တစ္ၿပိဳင္နက္ တည္း ဗုံးေပါက္ကြဲခဲ့ရာ လူ ၅ ဦးအနည္းဆုံးေသဆုံးၿပီး ဒါဇင္ႏွင့္ခ်ီကာ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

‌ေဘရီယားမွာ ျဖစ္ခဲ့တဲ့ ေပါက္ကြဲမႈအတြင္း သုံးဦးေသဆုံးကာ ငါးဦးဒဏ္ရာရခဲ့တယ္လို႔ လုံၿခဳံေရးအရာရွိက ဆိုပါတယ္။ ဘဂၢဒက္ေတာင္ပိုင္း ဘလာဒီယက္မွာျဖစ္တဲ့ ေပါက္ကြဲမႈမွာ ေလးဦးဒဏ္ရာရခဲ့ၿပီး ရွာဘတ္ၿမိဳ႕မွာျဖစ္တဲ့ ေပါက္ကြဲမႈမွာ ႏွစ္ဦးေသဆုံးကာ ေလးဦးဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

ယခုေပါက္ကြဲမႈမ်ားမွာ အိုင္အက္စ္လက္ခ်က္အတိုင္း ျဖစ္ေနေသာ္လည္း ဗုံးခြဲမႈမ်ားအတြက္ မည္သည္ အဖြဲ႕ကမွ ၎တို႔လက္ခ်က္လို႔ ဝန္ခံျခင္းမရွိေသးပါဘူး။ အစြန္းေရာက္အၾကမ္းဖက္သမားမ်ားလက္ထဲမွ တိုက္ ထုတ္ႏိုင္ခဲ့ေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ ႏွစ္ႏွစ္တာ ကာလ အတြင္း အီရတ္ႏိုင္ငံတဝန္း တိုက္ခိုက္မႈမ်ားမွာ ႀကိဳၾကားႀကိဳၾကားျဖစ္ေနဆဲျဖစ္ပါတယ္။

အဂၤါေန႔က ဘဂၢဒက္ႏွင့္အီရတ္ႏိုင္ငံေတာင္ပိုင္းရွိ ဆႏၵျပေနသည့္ ရွီအိုက္အမ်ားစုပါဝင္သည့္ ဆႏၵျပလူအုပ္ကို အီရတ္လုံၿခဳံေရးတပ္ဖြဲ႕က ပစ္ခတ္လူစုခြဲခဲ့ရာမွာ ဆႏၵျပသူသုံး ဦး ေသဆုံးခဲ့ၿပီးအနည္းဆုံး ၈၀ ဒဏ္ရာရခဲ့ပါတယ္။

အီရတ္ႏိုင္ငံတဝန္း ဆႏၵျပသူေတြက ရွီအိုက္အမ်ားစုဦးေဆာင္တဲ့ အီရတ္ အစိုးရကို အဂတိလိုက္စားမႈ၊ အက်င့္ပ်က္ျခစားမႈ၊ ျပည္သူ႔ဝန္ေဆာင္ မႈ ညံ့ဖ်င္းမႈနဲ႔အလုပ္လက္မဲ့ႏႈန္းျမင့္မားမႈေတြကိုမေက်နပ္တဲ့အတြက္ ႏူတ္ထြက္ေပးဖို႔ ဆႏၵျပေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

Linko
Ref:foxnews.com
ဘဂၢဒက္၊ႏိုဝင္ဘာ ၂၇