ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်မှု မရှိတော့ဟု တရုတ် ထုတ်ပြန်

 ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်မှု မရှိတော့ဟု တရုတ် ထုတ်ပြန်

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် မရှိတော့ကြောင်း တရုတ်အစိုးရက ဇန်နဝါရီလ ရောဂါစတင်ဖြစ်ပွား ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် မတ် ၁၉ ရက်တွင် ကြေညာလိုက်သော်လည်း ပြည်ပမှ ဝင်ရောက် လာမှုများ ရှိလာကြောင်း ထုတ်ပြန်ပါတယ်။နောက်ဆုံးအချိန်အထိ သေဆုံးသူ ၈ ဦးထပ်မံရှိကြောင်းလည်း ပြောကြားထားပါတယ်။

ပြည်ပမှ ကူးစက်လာသူ ၃၄ ဦးရှိကာ ရက်သတ္တပတ် ၂ ပတ်အတွင်း နေ့အလိုက် အမြင့်ဆုံး အရေအတွက်လည်း ဖြစ်ကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။တောင်ကိုရီးယားတွင် မတ် ၁၉ ရက်က ကူးစက်ခံရသူ ၁၅၂ ဦးတိုးလာပြီး စုစုပေါင်း ၈၅၆၅ ဦးရှိလာပါတယ်။မက္ကဆီကိုတွင် မတ်၁၇ ရက်က ၉၃ ဦးသာရှိခဲ့သော်လည်း ၁၈ ရက်တွင် ၁၁၈ ဦးသို့  မြင့်တက်ခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်း Qantas က နိုင်ငံတကာလေကြောင်းခရီးစဉ်များအားလုံးကို ယခုလကုန်၌ ရပ်ဆိုင်းပစ်မည်ဟု ကြေညာထားသလို နောက်ထပ် အဓိက လေကြောင်းလိုင်းဖြစ်သည့်  Virgin ကလည်း  ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်ပခရီးစဉ်များကို ပိတ်ပစ်လိုက်ပြီ ဖြစ်ပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် မဖြစ်အောင် ထိန်းချုပ်မှုတွေကြောင့် ပြည်ပခရီးစဉ်တွေ အများကြီး လျော့ကျသွားခဲ့ပါတယ်။ ဒါမျိုးတစ်ခါမှ မကြုံဖူးပါဘူး။ လေကြောင်းလိုင်းအနေနဲ့ ဝန်ထမ်း ၃ သောင်းအနက်က ၂ သောင်းကို အလုပ်နားပစ်ရမှာ ဖြစ်ပါတယ်” ဟု အဆိုပါ လေကြောင်းလိုင်း၏ အရာရှိချုပ် အလန်ဂျေအိုက် က ပြောပါတယ်။

အာရပ်စော်ဘွားများနိုင်ငံကလည်း မတ် ၁၉ ရက်မှစပြီး ရက်ရှည်နေထိုင်ခွင့် ဗီဇာများကို ၂ ပတ်ခန့် ပိတ်ထားမည်ဟု ကြေညာထား ပါတယ်။ နိုင်ငံတွင်း ကူးစက်ခံထားရသူ ၁၁၃ ဦးရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ဘရာဇီး၏ အကြီးဆုံး မြို့တော် ဆော်ပေါ်လို တွင် စီးပွားရေးလုပ်ငန်းအများစုကို  ဧပြီ ၅ ရက်အထိ ပိတ်ထားရန် ကြေညာထားပါတယ်။ သို့သော် ဆေးဆိုင်များ၊ ကုန်တိုက်ကြီးများ၊ မုန့်တိုက်များ၊ စားသောက်ဆိုင်များ၊ ဓာတ်ငွေ့အရောင်းဆိုင်များနှင့် အီလက်ထရောနစ် စနစ်ဖြင့် အရောင်းအဝယ်လုပ်သည့် လုပ်ငန်းများ မပါဝင်ကြောင်း ဖော်ပြထားပါတယ်။

Linko
Source: TRTWorld and agencies
ပေကျင်း၊ မတ် ၁၉

(  Zawgyi  )

 ႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအသစ္ မရွိေတာ့ေၾကာင္း တ႐ုတ္အစိုးရက ဇန္နဝါရီလ ေရာဂါစတင္ျဖစ္ပြား ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ အျဖစ္ မတ္ ၁၉ ရက္တြင္ ေၾကညာလိုက္ေသာ္လည္း ျပည္ပမွ ဝင္ေရာက္ လာမႈမ်ား ရွိလာေၾကာင္း ထုတ္ျပန္ပါတယ္။ေနာက္ဆုံးအခ်ိန္အထိ ေသဆုံးသူ ၈ ဦးထပ္မံရွိေၾကာင္းလည္း ေျပာၾကားထားပါတယ္။

ျပည္ပမွ ကူးစက္လာသူ ၃၄ ဦးရွိကာ ရက္သတၱပတ္ ၂ ပတ္အတြင္း ေန႔အလိုက္ အျမင့္ဆုံး အေရအတြက္လည္း ျဖစ္ေၾကာင္း အမ်ိဳးသား က်န္းမာေရး ေကာ္မရွင္က ထုတ္ျပန္ပါတယ္။ေတာင္ကိုရီးယားတြင္ မတ္ ၁၉ ရက္က ကူးစက္ခံရသူ ၁၅၂ ဦးတိုးလာၿပီး စုစုေပါင္း ၈၅၆၅ ဦးရွိလာပါတယ္။မကၠဆီကိုတြင္ မတ္၁၇ ရက္က ၉၃ ဦးသာရွိခဲ့ေသာ္လည္း ၁၈ ရက္တြင္ ၁၁၈ ဦးသို႔  ျမင့္တက္ခဲ့ပါတယ္။

ဩစေၾတးလ်ႏိုင္ငံ၏ အႀကီးဆုံးေလေၾကာင္းလိုင္း Qantas က ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ားအားလုံးကို ယခုလကုန္၌ ရပ္ဆိုင္းပစ္မည္ဟု ေၾကညာထားသလို ေနာက္ထပ္ အဓိက ေလေၾကာင္းလိုင္းျဖစ္သည့္  Virgin ကလည္း  ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျပည္ပခရီးစဥ္မ်ားကို ပိတ္ပစ္လိုက္ၿပီ ျဖစ္ပါတယ္။

“ကို႐ိုနာဗိုင္းရပ္စ္ မျဖစ္ေအာင္ ထိန္းခ်ဳပ္မႈေတြေၾကာင့္ ျပည္ပခရီးစဥ္ေတြ အမ်ားႀကီး ေလ်ာ့က်သြားခဲ့ပါတယ္။ ဒါမ်ိဳးတစ္ခါမွ မႀကဳံဖူးပါဘူး။ ေလေၾကာင္းလိုင္းအေနနဲ႔ ဝန္ထမ္း ၃ ေသာင္းအနက္က ၂ ေသာင္းကို အလုပ္နားပစ္ရမွာ ျဖစ္ပါတယ္” ဟု အဆိုပါ ေလေၾကာင္းလိုင္း၏ အရာရွိခ်ဳပ္ အလန္ေဂ်အိုက္ က ေျပာပါတယ္။

အာရပ္ေစာ္ဘြားမ်ားႏိုင္ငံကလည္း မတ္ ၁၉ ရက္မွစၿပီး ရက္ရွည္ေနထိုင္ခြင့္ ဗီဇာမ်ားကို ၂ ပတ္ခန႔္ ပိတ္ထားမည္ဟု ေၾကညာထား ပါတယ္။ ႏိုင္ငံတြင္း ကူးစက္ခံထားရသူ ၁၁၃ ဦးရွိေၾကာင္းလည္း ထုတ္ျပန္ထားပါတယ္။ဘရာဇီး၏ အႀကီးဆုံး ၿမိဳ႕ေတာ္ ေဆာ္ေပၚလို တြင္ စီးပြားေရးလုပ္ငန္းအမ်ားစုကို  ဧၿပီ ၅ ရက္အထိ ပိတ္ထားရန္ ေၾကညာထားပါတယ္။ သို႔ေသာ္ ေဆးဆိုင္မ်ား၊ ကုန္တိုက္ႀကီးမ်ား၊ မုန႔္တိုက္မ်ား၊ စားေသာက္ဆိုင္မ်ား၊ ဓာတ္ေငြ႕အေရာင္းဆိုင္မ်ားႏွင့္ အီလက္ထေရာနစ္ စနစ္ျဖင့္ အေရာင္းအဝယ္လုပ္သည့္ လုပ္ငန္းမ်ား မပါဝင္ေၾကာင္း ေဖာ္ျပထားပါတယ္။

Linko
Source: TRTWorld and agencies
ေပက်င္း၊ မတ္ ၁၉