တောင်ကာရိုလိုင်းနား စပေါ့ဘားတွင်း ပစ်ခတ်မှု နှစ်ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရ

တောင်ကာရိုလိုင်းနား စပေါ့ဘားတွင်း ပစ်ခတ်မှု နှစ်ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရ

တောင်ကယ်ရိုလိုင်းနားပြည်နယ်ရှိ အတွင်းအပြင် လူပြည့်ကျပ်နေသည့် စပေါ့ဘားတွင် စနေနေ့ အစောပိုင်းက ဘားထဲသို့ လူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာမှာ နှစ်ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာ ရခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုမှာ လန်ကတ်စတာမြို့အပြင်ဘက် Ole Skool စပေါ့ဘားတွင် နံနက် ၂ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ဖြစ်ခဲ့ခြင်းဖြစ်တယ်လို့ လန်ကတ်စတာခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဘယ်သူက ပစ်ခတ်ခဲ့တယ်နဲ့ ပဟ်ခတ်သူကို ဖမ်းဆီးရမိခြင်းရှိ/မရှိကို ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

“ပစ်ခတ်သူ ဒါမှမဟုတ် ပစ်ခတ်ခဲ့သူတွေက အပြင်ဘက်ကပါ”လို့ လန်ကတ်စတာအုပ်ချုပ်ရေးမှူး ကဆိုပါတယ်။ “ အားလုံး ဒီကလပ်ပစ်ခတ်မှုအတွက် ဘယ်သူလဲဆိုတာသိရင်ပြောဖို့ လိုပါတယ်။ဒီအတွက် မျက်မြင်သက်သေတွေ ချက်ချင်းဆက်သွယ်ပေးပါ”လို့ ပြောခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်နေစဉ်မှာ ကလပ်ထဲ လူတွေ အများကြီးှရိနေခဲ့တယ်လို့ လန်ကတ်စတာခရိုင်အုပ်ချုပ်ရေး မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ့ဘာဖီးလ်က ပြောပါတယ်။ထိခိုက်ဒဏ်ရာရသူ လေးဦးကို ဆေးကုသဖို့ လေယာဉ်နဲ့ ပို့ခဲ့ရတယ်လို့ ဘာဖီးလ်က ဆိုပါတယ်။အဆိုပါဒဏ်ရာရသူများရဲ့အခြေအေနကို ချက်ချင်းမထုတ်ပြန်ခဲ့ပါဘူး။

တခြားထိခိုက်ဒဏ်ရာရတဲ့ သူ လေးဦးကိုဆေးရုံမှာ ကုသပေးနေပြီး ၎င်းတို့အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ဘူးလို့ ၎င်းက ဆိုပါတယ်။ဘားထဲမှာ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ခွဲခြားထား တယ်လို့ ဆိုပါတယ်။၎င်းတို့ကို ဆေးကုသပေးပြီး ပြန်လွှတ်ခဲ့တယ်လို့ အုပ်ချုပ်ရေးရုံးက ဆိုပါတယ်။လန်ကတ်စတာမှာ မြောက်ကယ်ရိုလိုင်းနားရှိ ချာလော့တီမြို့တောင်ဘက် မိုင် ၄၀ အကွာတွင် တည်ရှိခဲ့ပါတယ်။

Linko
Ref:CNN
ဝါရှင်တန်၊စက်တင်ဘာ ၂၁

(  Zawgyi  )

 ေတာင္ကယ္႐ိုလိုင္းနားျပည္နယ္ရွိ အတြင္းအျပင္ လူျပည့္က်ပ္ေနသည့္ စေပါ့ဘားတြင္ စေနေန႔ အေစာပိုင္းက ဘားထဲသို႔ လူတစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ရာမွာ ႏွစ္ဦးေသဆုံးၿပီး ၈ ဦး ဒဏ္ရာ ရခဲ့တယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။

အဆိုပါပစ္ခတ္မႈမွာ လန္ကတ္စတာၿမိဳ႕အျပင္ဘက္ Ole Skool စေပါ့ဘားတြင္ နံနက္ ၂ နာရီ ၄၅ မိနစ္ဝန္းက်င္တြင္ ျဖစ္ခဲ့ျခင္းျဖစ္တယ္လို႔ လန္ကတ္စတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက ဆိုပါတယ္။အဆိုပါ ပစ္ခတ္မႈႏွင့္ ပတ္သက္ၿပီး ဘယ္သူက ပစ္ခတ္ခဲ့တယ္နဲ႔ ပဟ္ခတ္သူကို ဖမ္းဆီးရမိျခင္းရွိ/မရွိကို ထုတ္ျပန္ေျပာဆိုခဲ့ျခင္းမရွိပါဘူး။

“ပစ္ခတ္သူ ဒါမွမဟုတ္ ပစ္ခတ္ခဲ့သူေတြက အျပင္ဘက္ကပါ”လို႔ လန္ကတ္စတာအုပ္ခ်ဳပ္ေရးမႉး ကဆိုပါတယ္။ “ အားလုံး ဒီကလပ္ပစ္ခတ္မႈအတြက္ ဘယ္သူလဲဆိုတာသိရင္ေျပာဖို႔ လိုပါတယ္။ဒီအတြက္ မ်က္ျမင္သက္ေသေတြ ခ်က္ခ်င္းဆက္သြယ္ေပးပါ”လို႔ ေျပာခဲ့ပါတယ္။

ပစ္ခတ္မႈျဖစ္ေနစဥ္မွာ ကလပ္ထဲ လူေတြ အမ်ားႀကီးွရိေနခဲ့တယ္လို႔ လန္ကတ္စတာခ႐ိုင္အုပ္ခ်ဳပ္ေရး မႉး႐ုံး ေျပာေရးဆိုခြင့္ရွိသူ ေဒါ့ဘာဖီးလ္က ေျပာပါတယ္။ထိခိုက္ဒဏ္ရာရသူ ေလးဦးကို ေဆးကုသဖို႔ ေလယာဥ္နဲ႔ ပို႔ခဲ့ရတယ္လို႔ ဘာဖီးလ္က ဆိုပါတယ္။အဆိုပါဒဏ္ရာရသူမ်ားရဲ႕အေျခေအနကို ခ်က္ခ်င္းမထုတ္ျပန္ခဲ့ပါဘူး။

တျခားထိခိုက္ဒဏ္ရာရတဲ့ သူ ေလးဦးကိုေဆး႐ုံမွာ ကုသေပးေနၿပီး ၎တို႔အေျခအေနက စိုးရိမ္ရတဲ့ အေျခအေနမဟုတ္ဘူးလို႔ ၎က ဆိုပါတယ္။ဘားထဲမွာ ထိခိုက္ဒဏ္ရာရတဲ့ သူေတြကို ခြဲျခားထား တယ္လို႔ ဆိုပါတယ္။၎တို႔ကို ေဆးကုသေပးၿပီး ျပန္လႊတ္ခဲ့တယ္လို႔ အုပ္ခ်ဳပ္ေရး႐ုံးက ဆိုပါတယ္။လန္ကတ္စတာမွာ ေျမာက္ကယ္႐ိုလိုင္းနားရွိ ခ်ာေလာ့တီၿမိဳ႕ေတာင္ဘက္ မိုင္ ၄၀ အကြာတြင္ တည္ရွိခဲ့ပါတယ္။

Linko
Ref:CNN
ဝါရွင္တန္၊စက္တင္ဘာ ၂၁