ထုနှင့်ထည်နှင့် မူးယစ်ဆေးဖြိုခွင်းမှုအတွင်း ထိုင်းရဲများက မှောင်ခိုသမားကို ပစ်သတ်

ထုနှင့်ထည်နှင့် မူးယစ်ဆေးဖြိုခွင်းမှုအတွင်း ထိုင်းရဲများက မှောင်ခိုသမားကို ပစ်သတ်

သောကြာနေ့က အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ မူးယစ်ဆေးကို အရှိန်အဟုန်မြှင့်ပြီး ဖြိုခွင်းလာနေခဲ့ရာမှာ ယခုနောက်ဆုံးဖြစ်ရပ်အဖြစ် ရွှေတြိဂံဒေသရဲ့ ထိုင်းနိုင်ငံဖက်ခြမ်းက ကမ်းစခန်းတစ်ခုမှာ ထိုင်းရဲတွေက မူးယစ်ဆေး မှောင်ခိုသမားတစ်ယောက်ကို ပစ်သတ်ခဲ့ပြီး မီသာအမ်ဖီတမင်းဆေးပြား (meth) ၁၅ သန်းကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ရက်သတ္တပတ်တိုင်းလိုလိုမှာ ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ မီသာအမ်ဖီတမင်း ဆေးပြားတွေဟာ အိမ်နီးချင်း မြန်မာကနေတဆင့်် ထိုင်းနိုင်ငံထဲကို ထုနဲ့ထည်နဲ့ ဝင်ရောက်လာနေတယ်လို့ ဆိုပါတယ်။

လာအို၊ မြန်မာနဲ့ ထိုင်း သုံးနိုင်ငံနယ်စပ်ကို ခွထိုင်ထားတဲ့ ရွှေတြိဂံဟာ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဥပဒေမဲ့ နယ်စပ်ဇုန်တစ်ခုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ အဓိကအားဖြင့် အိမ်နီးချင်း မြန်မာဖက်ခြမ်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝပြည်နယ်ထဲက မူးယစ်ရာဇာကို မူးယစ်ဆေးတွေကို အလုံးအရင်းနဲ့ ထုတ်လုပ်နေကြပြီး နှစ်စဉ် ဒေါ်လာ ဘီလျံဆယ်ဂဏန်းနဲ့ချီပြီး ရောင်းဝယ်ဖောက်ကားနေကြတယ်လို့ ဆိုပါတယ်။

ထိုင်း မူးယစ်ဆေးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ စစ်တပ်က မြန်မာထဲကိုဝင်တဲ့ မြောက်ဖက်ဂိတ်တံခါးမှာ စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့်နေခဲ့ရာမှာ ဥပဒေမဲ့နယ်မြေထဲမှာ နေထိုင်သူ တောင်ပေါ်တိုင်းရင်းသား အများစုဖြစ်တဲ့ မူးယစ်ဆေး မှောင်ခိုသမားတွေကို ဖမ်းဆီးကွက်မျက်ပစ်နေခဲ့တယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့ည နှောင်းပိုင်းက ချင်းရိုင်ပြည်နယ်မှာ ထရပ်ကားသုံးစင်းကို တားဆီးခဲ့ရာမှာ ပစ်ခတ်မှု ဖြစ်ပွားလာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ကလည်း ပြန်ပစ်တယ်။မှောင်ခိုသမားတစ်ယောက် ပစ်သတ်ခံလိုက်ရတယ်” လို့ မူးယစ်ဆေးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတပ်မှူး ဗိုလ်ချုပ် ပွန်ချိုင်း ချာရုန်ဝမ်း က ပြောကြားခဲ့ပါတယ်။

NZT
အေအက်ဖ်ပီ
ဘန်ကောက်၊ ဒီဇင်ဘာ - ၈

( Zawgyi )

ေသာၾကာေန႔က အာဏာပိုင္ေတြရဲ႕ ေျပာၾကားခ်က္အရ မူးယစ္ေဆးကို အရွိန္အဟုန္ျမႇင့္ၿပီး ၿဖိဳခြင္းလာေနခဲ့ရာမွာ ယခုေနာက္ဆုံးျဖစ္ရပ္အျဖစ္ ေ႐ႊႀတိဂံေဒသရဲ႕ ထိုင္းႏိုင္ငံဖက္ျခမ္းက ကမ္းစခန္းတစ္ခုမွာ ထိုင္းရဲေတြက မူးယစ္ေဆး ေမွာင္ခိုသမားတစ္ေယာက္ကို ပစ္သတ္ခဲ့ၿပီး မီသာအမ္ဖီတမင္းေဆးျပား (meth) ၁၅ သန္းကိုလည္း သိမ္းဆည္းရမိခဲ့တယ္လို႔ ဆိုပါတယ္။

ရက္သတၱပတ္တိုင္းလိုလိုမွာ ေဒၚလာ သန္းေပါင္းမ်ားစြာတန္တဲ့ မီသာအမ္ဖီတမင္း ေဆးျပားေတြဟာ အိမ္နီးခ်င္း ျမန္မာကေနတဆင့္္ ထိုင္းႏိုင္ငံထဲကို ထုနဲ႔ထည္နဲ႔ ဝင္ေရာက္လာေနတယ္လို႔ ဆိုပါတယ္။

လာအို၊ ျမန္မာနဲ႔ ထိုင္း သုံးႏိုင္ငံနယ္စပ္ကို ခြထိုင္ထားတဲ့ ေ႐ႊႀတိဂံဟာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားလွတဲ့ ဥပေဒမဲ့ နယ္စပ္ဇုန္တစ္ခုပဲ ျဖစ္တယ္လို႔ ဆိုပါတယ္။

ကြၽမ္းက်င္သူေတြရဲ႕ ေျပာၾကားခ်က္အရ အဓိကအားျဖင့္ အိမ္နီးခ်င္း ျမန္မာဖက္ျခမ္းက ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ဝျပည္နယ္ထဲက မူးယစ္ရာဇာကို မူးယစ္ေဆးေတြကို အလုံးအရင္းနဲ႔ ထုတ္လုပ္ေနၾကၿပီး ႏွစ္စဥ္ ေဒၚလာ ဘီလ်ံဆယ္ဂဏန္းနဲ႔ခ်ီၿပီး ေရာင္းဝယ္ေဖာက္ကားေနၾကတယ္လို႔ ဆိုပါတယ္။

ထိုင္း မူးယစ္ေဆးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕နဲ႔ စစ္တပ္က ျမန္မာထဲကိုဝင္တဲ့ ေျမာက္ဖက္ဂိတ္တံခါးမွာ စစ္ဆင္ေရးေတြကို အရွိန္အဟုန္ျမႇင့္ေနခဲ့ရာမွာ ဥပေဒမဲ့နယ္ေျမထဲမွာ ေနထိုင္သူ ေတာင္ေပၚတိုင္းရင္းသား အမ်ားစုျဖစ္တဲ့ မူးယစ္ေဆး ေမွာင္ခိုသမားေတြကို ဖမ္းဆီးကြက္မ်က္ပစ္ေနခဲ့တယ္လို႔ ဆိုပါတယ္။

ၾကာသပေတးေန႔ည ေႏွာင္းပိုင္းက ခ်င္း႐ိုင္ျပည္နယ္မွာ ထရပ္ကားသုံးစင္းကို တားဆီးခဲ့ရာမွာ ပစ္ခတ္မႈ ျဖစ္ပြားလာခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

“သူတို႔ကလည္း ျပန္ပစ္တယ္။ေမွာင္ခိုသမားတစ္ေယာက္ ပစ္သတ္ခံလိုက္ရတယ္” လို႔ မူးယစ္ေဆးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွ ဒုတပ္မႉး ဗိုလ္ခ်ဳပ္ ပြန္ခ်ိဳင္း ခ်ာ႐ုန္ဝမ္း က ေျပာၾကားခဲ့ပါတယ္။

NZT
ေအအက္ဖ္ပီ
ဘန္ေကာက္၊ ဒီဇင္ဘာ - ၈