ဖိလစ်ပိုင်ရှိ Taal မီးတောင် ပေါက်ကွဲပါက လူသန်းပေါင်းများစွာနှင့် ကမ္ဘာ့ရာသီဥတုကို သက်ရောက်စေနိုင်

ဖိလစ်ပိုင်ရှိ Taal မီးတောင် ပေါက်ကွဲပါက လူသန်းပေါင်းများစွာနှင့် ကမ္ဘာ့ရာသီဥတုကို သက်ရောက်စေနိုင်

ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံး မီးတောင်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် Taal မီးတောင် ပေါက်ကွဲပါက အမှုန်အမွှားများသည် အမြင့်် ကီလိုမီတာ ၁၅ မှ ၂၀ အထိ ရောက်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း ထားပါတယ်။

ယခုအခါ မီးတောင်မှ ပြာမှုန်များ၊ ရေငွေ့များနှင့် ဓာတ်ငွေ့များသည် လေထုတ်ထဲသို့ ထွက်နေပြီး ပေါက်ကွဲမည့် လက္ခဏာများကို ပြနေပါတယ်။ ယင်းမီးတောင်သည် မြို့တော်မနီလာမှ ကီလိုမီတာ ၆၀ အကွာတွင် တည်ရှိပြီး မြိုတော်နှင့် အနီးဝန်းကျင်ဒေသတွင် နေထိုင်သည့် လူဦးရေ သန်းဝက်ခန့် နေရာရွေ့ပြောင်းထားကြရန် လိုအပ်ကြောင်း အာဏာပိုင်များက သတိပေးထားပါတယ်။

Taal မီးတောင်၏ တောင်ဖက်ရှိ လူဇွန်းကျွန်းတွင် Pinatubo ခေါ် သမိုင်းဝင် မီးတောင်တစ်ခုရှိပါတယ်။ ၁၉၉၁ ခုနှစ်၊ ဇွန်လက  အဆိုပါမီးတောင် ပေါက်ကွဲမှုသည် ၂၀ ရာစုအတွင်း အဆိုးရွားဆုံး မီးတောင် ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး လူရာပေါင်းများစွာ သေဆုံးခဲ့ကာ ကမ္ဘာ့ဒေသအများအပြားတွင် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပါ တယ်။

Taal မီးတောင်အနေဖြင့် ယင်းကဲ့သို့ ပေါက်ကွဲမှုမျိုး မဖြစ်သေးသော်လည်း အလားတူ ဖြစ်ရပ်မျိုး ကြုံတွေ့နိုင် ကြောင်း ဖိလစ်ပိုင် မီးတောင်ပညာရပ်ဆိုင်ရာ သိပ္ပံကျောင်းမှ သုံးသပ်ထားပါတယ်။

အန္တရာယ်ရှိနိုင်သည့် အခြေအနေကြောင့် သတိပေးချက် အမြင့်ဆုံး ၅အဆင့်ထိ ရှိသည့်အနက် ယခင် အဆင့်၂ သတ်မှတ်ထားရာမှ ယခုသီတင်းပတ်ကုန်တွင် အဆင့် ၄ အထိ တိုးမြှင့် သတ်မှတ်ထားပါတယ်။ ယင်းအဆင့်သည် လာမည့် ရက်အပိုင်းအတွင်း ပေါက်ကွဲနိုင်မည့် အခြေအနေကို သတိပေးခြင်း ဖြစ်ပါတယ်။ Pinatubo မီးတောင် ပေါက်ကွဲစဉ်ကလည်း ယင်းကဲ့သို့ သတိပေးချက် လုပ်ဆောင်ခဲ့ပါတယ်။

ယင်းပမာဏနှင့် ပေါက်ကွဲပါက ချောရည်စီးကြောင်းများက ရွာများကို ဖုံးလွှမ်းသွားနိုင်သလို ပထဝီသွင်ပြင်အပေါ် မူတည်၍လည်း အန္တရာယ်အမျိုးမျိုး ကြုံတွေ့နိုင်ပါတယ်။

Linko
Ref : The Weather Network
မနီလာ၊ ဇန်နဝါရီ - ၁၄

( Zawgyi )

ဖိလစ္ပိုင္ႏိုင္ငံ၏ အႀကီးဆုံး မီးေတာင္မ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည့္ Taal မီးေတာင္ ေပါက္ကြဲပါက အမႈန္အမႊားမ်ားသည္ အျမင့္္ ကီလိုမီတာ ၁၅ မွ ၂၀ အထိ ေရာက္သြားႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ခန႔္မွန္း ထားပါတယ္။

ယခုအခါ မီးေတာင္မွ ျပာမႈန္မ်ား၊ ေရေငြ႕မ်ားႏွင့္ ဓာတ္ေငြ႕မ်ားသည္ ေလထုတ္ထဲသို႔ ထြက္ေနၿပီး ေပါက္ကြဲမည့္ လကၡဏာမ်ားကို ျပေနပါတယ္။ ယင္းမီးေတာင္သည္ ၿမိဳ႕ေတာ္မနီလာမွ ကီလိုမီတာ ၆၀ အကြာတြင္ တည္ရွိၿပီး ၿမိဳေတာ္ႏွင့္ အနီးဝန္းက်င္ေဒသတြင္ ေနထိုင္သည့္ လူဦးေရ သန္းဝက္ခန႔္ ေနရာေ႐ြ႕ေျပာင္းထားၾကရန္ လိုအပ္ေၾကာင္း အာဏာပိုင္မ်ားက သတိေပးထားပါတယ္။

Taal မီးေတာင္၏ ေတာင္ဖက္ရွိ လူဇြန္းကြၽန္းတြင္ Pinatubo ေခၚ သမိုင္းဝင္ မီးေတာင္တစ္ခုရွိပါတယ္။ ၁၉၉၁ ခုႏွစ္၊ ဇြန္လက  အဆိုပါမီးေတာင္ ေပါက္ကြဲမႈသည္ ၂၀ ရာစုအတြင္း အဆိုး႐ြားဆုံး မီးေတာင္ ေပါက္ကြဲမႈတစ္ခု ျဖစ္ခဲ့ၿပီး လူရာေပါင္းမ်ားစြာ ေသဆုံးခဲ့ကာ ကမာၻ႔ေဒသအမ်ားအျပားတြင္ ရာသီဥတုေျပာင္းလဲမႈမ်ား ျဖစ္ေပၚခဲ့ပါ တယ္။

Taal မီးေတာင္အေနျဖင့္ ယင္းကဲ့သို႔ ေပါက္ကြဲမႈမ်ိဳး မျဖစ္ေသးေသာ္လည္း အလားတူ ျဖစ္ရပ္မ်ိဳး ႀကဳံေတြ႕ႏိုင္ ေၾကာင္း ဖိလစ္ပိုင္ မီးေတာင္ပညာရပ္ဆိုင္ရာ သိပၸံေက်ာင္းမွ သုံးသပ္ထားပါတယ္။

အႏၲရာယ္ရွိႏိုင္သည့္ အေျခအေနေၾကာင့္ သတိေပးခ်က္ အျမင့္ဆုံး ၅အဆင့္ထိ ရွိသည့္အနက္ ယခင္ အဆင့္၂ သတ္မွတ္ထားရာမွ ယခုသီတင္းပတ္ကုန္တြင္ အဆင့္ ၄ အထိ တိုးျမႇင့္ သတ္မွတ္ထားပါတယ္။ ယင္းအဆင့္သည္ လာမည့္ ရက္အပိုင္းအတြင္း ေပါက္ကြဲႏိုင္မည့္ အေျခအေနကို သတိေပးျခင္း ျဖစ္ပါတယ္။ Pinatubo မီးေတာင္ ေပါက္ကြဲစဥ္ကလည္း ယင္းကဲ့သို႔ သတိေပးခ်က္ လုပ္ေဆာင္ခဲ့ပါတယ္။

ယင္းပမာဏႏွင့္ ေပါက္ကြဲပါက ေခ်ာရည္စီးေၾကာင္းမ်ားက ႐ြာမ်ားကို ဖုံးလႊမ္းသြားႏိုင္သလို ပထဝီသြင္ျပင္အေပၚ မူတည္၍လည္း အႏၲရာယ္အမ်ိဳးမ်ိဳး ႀကဳံေတြ႕ႏိုင္ပါတယ္။

Linko
Ref : The Weather Network
မနီလာ၊ ဇန္နဝါရီ - ၁၄