တောင်အာဖရိကတွင် အသွားအလာ ဖြတ်တောက်ရန်အတွက် စစ်သား ၇၀၀၀၀ ကျော် ဖြန့်ချထား

တောင်အာဖရိကတွင် အသွားအလာ ဖြတ်တောက်ရန်အတွက် စစ်သား ၇၀၀၀၀ ကျော် ဖြန့်ချထား

ကိုရိုနာဗိုင်းရပ် ပျံ့နှံ့မှုကို ရပ်တန့်နိုင်ရန် အသွားအလာများ ဖြတ်တောက်ရေးအတွက် တောင်အာဖရိက နိုင်ငံတွင်  စစ်သား ၇၀၀၀၀ ကျော်ကို ချထားလိုက်ကြောင်း သမ္မတ ဆီရီရာမာဖိုဆာ က ကြေညာလိုက်ပါတယ်။

တောင်အာဖရိကနိုင်ငံသည် အာဖရိကတိုက်တွင် အီဂျစ်ပြီးနောက် ကိုဗစ် ၁၉ ကူးစက်ခံရမှု ဒုတိယအများဆုံး အဖြစ် ၃၄၅၆ ဦးရှိကာ သေဆုံးသူ ၅၈ ဦး ရှိပါတယ်။ယင်းနိုင်ငံ အနေ ဖြင့် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်ကြောင့် သွားလာမှု ဖြတ်တောက်ရာတွင် အပြင်းထန်ဆုံး နိုင်ငံများ တွင် ပါဝင်ပါတယ်။

မတ် ၂၇ ရက်မှစ၍ ကျန်းမာရေးဝန်ထမ်းများ၊ ဘဏ္ဍာရေးဝန်ဆောင်မှု ပေးသူများ၊ ဂျာနယ်လစ် များနှင့် လက်လီအရောင်းသမားများကိုသာ သွားလာခွင့်ပေးထားခဲ့ပါတယ်။မဖြစ်မနေ လိုအပ် သည့် ဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ထမ်းများကိုသာ အစိုးရက သွားလာခွင့် ပြုထားပါတယ်။

ကန့်သတ်မှုများတွင် ပြင်ပ၌ ကိုယ်လက်လေ့ကျင့်ခန်းလှုပ်ရှားမှုများ၊ အရက်နှင့် ဆေးလိပ် ရောင်းချ ခြင်းများ၊ ခွေးကျောင်းခြင်း၊ မဖြစ်မနေ သွားရမည့်ကိစ္စများမှလွဲ၍ သွားလာခြင်း များကို ချိုးဖောက်သူများအနေဖြင့် ထောင်ဒဏ်သို့မဟုတ် ငွေဒဏ်ချမှတ်ရန် ထုတ်ပြန်ထား ပါတယ်။

တားမြစ်ချက်ဥပဒေများ သက်ရောက်စေရေးအတွက် ပိတ်ဆို့မှုများစတင်ခဲ့သည့် ၂၇ ရက်ကပင် စစ်သား ၂၂၈၀ ကို စတင်ချထားခဲ့ပါတယ်။ သို့သော် ယခုကဲ့သို့ စစ်သား အများအပြားကို ပြည်တွင်းရေးကိစ္စအတွက် အများအပြား ချထားခြင်းအပေါ် စိုးရိမ်မှများလည်း ရှိနေပါတယ်။
အချို့ကလည်း စစ်တပ်က ထိန်းချုပ်သည့် နိုင်ငံတစ်နိုင်ငံကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်လျှက် ရှိပါတယ်။ ဂျိုဟန်နက်စဘက်မြို့၏ မြောက်ဖက်ရှိ အလက်ဇန်းဒရားမြို့၌ အမျိုးသားတစ်ဦး ရက်စက်စွာ သတ်ဖြတ်ခံရမှုတွင် စစ်သားများကို စစ်ဆေးလျှက်ရှိပါတယ်။

လူလတ်တန်းစားများအနေဖြင့် စစ်တပ်၏ နှောက်ယှက်မှုကို ကြုံတွေ့ရမည်မဟုတ်သော်လည်း လူဆင်းရဲများအနေဖြင့် စစ်သားများ၏ လုပ်ရပ်ကြောင့် ဒုက္ခရောက်နိုင်ကြောင်း ဝေဖန်မှုများ လည်း ရှိနေပါတယ်။

Linko
REef: BBC
ကိပ်တောင်း၊ဧပြီ ၂၃

(  Zawgyi  )







Linko
REef: BBC
ကိပ်တောင်း၊ဧပြီ ၂၃