ပါလီမန်ရှေ့ဆန္ဒပြပွဲမှ ဆန္ဒပြသူ ၃၇ ဦးကို ဂျော်ဂျီယာ အာဏာပိုင်များထိန်းသိမ်း

ပါလီမန်ရှေ့ဆန္ဒပြပွဲမှ ဆန္ဒပြသူ ၃၇ ဦးကို ဂျော်ဂျီယာ အာဏာပိုင်များထိန်းသိမ်း

ဂျော်ဂျီယာပါလီမန်ပြင်ပတွင်ပြုလုပ်ခဲ့သည့်ဆန္ဒပြပွဲတွင် လူလေးဦးထိခိုက်ဒဏ်ရာရခဲ့ကာ ၃၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဂျော်ဂျီယာ ပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာတော့ တရားဥပဒေစိုးမိုးရေးအတွက် ထုတ်ပြန်ထားတဲ့ အမိန့်ကိုမလိုက်နာမှုနဲ့ နိုဝင်ဘာ ၁၈ ရက်က လူ ၃၇ ဦးကို ဖမ်းဆီးထိန်သိမ်းထားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင် ရဲ့အရာရှိနှစ်ဦးအပါအဝင် လူလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပြီးအားလုံးကို ဆေးရုံကိုပို့ခဲ့တယ်ဆိုပါတယ်။

တနင်္လာနေ့မွန်းလွဲပိုင်းက ဂျော်ဂျီယာပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ အဓိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများက ပိတ်ဆိုထားတဲ့ ပါလီမန်ဝင်ပေါက်များကို ပြန်ဖွင့်ရန်အတွက် ဆန္ဒပြနေသူများ ကိုလူစုခွဲရန်  ရေအမြောက်များနှင့် မျက်ရည်ယိုဗုံး များကို အသုံးပြုခဲ့ပါတယ်။အဆိုပါနေရာတစ်ဝိုက်နှင့် ဒေသတွင်းရှိ လမ်းတွေမှာတော့ ဆန္ဒပြသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကျန်းမာရေးဝန်ကြီးဌာနက ဆန္ဒပြသူတွေကိုဖမ်းဆီးရာကနေ ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတက်ကုသနေရာမှာ ရဲ့အရာရှိ တစ်ဦးအပါအဝင် လူသုံးဦးဆေးရုံတင်ကုသနေတယ်လို့ ဆိုပါတယ်။

Linko
Ref: en.trend.az
တီဘလီစီ၊ နိုဝင်ဘာ ၁၉

(  Zawgyi  )

 ေဂ်ာ္ဂ်ီယာပါလီမန္ျပင္ပတြင္ျပဳလုပ္ခဲ့သည့္ဆႏၵျပပြဲတြင္ လူေလးဦးထိခိုက္ဒဏ္ရာရခဲ့ကာ ၃၇ ဦးကို ဖမ္းဆီးထိန္းသိမ္းခဲ့တယ္လို႔ ေဂ်ာ္ဂ်ီယာ ျပည္ထဲေရးဝန္ႀကီးဌာနက တနလၤာေန႔က ထုတ္ျပန္ခဲ့ပါတယ္။

ထုတ္ျပန္ခ်က္မွာေတာ့ တရားဥပေဒစိုးမိုးေရးအတြက္ ထုတ္ျပန္ထားတဲ့ အမိန႔္ကိုမလိုက္နာမႈနဲ႔ ႏိုဝင္ဘာ ၁၈ ရက္က လူ ၃၇ ဦးကို ဖမ္းဆီးထိန္သိမ္းထားခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ဒါအျပင္ ရဲ႕အရာရွိႏွစ္ဦးအပါအဝင္ လူေလးဦးထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ဆိုၿပီးအားလုံးကို ေဆး႐ုံကိုပို႔ခဲ့တယ္ဆိုပါတယ္။

တနလၤာေန႔မြန္းလြဲပိုင္းက ေဂ်ာ္ဂ်ီယာျပည္ထဲေရး ဝန္ႀကီးဌာနလက္ေအာက္ရွိ အဓိက႐ုဏ္းႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕ဝင္မ်ားက ဆႏၵျပသူမ်ားက ပိတ္ဆိုထားတဲ့ ပါလီမန္ဝင္ေပါက္မ်ားကို ျပန္ဖြင့္ရန္အတြက္ ဆႏၵျပေနသူမ်ား ကိုလူစုခြဲရန္  ေရအေျမာက္မ်ားႏွင့္ မ်က္ရည္ယိုဗုံး မ်ားကို အသုံးျပဳခဲ့ပါတယ္။အဆိုပါေနရာတစ္ဝိုက္ႏွင့္ ေဒသတြင္းရွိ လမ္းေတြမွာေတာ့ ဆႏၵျပသူေတြ ရွိေနဆဲ ျဖစ္ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ က်န္းမာေရးဝန္ႀကီးဌာနက ဆႏၵျပသူေတြကိုဖမ္းဆီးရာကေန ထိခိုက္ဒဏ္ရာရလို႔ ေဆး႐ုံတက္ကုသေနရာမွာ ရဲ႕အရာရွိ တစ္ဦးအပါအဝင္ လူသုံးဦးေဆး႐ုံတင္ကုသေနတယ္လို႔ ဆိုပါတယ္။

Linko
Ref: en.trend.az
တီဘလီစီ၊ ႏိုဝင္ဘာ ၁၉