ပြင်သစ်နှင့် ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုဟူ တရုတ်သမ္မတ ရှီကျင့်ဖိန်ပြောကြား

ပြင်သစ်နှင့် ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုဟူ တရုတ်သမ္မတ ရှီကျင့်ဖိန်ပြောကြား

ဒေသတွင်းနှင့် ကမ္ဘာ့ပေါ်ရှိ ပြည်သူ့ကျန်းမာရေးကဏ္ဍ လုံခြုံမှုကို ပူးပေါင်းကာကွယ် စောင့်ရှောက်ရန် တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း သမ္မတအီမန်နျူရယ် မက်ခရွန်က သမ္မတရှီကျင့်ဖိန်နှင့် ဖေဖော်ဝါရီ ၁၈ ရက်က ဖုန်းဖြင့် ဆက်သွယ်ရာတွင် ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံအနေဖြင့် COVID-19 ဗိုင်းရပ်စ်နှင့် ရင်ဆိုင်နေရချိန်တွင် စာနာစွာဖြင့် ဖုန်းဆက်၍ အားပေးစကား ပြောဆိုခဲ့သည့်အပေါ် ကျေးဇူးတင် အသိအမှတ်ပြုကြောင်းနှင့် ယင်းလုပ်ဆောင်ချက်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အဆင့်မြင့်သည့် မဟာဗျူဟာမြောက် မိတ်ဖတ်ဆက်ဆံရေးကိုလည်း  ပြသနေခြင်း ဖြစ်ကြောင်း ရှီက ပြောကြားပါတယ်။

COVID-19  စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံအနေဖြင့် စနစ်တကျ ညီညွတ်စွာဖြင့် ကုသကာကွယ်မှုများကို လုပ်ဆောင်နေ သောကြောင့် ရောဂါဖြစ်ပွားမှုကို ပျောက်ကင်းအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည် ထားကြောင်းလည်း ရှီက ပြောပါတယ်။အခြေအနေမှာလည်း တိုးတက်မှုရှိနေပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်မှုများကြောင့်  လုပ်ငန်းများနှင့် အဖွဲ့အစည်းများအနေဖြင့် ပုံမှန်ပြန်လည်စတင်၍ ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် သမ္မတရှီက တိုက်တွန်းထားပါတယ်။

ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်မှုမှာ အခိုက်အတန့်သာဖြစ်ပြီး ယခုနှစ်အတွင်း ရည်မှန်းထားသည့် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုများကို ရရှိနိုင်လိမ့်မည်ဟုလည်း ၎င်းက ယုံကြည်ထားပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန် ကလည်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှုတွင် တရုတ်အစိုးရ၊ ပြည်သူတို့နှင့် အတူ ရှိနေကြောင်းနှင့် တရုတ်အစိုးရ၏ အချိန်မီ ထိထိရောက်ရောက် ဆောင်ရွက်မှုများ၊ ပွင့်လင်းမြင်သာမှုတို့ကို အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံအနေဖြင့် ဆေးဝါးပစ္စည်းအများအပြားကို တရုတ်နိုင်ငံသို့ ပေးပို့ထားသလို အကူအညီများထပ်မံပေးရန်လည်း ပြင်ဆင် ထား ကြောင်း မက်ခရွန်က ပြောပါတယ်။

Linko
Ref: Xinhua
ဘေကျင်း ၊ ဖေဖော်ဝါရီ ၁၉

(  Zawgyi  )

 ေဒသတြင္းႏွင့္ ကမာၻ႔ေပၚရွိ ျပည္သူ႔က်န္းမာေရးက႑ လုံၿခဳံမႈကို ပူးေပါင္းကာကြယ္ ေစာင့္ေရွာက္ရန္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျပင္သစ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္လိုေၾကာင္း သမၼတအီမန္န်ဴရယ္ မက္ခ႐ြန္က သမၼတရွီက်င့္ဖိန္ႏွင့္ ေဖေဖာ္ဝါရီ ၁၈ ရက္က ဖုန္းျဖင့္ ဆက္သြယ္ရာတြင္ ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံအေနျဖင့္ COVID-19 ဗိုင္းရပ္စ္ႏွင့္ ရင္ဆိုင္ေနရခ်ိန္တြင္ စာနာစြာျဖင့္ ဖုန္းဆက္၍ အားေပးစကား ေျပာဆိုခဲ့သည့္အေပၚ ေက်းဇူးတင္ အသိအမွတ္ျပဳေၾကာင္းႏွင့္ ယင္းလုပ္ေဆာင္ခ်က္သည္ ႏွစ္ႏိုင္ငံအၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ အဆင့္ျမင့္သည့္ မဟာဗ်ဴဟာေျမာက္ မိတ္ဖတ္ဆက္ဆံေရးကိုလည္း  ျပသေနျခင္း ျဖစ္ေၾကာင္း ရွီက ေျပာၾကားပါတယ္။

COVID-19  စတင္ျဖစ္ပြားခ်ိန္မွစ၍ တ႐ုတ္ႏိုင္ငံအေနျဖင့္ စနစ္တက် ညီၫြတ္စြာျဖင့္ ကုသကာကြယ္မႈမ်ားကို လုပ္ေဆာင္ေန ေသာေၾကာင့္ ေရာဂါျဖစ္ပြားမႈကို ေပ်ာက္ကင္းေအာင္ လုပ္ေဆာင္ႏိုင္လိမ့္မည္ဟု ယုံၾကည္ ထားေၾကာင္းလည္း ရွီက ေျပာပါတယ္။အေျခအေနမွာလည္း တိုးတက္မႈရွိေနၿပီး ထိေရာက္စြာ ကာကြယ္ထိန္းခ်ဳပ္မႈမ်ားေၾကာင့္  လုပ္ငန္းမ်ားႏွင့္ အဖြဲ႕အစည္းမ်ားအေနျဖင့္ ပုံမွန္ျပန္လည္စတင္၍ ျပည္သူတို႔၏ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးရန္ သမၼတရွီက တိုက္တြန္းထားပါတယ္။

ေရာဂါျဖစ္ပြားမႈေၾကာင့္ တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးအေပၚ သက္ေရာက္မႈမွာ အခိုက္အတန႔္သာျဖစ္ၿပီး ယခုႏွစ္အတြင္း ရည္မွန္းထားသည့္ စီးပြားေရးႏွင့္ လူမႈေရးဖြံ႕ၿဖိဳးမႈမ်ားကို ရရွိႏိုင္လိမ့္မည္ဟုလည္း ၎က ယုံၾကည္ထားပါတယ္။ ျပင္သစ္သမၼတ မက္ခ႐ြန္ ကလည္း COVID-19 ဗိုင္းရပ္စ္ကူးစက္မႈတြင္ တ႐ုတ္အစိုးရ၊ ျပည္သူတို႔ႏွင့္ အတူ ရွိေနေၾကာင္းႏွင့္ တ႐ုတ္အစိုးရ၏ အခ်ိန္မီ ထိထိေရာက္ေရာက္ ေဆာင္႐ြက္မႈမ်ား၊ ပြင့္လင္းျမင္သာမႈတို႔ကို အသိအမွတ္ျပဳ ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္ႏိုင္ငံအေနျဖင့္ ေဆးဝါးပစၥည္းအမ်ားအျပားကို တ႐ုတ္ႏိုင္ငံသို႔ ေပးပို႔ထားသလို အကူအညီမ်ားထပ္မံေပးရန္လည္း ျပင္ဆင္ ထား ေၾကာင္း မက္ခ႐ြန္က ေျပာပါတယ္။

Linko
Ref: Xinhua
ေဘက်င္း ၊ ေဖေဖာ္ဝါရီ ၁၉