ထရမ့်၏ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ် အခက်အခဲများနှင့် ကြုံတွေ့ရနိုင်

ထရမ့်၏ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ် အခက်အခဲများနှင့် ကြုံတွေ့ရနိုင်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အာရပ်အင်အားကြီးနိုင်ငံများအနေဖြင့် ၎င်း၏ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ်ကို ထောက်ခံကြောင်း ၎င်းအား ပြောထားသောကြောင့် ပါလက်စတိုင်းတို့ကလည်း အပြည့်အဝလက်ခံ လိမ့်မည်ဟု ပြောကြားပါတယ်။သို့သော် ယင်းသို့ ပြောကြားမှုအပေါ် အာရပ်ခေါင်းဆောင်များက နှုတ်ဆိတ်နေသလို တရားဝင် မထုတ်ပြန်ရသေးဘဲ ထွက်ပေါ်နေသည့် ငြိမ်းချမ်းရေးအစီအစဉ်အား ပါလက်စတိုင်း ခေါင်းဆောင်များက မကျေနပ်မှုများ ထွက်ပေါ်နေပါတယ်။

ဆော်ဒီအာရေအာရေဗျကဲ့သို့ ပင်လယ်ကွေ့အာရပ်မဟာမိတ်များက အဆိုပါအစီအစဉ်ကို လက်ခံလိမ့်မည်ဟုတွက် ဆထားခြင်းသည် စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်နိုင်ကြောင်း အာရပ်ရေးရာ လေ့လာသုံးသပ်သူများက ပြောပါတယ်။“ထရမ့်အနေနဲ့ သတင်းမှားတွေ ကြားနေရတာဖြစ်နိုင်ပါတယ်” ဟု ပါလက်စတိုင်း အမေရိကန်တစ်ဦးဖြစ်ပြီး ဝါရှင်တန်ဒီစီအာရပ်စင်တာ၏ အမှုဆောင်ဒါရိုက်တာ တစ်ဦးဖြစ်သူ ခါလီအီဂျာရှန်က ပြောပါတယ်။

ခါလီ၏စင်တာအနေဖြင့် ဒေသတွင်း ပုံမှန်စစ်တမ်း ကောက်ယူမှုများ လုပ်ဆောင်နေပါတယ်။အမေရိကန်၏ ငြိမ်းချမ်းရေးအစီအစဉ်အား လက်ခံပါက အာရပ်နိုင်ငံများမှ ခေါင်းဆောင်များအနေဖြင့် ၎င်းတို့ပြည်သူများ၏ ကန့်ကွက်မှုကို ကြုံတွေ့ရနိုင်ကြောင်း  ခါလီက ဇန်နဝါရီ ၂၇ မှာ ပြောကြားပါတယ်။

“ထရမ့်က သူ့ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အာရပ်နိုင်ငံတွေ လက်ခံလိမ့်မယ်လို့ ပြောထားပေမယ့် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးအစီအစဉ်ကိုပဲ အဲဒီနိုင်ငံက ပြည်သူအများစုက လက်ခံပါလိမ့်မယ်။ အစ္စရေးက အနောက်ဖက် ကမ်းခြေ ဒေသရဲ့ ၃၀ ရာခိုင်နှုန်းကို ကျူးကျော်ထားတယ်လို့ သူတို့က မြင်ထားတဲ့အတွက် တရားမျှတမှုမရှိဘူးလို့ သူတို့က ပြောပါတယ်” ခါလီက ပြောပါတယ်။

ထရမ့်၏ ငြိမ်းချမ်းရေးအစီ အစဉ်ကို ဟန့်တားနှောက်ယှက်သည့်အနေဖြင့် ဂျူးများကို တိုက်ခိုက်ရန် အစ္စလာမစ်နိုင်ငံတော်အဖွဲ့၏ ဇန်နဝါရီ ၂၇ တွင် ထွက်ပေါ်လာခဲ့သည့် အသံဖိုင်တစ်ခု၌ ၎င်း၏တိုက်ခိုက်ရေးသမားများနှင့် အခြားမွတ်စလင်များကို တိုက်တွန်း ထားပါတယ်။

Linko
Ref: The Washington Times
ရီယာဒ်၊ ဇန်နဝါရီ ၂၈

(  Zawgyi  )

အေမရိကန္သမၼတေဒၚနယ္ထရမ့္က အာရပ္အင္အားႀကီးႏိုင္ငံမ်ားအေနျဖင့္ ၎၏ အေရွ႕အလယ္ပိုင္း ၿငိမ္းခ်မ္းေရး အစီအစဥ္ကို ေထာက္ခံေၾကာင္း ၎အား ေျပာထားေသာေၾကာင့္ ပါလက္စတိုင္းတို႔ကလည္း အျပည့္အဝလက္ခံ လိမ့္မည္ဟု ေျပာၾကားပါတယ္။သို႔ေသာ္ ယင္းသို႔ ေျပာၾကားမႈအေပၚ အာရပ္ေခါင္းေဆာင္မ်ားက ႏႈတ္ဆိတ္ေနသလို တရားဝင္ မထုတ္ျပန္ရေသးဘဲ ထြက္ေပၚေနသည့္ ၿငိမ္းခ်မ္းေရးအစီအစဥ္အား ပါလက္စတိုင္း ေခါင္းေဆာင္မ်ားက မေက်နပ္မႈမ်ား ထြက္ေပၚေနပါတယ္။

ေဆာ္ဒီအာေရအာေရဗ်ကဲ့သို႔ ပင္လယ္ေကြ႕အာရပ္မဟာမိတ္မ်ားက အဆိုပါအစီအစဥ္ကို လက္ခံလိမ့္မည္ဟုတြက္ ဆထားျခင္းသည္ စိတ္ကူးယဥ္မႈတစ္ခုသာ ျဖစ္ႏိုင္ေၾကာင္း အာရပ္ေရးရာ ေလ့လာသုံးသပ္သူမ်ားက ေျပာပါတယ္။“ထရမ့္အေနနဲ႔ သတင္းမွားေတြ ၾကားေနရတာျဖစ္ႏိုင္ပါတယ္” ဟု ပါလက္စတိုင္း အေမရိကန္တစ္ဦးျဖစ္ၿပီး ဝါရွင္တန္ဒီစီအာရပ္စင္တာ၏ အမႈေဆာင္ဒါ႐ိုက္တာ တစ္ဦးျဖစ္သူ ခါလီအီဂ်ာရွန္က ေျပာပါတယ္။

ခါလီ၏စင္တာအေနျဖင့္ ေဒသတြင္း ပုံမွန္စစ္တမ္း ေကာက္ယူမႈမ်ား လုပ္ေဆာင္ေနပါတယ္။အေမရိကန္၏ ၿငိမ္းခ်မ္းေရးအစီအစဥ္အား လက္ခံပါက အာရပ္ႏိုင္ငံမ်ားမွ ေခါင္းေဆာင္မ်ားအေနျဖင့္ ၎တို႔ျပည္သူမ်ား၏ ကန႔္ကြက္မႈကို ႀကဳံေတြ႕ရႏိုင္ေၾကာင္း  ခါလီက ဇန္နဝါရီ ၂၇ မွာ ေျပာၾကားပါတယ္။

“ထရမ့္က သူ႔ရဲ႕ ၿငိမ္းခ်မ္းေရးအစီအစဥ္ကို အာရပ္ႏိုင္ငံေတြ လက္ခံလိမ့္မယ္လို႔ ေျပာထားေပမယ့္ ပါလက္စတိုင္းနဲ႔ အစၥေရးတို႔အၾကား ေရရွည္တည္တံ့မယ့္ ၿငိမ္းခ်မ္းေရးအစီအစဥ္ကိုပဲ အဲဒီႏိုင္ငံက ျပည္သူအမ်ားစုက လက္ခံပါလိမ့္မယ္။ အစၥေရးက အေနာက္ဖက္ ကမ္းေျခ ေဒသရဲ႕ ၃၀ ရာခိုင္ႏႈန္းကို က်ဴးေက်ာ္ထားတယ္လို႔ သူတို႔က ျမင္ထားတဲ့အတြက္ တရားမွ်တမႈမရွိဘူးလို႔ သူတို႔က ေျပာပါတယ္” ခါလီက ေျပာပါတယ္။

ထရမ့္၏ ၿငိမ္းခ်မ္းေရးအစီ အစဥ္ကို ဟန႔္တားေႏွာက္ယွက္သည့္အေနျဖင့္ ဂ်ဴးမ်ားကို တိုက္ခိုက္ရန္ အစၥလာမစ္ႏိုင္ငံေတာ္အဖြဲ႕၏ ဇန္နဝါရီ ၂၇ တြင္ ထြက္ေပၚလာခဲ့သည့္ အသံဖိုင္တစ္ခု၌ ၎၏တိုက္ခိုက္ေရးသမားမ်ားႏွင့္ အျခားမြတ္စလင္မ်ားကို တိုက္တြန္း ထားပါတယ္။

Linko
Ref: The Washington Times
ရီယာဒ္၊ ဇန္နဝါရီ ၂၈