ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းအပေါ် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများ ဆန္ဒပြ

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းအပေါ် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများ ဆန္ဒပြ

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့ဖြစ်သည့် Extinction Rebellion က ရေနစ်မြုပ်နေသည့် အိမ်တစ်လုံးပုံစံကို ဖန်တီးကာ ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာခြင်း အပေါ် နိုဝင်ဘာ ၁၀ ရက်က လန်ဒန်မြို့ သိမ်းမြစ် အတွင်း ဆန္ဒပြမှု များကို လုပ်ဆောင်ခဲ့ပါတယ်။

ဆင်ခြေဖုံးဒေသရှိ အိမ်တစ်လုံးပုံစံ ဖန်တီးကာ လန်ဒန်မြို့တော် တာဝါတံတားရှေ့မှဖြတ်၍ မျှောခဲ့ကာ အစိုးရအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် သတိပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားပါတယ်။

အင်္ဂလန်နိုင်ငံ မြောက်ပိုင်း၌ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေခြင်းသည် “မိမိတို့အိမ်များ၊ စီးပွားရေးလုပ်ငန်း များနှင့် မိသားစုများအတွက် အန္တရာယ်ကျရောက်ကြောင်း” ကို ဖော်ပြခြင်းဖြစ်သည်ဟု Extinction Rebellion အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

“အချိန်နဲ့ တစ်ပြေးညီစောင့်ကြည့်နေပါတယ်။ ကမ္ဘာပေါ်နဲ့ ဗြိတိန်က လူတွေရဲ့ဘဝဟာ ဖျက်စီးခံနေရ ပါတယ်။ ဇီဝမျိုးကွဲတွေ ဆုံးရှုံးမှုအပေါ် မဟန့်တားဘူးဆိုရင်၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို အသားတင် သုံညပမာဏအထိ မလျှော့ချဘူးရင် အခြေအနေတွေ ပိုမိုဆိုးရွားလာ ပါလိမ့်မယ်” ဟု အဆိုပါအဖွဲ့က ဖော်ပြထားပါတယ်။

သိပ္ပံနည်းကျ ခန့်မှန်းချက်တစ်ခုအရ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်များသည် ၂၀၁၁ ခုနှစ်မတိုင်မီ ၁ မီတာမှ ၅ မီတာအထိ မြင့်တက်သွားနိုင်ကြောင်း ယင်းအဖွဲ့က ထောက်ပြထားပါတယ်။ US National Oceanic and Atmospheric Administration အဖွဲ့၏ ထုတ်ပြန်ချက်တွင် ကမ္ဘာ့ ပင်လယ်ရေမျက်နှာပြင်များသည်  ၁၉၉၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၂ လက်မ (၈၁ မီလီမီတာ) မြင့်တက် လာကြောင်း ဖော်ပြထားပါတယ်။

“အနောက်အန္တာတိက ရေခဲပြင် အရည်ပျော်မှု မြင့်တက်နေတာကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့ချဖို့ လုပ်ဆောင်တာတောင်မှ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာ မှာပါ” ဟု Exeter တက္ကသိုလ်မှ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုဆိုင်ရာ ပါမောက္ခ စတီဖင် ဟာရီဆင်က ကြေ ညာချက်မှာ ဖော်ပြထားပါတယ်။

ရေမြုပ်အိမ်ပုံစံကို ဒီဇိုင်းဖန်တီးခဲ့သည့် ကတ်တီဘာရက်က ၎င်းတို့အနေဖြင့် လူကြောင့်ဖြစ်သည့် သဘာဝဘေး အန္တရာယ်၏ ဆိုးရွားလာမှုကို သတိပြုမိစေရန် ယခုအစီအစဉ်ကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားပါတယ်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ရေကြီးမှုကို နိုင်ငံတော်အဆင့် အရေးပေါ်အ ခြေအနေအဖြစ် မသတ်မှတ်ခြင်းအတွက်လည်း Extinction Rebellion အဖွဲ့က ပြစ်တင်ပြောကြားပါတယ်။

“နေအိမ်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ဆုံးရှုံးသွားရသူတွေနဲ့အတူ မားမားမတ်မတ် ရပ်တည်သွားပြီး လက်ရှိရေဘေးကို နိုင်ငံအဆင့်၊ ကမ္ဘာ့အဆင့် အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ကြေညာသည်အထိ  ဆက်လက်တောင်းဆိုသွားပါမယ်” ဟု ယင်းအဖွဲ့က ကြေညာထားပါတယ်။

Linko
Ref:CNN
လန်ဒန်၊နိုဝင်ဘာ ၁၁

(  Zawgyi  )

 သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရးဆိုင္ရာ အဖြဲ႕ျဖစ္သည့္ Extinction Rebellion က ေရနစ္ျမဳပ္ေနသည့္ အိမ္တစ္လုံးပုံစံကို ဖန္တီးကာ ပင္လယ္ေရမ်က္ႏွာျပင္မ်ား ျမင့္တက္လာျခင္း အေပၚ ႏိုဝင္ဘာ ၁၀ ရက္က လန္ဒန္ၿမိဳ႕ သိမ္းျမစ္ အတြင္း ဆႏၵျပမႈ မ်ားကို လုပ္ေဆာင္ခဲ့ပါတယ္။

ဆင္ေျခဖုံးေဒသရွိ အိမ္တစ္လုံးပုံစံ ဖန္တီးကာ လန္ဒန္ၿမိဳ႕ေတာ္ တာဝါတံတားေရွ႕မွျဖတ္၍ ေမွ်ာခဲ့ကာ အစိုးရအား သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအတြက္ သတိေပးခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါအဖြဲ႕၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားပါတယ္။

အဂၤလန္ႏိုင္ငံ ေျမာက္ပိုင္း၌ ေရလႊမ္းမိုးမႈမ်ား ျဖစ္ေပၚေနျခင္းသည္ “မိမိတို႔အိမ္မ်ား၊ စီးပြားေရးလုပ္ငန္း မ်ားႏွင့္ မိသားစုမ်ားအတြက္ အႏၲရာယ္က်ေရာက္ေၾကာင္း” ကို ေဖာ္ျပျခင္းျဖစ္သည္ဟု Extinction Rebellion အဖြဲ႕က ထုတ္ျပန္ခဲ့ပါတယ္။

“အခ်ိန္နဲ႔ တစ္ေျပးညီေစာင့္ၾကည့္ေနပါတယ္။ ကမာၻေပၚနဲ႔ ၿဗိတိန္က လူေတြရဲ႕ဘဝဟာ ဖ်က္စီးခံေနရ ပါတယ္။ ဇီဝမ်ိဳးကြဲေတြ ဆုံးရႈံးမႈအေပၚ မဟန႔္တားဘူးဆိုရင္၊ ကာဗြန္ဒိုင္ေအာက္ဆိုက္ဓာတ္ေငြ႕ ထုတ္လႊတ္မႈကို အသားတင္ သုံညပမာဏအထိ မေလွ်ာ့ခ်ဘူးရင္ အေျခအေနေတြ ပိုမိုဆိုး႐ြားလာ ပါလိမ့္မယ္” ဟု အဆိုပါအဖြဲ႕က ေဖာ္ျပထားပါတယ္။

သိပၸံနည္းက် ခန႔္မွန္းခ်က္တစ္ခုအရ ကမာၻ႔ပင္လယ္ေရမ်က္ႏွာျပင္မ်ားသည္ ၂၀၁၁ ခုႏွစ္မတိုင္မီ ၁ မီတာမွ ၅ မီတာအထိ ျမင့္တက္သြားႏိုင္ေၾကာင္း ယင္းအဖြဲ႕က ေထာက္ျပထားပါတယ္။ US National Oceanic and Atmospheric Administration အဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ကမာၻ႔ ပင္လယ္ေရမ်က္ႏွာျပင္မ်ားသည္  ၁၉၉၃ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက ၂၀၁၈ ခုႏွစ္တြင္ ၃ ဒသမ ၂ လက္မ (၈၁ မီလီမီတာ) ျမင့္တက္ လာေၾကာင္း ေဖာ္ျပထားပါတယ္။

“အေနာက္အႏၲာတိက ေရခဲျပင္ အရည္ေပ်ာ္မႈ ျမင့္တက္ေနတာေၾကာင့္ ကာဗြန္ဒိုင္ေအာက္ဆိုက္ ဓာတ္ေငြ႕ ထုတ္လႊတ္မႈ ေလ်ာ့ခ်ဖို႔ လုပ္ေဆာင္တာေတာင္မွ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာ မွာပါ” ဟု Exeter တကၠသိုလ္မွ ရာသီဥတုႏွင့္ သဘာဝပတ္ဝန္းက်င္ေျပာင္းလဲမႈဆိုင္ရာ ပါေမာကၡ စတီဖင္ ဟာရီဆင္က ေၾက ညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ေရျမဳပ္အိမ္ပုံစံကို ဒီဇိုင္းဖန္တီးခဲ့သည့္ ကတ္တီဘာရက္က ၎တို႔အေနျဖင့္ လူေၾကာင့္ျဖစ္သည့္ သဘာဝေဘး အႏၲရာယ္၏ ဆိုး႐ြားလာမႈကို သတိျပဳမိေစရန္ ယခုအစီအစဥ္ကို ျပဳလုပ္ရျခင္း ျဖစ္ေၾကာင္း ေျပာၾကားပါတယ္။

ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္အေနျဖင့္ လက္ရွိျဖစ္ေပၚေနသည့္ ေရႀကီးမႈကို ႏိုင္ငံေတာ္အဆင့္ အေရးေပၚအ ေျခအေနအျဖစ္ မသတ္မွတ္ျခင္းအတြက္လည္း Extinction Rebellion အဖြဲ႕က ျပစ္တင္ေျပာၾကားပါတယ္။

“ေနအိမ္နဲ႔ အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းေတြ ဆုံးရႈံးသြားရသူေတြနဲ႔အတူ မားမားမတ္မတ္ ရပ္တည္သြားၿပီး လက္ရွိေရေဘးကို ႏိုင္ငံအဆင့္၊ ကမာၻ႔အဆင့္ အေရးေပၚအေျခအေနတစ္ရပ္အျဖစ္ ေၾကညာသည္အထိ  ဆက္လက္ေတာင္းဆိုသြားပါမယ္” ဟု ယင္းအဖြဲ႕က ေၾကညာထားပါတယ္။

Linko
Ref:CNN
လန္ဒန္၊ႏိုဝင္ဘာ ၁၁