ပါလီမန်သဘောတူမှသာ အီရန်အား စစ်တိုက်ရန် အထက်လွှတ်တော်တွင် သမ္မတထရမ့်ကို ကန့်သတ်

ပါလီမန်သဘောတူမှသာ အီရန်အား စစ်တိုက်ရန် အထက်လွှတ်တော်တွင် သမ္မတထရမ့်ကို ကန့်သတ်

အီရန်အား စစ်တိုက်မည်ဆိုပါက သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် ကွန်ဂရက်၏ ခွင့်ပြုချက်ရယူရန် အမေရိကန် အထက်လွှတ်တော် က ဖေဖော်ဝါရီ ၁၃ ရက်မှာ ကန့်သတ်ထိန်းချုပ် လိုက်ပါတယ်။ အဆိုပါ ကန့်သတ်ချက်အား ထောက်ခံမဲ ၅၅ မဲ၊ ကန့်ကွက်မဲ ၄၅ မဲဖြင့် ဆုံးဖြတ်ခဲ့ရာတွင် သမ္မတ၏ ရီပတ်ပလစ်ကင်အုပ်စုမှ ၈ ဦးက ဒီမိုကရက်တို့ဖက်မှ ပါဝင်ထောက်ခံခဲ့ကြောင်း အထက်လွှတ်တော်အမတ် တင်ကိန်းက မဲခွဲထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါတယ်။

ယခုဆုံးဖြတ်ချက်ကြောင့် ထရမ့်သို့မဟုတ် သမ္မတက  စစ်တိုက်ရန် မဆုံးဖြတ်နိုင်ဘဲ ကွန်ဂရက်ကသာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။အမေရိကန်နိုင်ငံများအား တိုက်ခိုက်လာခြင်းအပေါ် ထရမ့်နှင့် အခြားသမ္မတများက ကာကွယ်ရမည်ဖြစ်သော် လည်း စစ်ဖြစ်ဖို့ သမ္မတရဲ့ ဆုံးဖြတ်ခွင့်ကို ကွန်ဂရက်က အဆုံးသတ်လိုက်ပါပြီ။ ဒါ့ကြောင့် မိမိတို့ နိုင်ငံက တိုက် မယ်ဆိုရင် ကွန်ဂရက်မှာ ဆွေးနွေးပြီး မဲခွဲ ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်။

ဒီမိုကရက်တို့ ထိန်းချုပ်ထားသည့် အောက်လွှတ်တော်ကလည်း ယင်းကန့်သတ်ချက်ကို ပြီးခဲ့သည့် လအတွင်းက ဆုံးဖြတ်ပြီးဖြစ်ကြောင်း အောက်လွှတ်တော်အကြီးအကဲ စတန်နီဟိုင်ဒါက ပြောပါတယ်။ သို့သော် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့၏ ယခုကဲ့သို့ ကန့်သတ်လိုက်သော်လည်း  သမ္မတထရမ့်က ဗီတိုအာဏာဖြင့် ကျော်လွှားနိုင်ပါသေးတယ်။

ထရမ့်အား ထောက်ခံသူများနှင့် ထရမ့်တို့က ယခုဆုံးဖြတ်ချက်သည် အီရန်အား မိမိတို့၏ အားနည်းချက်ကို ပြသလိုက်ခြင်းနှင့် မလိုလားအပ်သည့်အရာများ ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြုပါတယ်။ အထက်လွှတ်တော် ရီပတ်ပလစ်ကင်အမတ် တင်ကိန်းက မိမိတို့၏ ကန့်သတ်မှုသည် မှန်ကန်ကြောင်း ပြောပါတယ်။

“ ကျုပ်တို့ဟာ တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်ရာမှာ အခုဆုံးဖြတ်ချက်က အရေးကြီးပါတယ်။ ဆုံး ဖြတ်ချက်တွေအတိုင်း လိုက်နာကြဖို့ လိုပါမယ်။ ဒါဟာ အင်အားတစ်ခုဖြစ်ပါတယ်” ဟု ကိန်းက ပြောပါတယ်။အခြား အထက်လွှတ် အမတ်တစ်ဦး ဖြစ်သူ လီအာတူကလည်း ဆုံးဖြတ်ချက်ကို သဘောတူခဲ့ပါတယ်။ ထရမ့်၏ အီရန်အပါအဝင် နိုင်ငံခြားရေး မူဝါဒကို လီအနေဖြင့် ထောက်ခံ သော်လည်း ကွန်ဂရက်အနေဖြင့် စစ်နှင့် ငြိမ်းချမ်းရေး အကြောင်းအရာများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ တာဝန်ရှိကြောင်း ပြောပါတယ်။

Linko
Ref: Global News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄ 

(  Zawgyi  )

 အီရန္အား စစ္တိုက္မည္ဆိုပါက သမၼတေဒၚနယ္ထရမ့္အေနျဖင့္ ကြန္ဂရက္၏ ခြင့္ျပဳခ်က္ရယူရန္ အေမရိကန္ အထက္လႊတ္ေတာ္ က ေဖေဖာ္ဝါရီ ၁၃ ရက္မွာ ကန႔္သတ္ထိန္းခ်ဳပ္ လိုက္ပါတယ္။ အဆိုပါ ကန႔္သတ္ခ်က္အား ေထာက္ခံမဲ ၅၅ မဲ၊ ကန႔္ကြက္မဲ ၄၅ မဲျဖင့္ ဆုံးျဖတ္ခဲ့ရာတြင္ သမၼတ၏ ရီပတ္ပလစ္ကင္အုပ္စုမွ ၈ ဦးက ဒီမိုကရက္တို႔ဖက္မွ ပါဝင္ေထာက္ခံခဲ့ေၾကာင္း အထက္လႊတ္ေတာ္အမတ္ တင္ကိန္းက မဲခြဲထုတ္ျပန္ခ်က္တြင္ ေဖာ္ျပခဲ့ပါတယ္။

ယခုဆုံးျဖတ္ခ်က္ေၾကာင့္ ထရမ့္သို႔မဟုတ္ သမၼတက  စစ္တိုက္ရန္ မဆုံးျဖတ္ႏိုင္ဘဲ ကြန္ဂရက္ကသာ ဆုံးျဖတ္ရမွာ ျဖစ္ပါတယ္။အေမရိကန္ႏိုင္ငံမ်ားအား တိုက္ခိုက္လာျခင္းအေပၚ ထရမ့္ႏွင့္ အျခားသမၼတမ်ားက ကာကြယ္ရမည္ျဖစ္ေသာ္ လည္း စစ္ျဖစ္ဖို႔ သမၼတရဲ႕ ဆုံးျဖတ္ခြင့္ကို ကြန္ဂရက္က အဆုံးသတ္လိုက္ပါၿပီ။ ဒါ့ေၾကာင့္ မိမိတို႔ ႏိုင္ငံက တိုက္ မယ္ဆိုရင္ ကြန္ဂရက္မွာ ေဆြးေႏြးၿပီး မဲခြဲ ဆုံးျဖတ္ ရမွာ ျဖစ္ပါတယ္။

ဒီမိုကရက္တို႔ ထိန္းခ်ဳပ္ထားသည့္ ေအာက္လႊတ္ေတာ္ကလည္း ယင္းကန႔္သတ္ခ်က္ကို ၿပီးခဲ့သည့္ လအတြင္းက ဆုံးျဖတ္ၿပီးျဖစ္ေၾကာင္း ေအာက္လႊတ္ေတာ္အႀကီးအကဲ စတန္နီဟိုင္ဒါက ေျပာပါတယ္။ သို႔ေသာ္ ေအာက္လႊတ္ေတာ္ႏွင့္ အထက္လႊတ္ေတာ္တို႔၏ ယခုကဲ့သို႔ ကန႔္သတ္လိုက္ေသာ္လည္း  သမၼတထရမ့္က ဗီတိုအာဏာျဖင့္ ေက်ာ္လႊားႏိုင္ပါေသးတယ္။

ထရမ့္အား ေထာက္ခံသူမ်ားႏွင့္ ထရမ့္တို႔က ယခုဆုံးျဖတ္ခ်က္သည္ အီရန္အား မိမိတို႔၏ အားနည္းခ်က္ကို ျပသလိုက္ျခင္းႏွင့္ မလိုလားအပ္သည့္အရာမ်ား ျဖစ္လာႏိုင္ေၾကာင္း မွတ္ခ်က္ျပဳပါတယ္။ အထက္လႊတ္ေတာ္ ရီပတ္ပလစ္ကင္အမတ္ တင္ကိန္းက မိမိတို႔၏ ကန႔္သတ္မႈသည္ မွန္ကန္ေၾကာင္း ေျပာပါတယ္။

“ က်ဳပ္တို႔ဟာ တရားဥပေဒ စိုးမိုးေရးအတြက္ လုပ္ေဆာင္ရာမွာ အခုဆုံးျဖတ္ခ်က္က အေရးႀကီးပါတယ္။ ဆုံး ျဖတ္ခ်က္ေတြအတိုင္း လိုက္နာၾကဖို႔ လိုပါမယ္။ ဒါဟာ အင္အားတစ္ခုျဖစ္ပါတယ္” ဟု ကိန္းက ေျပာပါတယ္။အျခား အထက္လႊတ္ အမတ္တစ္ဦး ျဖစ္သူ လီအာတူကလည္း ဆုံးျဖတ္ခ်က္ကို သေဘာတူခဲ့ပါတယ္။ ထရမ့္၏ အီရန္အပါအဝင္ ႏိုင္ငံျခားေရး မူဝါဒကို လီအေနျဖင့္ ေထာက္ခံ ေသာ္လည္း ကြန္ဂရက္အေနျဖင့္ စစ္ႏွင့္ ၿငိမ္းခ်မ္းေရး အေၾကာင္းအရာမ်ားကို ကိုင္တြယ္ေဆာင္႐ြက္ရာတြင္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အရ တာဝန္ရွိေၾကာင္း ေျပာပါတယ္။

Linko
Ref: Global News
ဝါရွင္တန္၊ ေဖေဖာ္ဝါရီ ၁၄