တူရကီနှင့် ဆီးရီးယားတို့ စစ်ပွဲကြီးတစ်ရပ်ဖြစ်မည့် အခြေအနေတွင်ရှိနေ

တူရကီနှင့် ဆီးရီးယားတို့ စစ်ပွဲကြီးတစ်ရပ်ဖြစ်မည့် အခြေအနေတွင်ရှိနေ

ဆီးရီးယားပိုင် အစ်ဒလစ်ပြည်နယ်တွင် တူရကီနှင့် စစ်ပွဲကြီးတစ်ရပ် ဖြစ်နိုင်သည့် အလားအလာများ ဖြစ်ပေါ်နေပါတယ်။

နိုင်ငံတကာက ပါဝင်ချုပ်ဆိုထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာလည်း စတင်ပျက်ပြားနေပြီး နှစ်နိုင်ငံအကြားလက်ရှိ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် လူအများပြားလည်း ဒုက္ခကြုံတွေ့နေရပါတယ်။

ဆီးရီးယားတို့၏ ရဟတ်ယာဉ်တစ်စင်းအား တူရကီက ပစ်ချလိုက်သည့် ဗီဒီယိုတစ်ခု ဖေဖော်ဝါရီ ၁၁ ရက်က ထွက်ပေါ်လာခဲ့သလို ဖေဖော်ဝါရီ ၁၀ ရက်က တူရကီစစ်သား ၅ ဦးထက်မနည်း သေဆုံးရခြင်းအပေါ် တန်ဖိုးကြီးမားစွာ ပြန်လည်ပေးဆပ်ရမည်ဟု တူရကီသမ္မတတေယစ်အာဒိုဂန်က ပြောကြားထားပါတယ်။

သမ္မတထရမ့်က အမေရိကန်တပ်ဖွဲ့များကို ဆီးရီးယားနှင့် တူရကီနယ်စပ်မှ ရုပ်သိမ်းပြီး ၄ လအကြာ၌ အစ်ဒလစ်ပြည်နယ်တွင် အခြေအနေများ ဆိုးရွားလာပါတယ်။ ယင်းကဲ့သို့တပ်များရုပ်သိမ်းခြင်းသည် ယင်းဒေသမှ အကြမ်းဖက်သမားများကို ရှင်းလင်းနိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တူရကီအစိုးရက ပြောကြားထားပါတယ်။

ယင်းကဲ့သို့ ရုပ်သိမ်းသွားခြင်းကြောင့် ရုရှားနှင့် ဆီးရီးယားတို့သည်လည်း ဆီးရီးယားတွင် အင်အားများ စုစည်းသွားစေပြီး ၉ နှစ်ကြာ ပြည်တွင်းစစ်ပွဲအပြီး သူပုန်တပ်ဖွဲ့များသိမ်းယူခဲ့သည့် နယ်မြေအများအပြားကို ဆီးရီးယားက ပြန်လည်သိမ်းယူခဲ့ပါတယ်။

ပြန်လည်မြင့်တက်လာသည့် ဆီးရီးယားပြဿနာသည် တူရကီအား အကြပ်အတည်း ဖြစ်စေနိုင်သလို နိုင်ငံတွင်း စစ်အင်အားများကို တိုးချဲ့ရန် လိုအပ်လာမည်ဟု လေ့လာသူများက သုံးသပ်ထားပါတယ်။

ယခုစစ်ပွဲကို ဟန့်တားနိုင်မည့်သူမှာ ရုရှားသမ္မတဗလာဒီမာပူတင်ဖြစ်သောကြောင့် ၎င်းအတွက် အမြတ်ထွက်လာနိုင်ကြောင်း လေ့လာသူများက ဆိုပါတယ်။

Linko
Ref : washingtontimes.com
အန်ကာရာ၊ ဖေဖော်ဝါရီ - ၁၂

( Zawgyi )

ဆီးရီးယားပိုင္ အစ္ဒလစ္ျပည္နယ္တြင္ တူရကီႏွင့္ စစ္ပြဲႀကီးတစ္ရပ္ ျဖစ္ႏိုင္သည့္ အလားအလာမ်ား ျဖစ္ေပၚေနပါတယ္။

ႏိုင္ငံတကာက ပါဝင္ခ်ဳပ္ဆိုထားသည့္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္မွာလည္း စတင္ပ်က္ျပားေနၿပီး ႏွစ္ႏိုင္ငံအၾကားလက္ရွိ ျဖစ္ပြားေနသည့္ တိုက္ခိုက္မႈမ်ားေၾကာင့္ လူအမ်ားျပားလည္း ဒုကၡႀကဳံေတြ႕ေနရပါတယ္။

ဆီးရီးယားတို႔၏ ရဟတ္ယာဥ္တစ္စင္းအား တူရကီက ပစ္ခ်လိုက္သည့္ ဗီဒီယိုတစ္ခု ေဖေဖာ္ဝါရီ ၁၁ ရက္က ထြက္ေပၚလာခဲ့သလို ေဖေဖာ္ဝါရီ ၁၀ ရက္က တူရကီစစ္သား ၅ ဦးထက္မနည္း ေသဆုံးရျခင္းအေပၚ တန္ဖိုးႀကီးမားစြာ ျပန္လည္ေပးဆပ္ရမည္ဟု တူရကီသမၼတေတယစ္အာဒိုဂန္က ေျပာၾကားထားပါတယ္။

သမၼတထရမ့္က အေမရိကန္တပ္ဖြဲ႕မ်ားကို ဆီးရီးယားႏွင့္ တူရကီနယ္စပ္မွ ႐ုပ္သိမ္းၿပီး ၄ လအၾကာ၌ အစ္ဒလစ္ျပည္နယ္တြင္ အေျခအေနမ်ား ဆိုး႐ြားလာပါတယ္။ ယင္းကဲ့သို႔တပ္မ်ား႐ုပ္သိမ္းျခင္းသည္ ယင္းေဒသမွ အၾကမ္းဖက္သမားမ်ားကို ရွင္းလင္းႏိုင္ရန္ လုပ္ေဆာင္ျခင္း ျဖစ္ေၾကာင္း တူရကီအစိုးရက ေျပာၾကားထားပါတယ္။

ယင္းကဲ့သို႔ ႐ုပ္သိမ္းသြားျခင္းေၾကာင့္ ႐ုရွားႏွင့္ ဆီးရီးယားတို႔သည္လည္း ဆီးရီးယားတြင္ အင္အားမ်ား စုစည္းသြားေစၿပီး ၉ ႏွစ္ၾကာ ျပည္တြင္းစစ္ပြဲအၿပီး သူပုန္တပ္ဖြဲ႕မ်ားသိမ္းယူခဲ့သည့္ နယ္ေျမအမ်ားအျပားကို ဆီးရီးယားက ျပန္လည္သိမ္းယူခဲ့ပါတယ္။

ျပန္လည္ျမင့္တက္လာသည့္ ဆီးရီးယားျပႆနာသည္ တူရကီအား အၾကပ္အတည္း ျဖစ္ေစႏိုင္သလို ႏိုင္ငံတြင္း စစ္အင္အားမ်ားကို တိုးခ်ဲ႕ရန္ လိုအပ္လာမည္ဟု ေလ့လာသူမ်ားက သုံးသပ္ထားပါတယ္။

ယခုစစ္ပြဲကို ဟန႔္တားႏိုင္မည့္သူမွာ ႐ုရွားသမၼတဗလာဒီမာပူတင္ျဖစ္ေသာေၾကာင့္ ၎အတြက္ အျမတ္ထြက္လာႏိုင္ေၾကာင္း ေလ့လာသူမ်ားက ဆိုပါတယ္။

Linko
Ref : washingtontimes.com
အန္ကာရာ၊ ေဖေဖာ္ဝါရီ - ၁၂