တာလီဘန် အကျဉ်းသား ၁၅၀၀ လွှတ်ပေးရန် အာဖဂန်သမ္မတ အမိန့်အတည်ပြုထုတ်ပြန်

တာလီဘန် အကျဉ်းသား ၁၅၀၀ လွှတ်ပေးရန် အာဖဂန်သမ္မတ အမိန့်အတည်ပြုထုတ်ပြန်

တာလီဘန်အကျဉ်းသား ၁၅၀၀ ကို မတ် ၁၄ ရက်မှစတင်လွှတ်ပေးရန် အမိန့်တစ်ရပ်အား အာဖဂန်နစ္စတန်သမ္မတ မိုဟာမက်အက်ရှ် ရက်ဖ်ဂါနီ က ယမန်နေ့က အမိန့်တစ်ရပ်ကို အတည်ပြု လက်မှတ်ရေးထိုးလိုက်ပါတယ်။ နှစ်ဖက်ဆွေးနွေးပွဲမတိုင်မီ ၎င်းတို့ အကျဉ်းသား များအား လွှတ်ပေးရန် တာလီဘန်တို့ဖက်က တောင်းဆိုမှုများ ရှိခဲ့သည်အပေါ် အာဖဂန်အစိုးရက ယခုကဲ့သို့ ဆောင်ရွက်ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ယင်းအစီအစဉ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုအနေဖြင့် ယခင်က သဘောမကျခဲ့သော်လည်း အာဖဂန်သမ္မတ၏ ယခုဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။အာဖဂန်အရေးဆိုင်ရာ ဆွေးနွေးပွဲများအတွက် နိုင်ငံတော်အဆင့်အဖွဲ့ ဖွဲ့စည်းလိုက်ခြင်း ကိုလည်း ပွန်ပဲယိုက ချီးမွမ်းပြောကြားခဲ့ပါတယ်။

ကျေးလက်ဒေသများတွင် အာဖဂန်ပြည်သူများအား တိုက်ခိုက်နေခြင်း၊ နိုင်ငံတွင်း သမ္မတအဖြစ် ကြေညာထား သူ ၂ ဦးရှိနေခြင်းကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာပြဿနာများစသည့် စိန်ခေါ်မှုများ ရှိနေသေးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ အမျိုးသမီး မော်ဂန်အိုတာဂက်စ်က မှတ်ချက်ပေးထားပါတယ်။

သမ္မတဂါနီ၏ ပြိုင်ဖက်ဖြစ်သူ အဗ္ဗဒူလာကလည်း ရွေးကောက်ပွဲတွင် အနိုင်ရကြောင်းနှင့် သူကိုယ်တိုင် သမ္မတဖြစ်ကြောင်း ကြေညာ ထားပါတယ်။ တာလီဘန်တို့နှင့် ပြေလည်မှုရခဲ့ပါကလည်း နိုင်ငံတွင်း သမ္မတသတ်မှတ်ရေးဆိုင်ရာ အခက်အခဲအပေါ် စိုးရိမ်မှုများလည်း ရှိနေပါတယ်။

တာလီဘန်များက မိမိတို့ အကျဉ်းသား ၁၅၀၀ လွှတ်ပေးယုံဖြင့် မလုံလောက်ကြောင်းနှင့် စုစုပေါင်း ဖမ်းဆီးထားသူ ၅၀၀၀ စလုံးကို လွှတ်ပေးမှသာ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ပြောထားပါတယ်။ တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက “မိမိတို့ရဲ့ အကျဉ်းသားတွေကို ခြွင်းချက်နဲ့ လွှတ်ပေးနေတာကို လက်မခံပါဘူး၊ ဒီလိုလုပ်ခြင်းဟာ ဖေဖော်ဝါရီ ၂၉ ရက်က လက်မှတ်ရေးထိုး ထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားပါတယ်။

အာဖဂန်အစိုးရအရာရှိတစ်ဦးက ယင်းတောင်းဆိုမှုအပေါ် မတ် ၁၁ ရက်က တုံ့ပြန်ရာတွင် “တာလီဘန်တို့အနေနဲ့ တိုက်ရိုက်ဆွေးနွေးမှု တွေ လုပ်ဖို့ သဘောမတူညီသေးဘဲ၊ အကြမ်းဖက်တိုက်ခိုက်မှုလုပ်တာတွေကို သိသိသာသာ မလျှော့သေးဘဲနဲ့ သူတို့လူ ၅၀၀၀ စလုံးကို တစ်ပြိုင်တည်း လွှတ်ပေးဖို့ မဖြစ်နိုင်ပါဘူး” ပြောပါတယ်။

Linko
Ref: Breitbart
ကဘူးလ်၊ မတ် ၁၂

(  Zawgyi  )

 တာလီဘန္အက်ဥ္းသား ၁၅၀၀ ကို မတ္ ၁၄ ရက္မွစတင္လႊတ္ေပးရန္ အမိန႔္တစ္ရပ္အား အာဖဂန္နစၥတန္သမၼတ မိုဟာမက္အက္ရွ္ ရက္ဖ္ဂါနီ က ယမန္ေန႔က အမိန႔္တစ္ရပ္ကို အတည္ျပဳ လက္မွတ္ေရးထိုးလိုက္ပါတယ္။ ႏွစ္ဖက္ေဆြးေႏြးပြဲမတိုင္မီ ၎တို႔ အက်ဥ္းသား မ်ားအား လႊတ္ေပးရန္ တာလီဘန္တို႔ဖက္က ေတာင္းဆိုမႈမ်ား ရွိခဲ့သည္အေပၚ အာဖဂန္အစိုးရက ယခုကဲ့သို႔ ေဆာင္႐ြက္ေပးခဲ့ျခင္းပဲ ျဖစ္ပါတယ္။

ယင္းအစီအစဥ္ကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပဲယိုအေနျဖင့္ ယခင္က သေဘာမက်ခဲ့ေသာ္လည္း အာဖဂန္သမၼတ၏ ယခုဆုံးျဖတ္ခ်က္ကို ႀကိဳဆိုလိုက္ပါတယ္။အာဖဂန္အေရးဆိုင္ရာ ေဆြးေႏြးပြဲမ်ားအတြက္ ႏိုင္ငံေတာ္အဆင့္အဖြဲ႕ ဖြဲ႕စည္းလိုက္ျခင္း ကိုလည္း ပြန္ပဲယိုက ခ်ီးမြမ္းေျပာၾကားခဲ့ပါတယ္။

ေက်းလက္ေဒသမ်ားတြင္ အာဖဂန္ျပည္သူမ်ားအား တိုက္ခိုက္ေနျခင္း၊ ႏိုင္ငံတြင္း သမၼတအျဖစ္ ေၾကညာထား သူ ၂ ဦးရွိေနျခင္းကဲ့သို႔ ေ႐ြးေကာက္ပြဲဆိုင္ရာျပႆနာမ်ားစသည့္ စိန္ေခၚမႈမ်ား ရွိေနေသးေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရ အမ်ိဳးသမီး ေမာ္ဂန္အိုတာဂက္စ္က မွတ္ခ်က္ေပးထားပါတယ္။

သမၼတဂါနီ၏ ၿပိဳင္ဖက္ျဖစ္သူ အဗၺဒူလာကလည္း ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရေၾကာင္းႏွင့္ သူကိုယ္တိုင္ သမၼတျဖစ္ေၾကာင္း ေၾကညာ ထားပါတယ္။ တာလီဘန္တို႔ႏွင့္ ေျပလည္မႈရခဲ့ပါကလည္း ႏိုင္ငံတြင္း သမၼတသတ္မွတ္ေရးဆိုင္ရာ အခက္အခဲအေပၚ စိုးရိမ္မႈမ်ားလည္း ရွိေနပါတယ္။

တာလီဘန္မ်ားက မိမိတို႔ အက်ဥ္းသား ၁၅၀၀ လႊတ္ေပးယုံျဖင့္ မလုံေလာက္ေၾကာင္းႏွင့္ စုစုေပါင္း ဖမ္းဆီးထားသူ ၅၀၀၀ စလုံးကို လႊတ္ေပးမွသာ အစိုးရႏွင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမည္ဟု ေျပာထားပါတယ္။ တာလီဘန္ေျပာခြင့္ရပုဂၢိဳလ္ တစ္ဦးက “မိမိတို႔ရဲ႕ အက်ဥ္းသားေတြကို ႁခြင္းခ်က္နဲ႔ လႊတ္ေပးေနတာကို လက္မခံပါဘူး၊ ဒီလိုလုပ္ျခင္းဟာ ေဖေဖာ္ဝါရီ ၂၉ ရက္က လက္မွတ္ေရးထိုး ထားတဲ့ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ျခင္း ျဖစ္ပါတယ္” ဟု ေျပာၾကားပါတယ္။

အာဖဂန္အစိုးရအရာရွိတစ္ဦးက ယင္းေတာင္းဆိုမႈအေပၚ မတ္ ၁၁ ရက္က တုံ႔ျပန္ရာတြင္ “တာလီဘန္တို႔အေနနဲ႔ တိုက္႐ိုက္ေဆြးေႏြးမႈ ေတြ လုပ္ဖို႔ သေဘာမတူညီေသးဘဲ၊ အၾကမ္းဖက္တိုက္ခိုက္မႈလုပ္တာေတြကို သိသိသာသာ မေလွ်ာ့ေသးဘဲနဲ႔ သူတို႔လူ ၅၀၀၀ စလုံးကို တစ္ၿပိဳင္တည္း လႊတ္ေပးဖို႔ မျဖစ္ႏိုင္ပါဘူး” ေျပာပါတယ္။

Linko
Ref: Breitbart
ကဘူးလ္၊ မတ္ ၁၂