ဒိန်းမတ်ပိုင် ဂရင်းလန်းဒေသကို ဝယ်ယူရန် အမေရိကန်သမ္မတ ထရမ့် စဉ်းစားနေ

ဒိန်းမတ်ပိုင် ဂရင်းလန်းဒေသကို ဝယ်ယူရန် အမေရိကန်သမ္မတ ထရမ့် စဉ်းစားနေ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်းဒေသကို ဒိန်းမတ်အစိုးရထံမှ ဝယ်ယူရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုမှုများ ရှိနေပြီး အိမ်ဖြူတော်အကြံပေးအဖွဲ့ကလည်း ဖြစ်နိုင်ခြေအလားအလာကို တွက်ချက်နေကြောင်း သတင်းရင်းမြစ်နှစ်ဦးက စီအင်န်အင်န်သတင်းဌာနကို သြဂုတ် ၁၅ ရက်မှာ ပြောကြားပါတယ်။

ဂရင်းလန်းကို ဝယ်ယူရေးအတွက် ထရမ့်၏ စိတ်ဝင်စားမှုကို ဝေါလ်စထရိဂျာနယ်က သြဂုတ် ၁၅ ရက်မှ စတင်ဖော်ပြခဲ့တာဖြစ်ပါတယ်။ထရမ့်သည် ယင်းကိစ္စရပ်ကို အစည်းအဝေးများနှင့် ညစာစားပွဲများတွင် ပြောကြားခဲ့သလို ဂရင်းလန်းကို ဝယ်ယူပါက ဖြစ်လာနိုင်မည့် အကျိုးအမြတ်များနှင့် ပတ်သက်၍ ဆွေးနွေးနားထောင်မှုများကို အလေးအနက် ထား လုပ်ဆောင်နေကြောင်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နီးစပ်သူများက စထရိတိုင်းမ်ကို ပြောပါတယ်။

ဂရင်းလန်းအား ဝယ်ယူရေးအတွက် အချက်အလက်များကို လေ့လာရှာဖွေရန် အိမ်ဖြူတော်အကြံပေးအဖွဲ့ကို ပြောခဲ့ကြောင်း ၎င်းတို့အနက်မှ နှစ်ဦးက ပြောပါတယ်။အကြံပေးအဖွဲ့တွင်လည်း သဘောထားကွဲလွဲသည့် နှစ်ဖက်ဖြစ်နေပြီး တစ်ဖက်က စီးပွားရေးအရ ခိုင်မာအားကောင်းသည့် မဟာဗျူဟာဖြစ်ကြောင်း သတ်မှတ်ကြသလို အခြားတစ်ဖက်က ပေါ်ပင်လုပ်ရပ် တစ်ခုအဖြစ် ကန့်ကွက်ကြကြောင်း အဆိုပါ သတင်းရင်းမြစ် နှစ်ဦးကပြောပါတယ်။

ဂရင်းလန်းသည် ဒိန်းမတ်နိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်ပြီး အာတိတ်စက်ဝန်းဒေသ၏ အထက် ကီလိုမီတာ ၁၂၀၀ မှာရှိပါတယ်။ အမေရိကန်က အဲဒီဒေသမှာ ကမ္ဘာ့ မြောက်ဖျားပိုင်း လေတပ်စခန်းတစ်ခုကို ၁၉၅၁ ခုနှစ်က စတင် သွားရောက်တည်ဆောက် ခဲ့ပါတယ်။

ပဲ့ထိန်းဒုံးကျည်များ၊ တိုက်ချင်းပစ်ဒုံးကျည်များ ဝင်ရောက်ပါက သိနိုင်သည့် အချက်ပေးစနစ် ရေဒါများ တပ်ဆင်ထားပြီး ရုရှားနယ်မြေအတွင်းကို ကီလိုမီတာ ထောင်ပေါင်းများစွာအထိ ရောက်ရှိနိုင်သည့် လက်နက်များကို နေရာချထားနိုင်ပါတယ်။ အဆိုပါ ဒေသကို ဝယ်ယူဖို့ သမ္မတထရမ့် အရင်  စီစဉ်ခဲ့သူများကတော့ သမ္မတဟာရီထရူးမင်းက ၁၉၄၆ ခုနှစ်မှာ ကြိုးပမ်းခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဝီလျံဆီးဝါ့ဒ်ကလည်း ဝယ်ယူရေး အတွက် စိတ်ဝင်စားကြောင်း ၁၈၆၇ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။

Linko
Ref:CNN
ဝါရှင်တန်၊သြဂုတ် ၁၆

(  Zawgyi  )

 ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဂရင္းလန္းေဒသကို ဒိန္းမတ္အစိုးရထံမွ ဝယ္ယူရန္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာဆိုမႈမ်ား ရွိေနၿပီး အိမ္ျဖဴေတာ္အႀကံေပးအဖြဲ႕ကလည္း ျဖစ္ႏိုင္ေျခအလားအလာကို တြက္ခ်က္ေနေၾကာင္း သတင္းရင္းျမစ္ႏွစ္ဦးက စီအင္န္အင္န္သတင္းဌာနကို ၾသဂုတ္ ၁၅ ရက္မွာ ေျပာၾကားပါတယ္။

ဂရင္းလန္းကို ဝယ္ယူေရးအတြက္ ထရမ့္၏ စိတ္ဝင္စားမႈကို ေဝါလ္စထရိဂ်ာနယ္က ၾသဂုတ္ ၁၅ ရက္မွ စတင္ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ထရမ့္သည္ ယင္းကိစၥရပ္ကို အစည္းအေဝးမ်ားႏွင့္ ညစာစားပြဲမ်ားတြင္ ေျပာၾကားခဲ့သလို ဂရင္းလန္းကို ဝယ္ယူပါက ျဖစ္လာႏိုင္မည့္ အက်ိဳးအျမတ္မ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးနားေထာင္မႈမ်ားကို အေလးအနက္ ထား လုပ္ေဆာင္ေနေၾကာင္း အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ နီးစပ္သူမ်ားက စထရိတိုင္းမ္ကို ေျပာပါတယ္။

ဂရင္းလန္းအား ဝယ္ယူေရးအတြက္ အခ်က္အလက္မ်ားကို ေလ့လာရွာေဖြရန္ အိမ္ျဖဴေတာ္အႀကံေပးအဖြဲ႕ကို ေျပာခဲ့ေၾကာင္း ၎တို႔အနက္မွ ႏွစ္ဦးက ေျပာပါတယ္။အႀကံေပးအဖြဲ႕တြင္လည္း သေဘာထားကြဲလြဲသည့္ ႏွစ္ဖက္ျဖစ္ေနၿပီး တစ္ဖက္က စီးပြားေရးအရ ခိုင္မာအားေကာင္းသည့္ မဟာဗ်ဴဟာျဖစ္ေၾကာင္း သတ္မွတ္ၾကသလို အျခားတစ္ဖက္က ေပၚပင္လုပ္ရပ္ တစ္ခုအျဖစ္ ကန႔္ကြက္ၾကေၾကာင္း အဆိုပါ သတင္းရင္းျမစ္ ႏွစ္ဦးကေျပာပါတယ္။

ဂရင္းလန္းသည္ ဒိန္းမတ္ႏိုင္ငံအတြင္းရွိ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသတစ္ခုျဖစ္ၿပီး အာတိတ္စက္ဝန္းေဒသ၏ အထက္ ကီလိုမီတာ ၁၂၀၀ မွာရွိပါတယ္။ အေမရိကန္က အဲဒီေဒသမွာ ကမာၻ႔ ေျမာက္ဖ်ားပိုင္း ေလတပ္စခန္းတစ္ခုကို ၁၉၅၁ ခုႏွစ္က စတင္ သြားေရာက္တည္ေဆာက္ ခဲ့ပါတယ္။

ပဲ့ထိန္းဒုံးက်ည္မ်ား၊ တိုက္ခ်င္းပစ္ဒုံးက်ည္မ်ား ဝင္ေရာက္ပါက သိႏိုင္သည့္ အခ်က္ေပးစနစ္ ေရဒါမ်ား တပ္ဆင္ထားၿပီး ႐ုရွားနယ္ေျမအတြင္းကို ကီလိုမီတာ ေထာင္ေပါင္းမ်ားစြာအထိ ေရာက္ရွိႏိုင္သည့္ လက္နက္မ်ားကို ေနရာခ်ထားႏိုင္ပါတယ္။ အဆိုပါ ေဒသကို ဝယ္ယူဖို႔ သမၼတထရမ့္ အရင္  စီစဥ္ခဲ့သူမ်ားကေတာ့ သမၼတဟာရီထ႐ူးမင္းက ၁၉၄၆ ခုႏွစ္မွာ ႀကိဳးပမ္းခဲ့သလို ႏိုင္ငံျခားေရးဝန္ႀကီး ဝီလ်ံဆီးဝါ့ဒ္ကလည္း ဝယ္ယူေရး အတြက္ စိတ္ဝင္စားေၾကာင္း ၁၈၆၇ ခုႏွစ္မွာ ေဖာ္ျပခဲ့ပါတယ္။

Linko
Ref:CNN
ဝါရွင္တန္၊ၾသဂုတ္ ၁၆