တရုတ်ဗိုင်းရပ်စ်ဟု ခေါ်ဝေါ်ခြင်းအပေါ် သမ္မတထရမ့် တုံ့ပြန်

တရုတ်ဗိုင်းရပ်စ်ဟု ခေါ်ဝေါ်ခြင်းအပေါ် သမ္မတထရမ့် တုံ့ပြန်

Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့မှုသည် အမေရိကန်စစ်တပ်ကြောင့်ဟု တရုတ်က ပြစ်တင်ရှုတ်ချရန် ကြိုးပမ်းခဲ့ သောကြောင့် ‘တရုတ်ဗိုင်းရပ်စ်’ ဟု ခေါ်ဝေါ်သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခုခံ ပြောကြားလိုက်ပါတယ်။“မိမိတို့ရဲ့ စစ်တပ်ကြောင့် ဗိုင်းရပ်စ်ပျံ့နှံ့မှု ဖြစ်ပွားရတယ်လို့ တရုတ်က ပြောနေတာကို လက်မခံနိုင်ပါဘူး။ မိမိတို့ စစ်တပ်က ဒီရောဂါ ဘယ်သူ့ကိုမှ မဖြစ်စေခဲ့ ပါဘူး” ဟု ထရမ့် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“အမေရိကန်စစ်တပ်ကြောင့် ဒီရောဂါဖြစ်ရတယ်လို့ တရုတ်က သတင်းမှားတွေပေးနေပါတယ်။ ဒါကြောင့် ဒီဗိုင်းရပ်စ် ဘယ်ကလာတယ် ဆိုတာ သိအောင် ပြောလိုက်ခြင်း ဖြစ်ပါတယ်။ ဒါက တရုတ်ကနေ စတာကြောင့် တရုတ်ဗိုင်းရပ်ဆိုတဲ့ အသုံးအနှုန်းက ပိုမိုမှန်ကန် ပါတယ်” ဟု ၎င်းက ပြောကြားပါတယ်။အဆိုပါအသုံးအနှုန်းသည်လည်း ရှက်စရာ၊ နာစရာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

“ကျွန်တော်ကတော့ ဒါကို နာစရာကိစ္စမဟုတ်ဘူးလို့ထင်ပါတယ်။ ကျွန်တော်တို့ စစ်တပ်က ဒီရောဂါကို ဖြစ်စေခဲ့ တယ်လို့ သူတို့ ပြောတာကသာ ရှက်စရာကောင်းပါတယ်” ဟု ထရမ့်က ပြောပါတယ်။အမေရိကန်က ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်ပြည်သို့ ယူဆောင်လာ ခဲ့ခြင်းဖြစ်ပြီး ရောဂါမူရင်းသည် မြို့တော်ဝူဟန် မဟုတ်ကြောင်း တရုတ်အကြီးတန်းအရာရှိတစ်ဉီးက ဖန်တီးပြောဆိုခဲ့သည်ဟု စီအင်န်အင်န်သတင်းဌာနက ယခင်က ဖော်ပြခဲ့ပါတယ်။

အစိုးရ အပါအဝင် တရုတ်လူမှုမီဒီယာများက  နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ဇစ်မြစ်ကို သိရှိအောင် စုံစမ်းမေး မြန်မှုများ လုပ်ဆောင်ခဲ့ပါတယ်။ ယခုအခါ ကမ္ဘာပေါ်တွင် Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၇၀၀၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

Linko
Ref: CNN
ဝါရှင်တန်၊ မတ် ၁၈

(  Zawgyi  )

 Covid-19 ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈသည္ အေမရိကန္စစ္တပ္ေၾကာင့္ဟု တ႐ုတ္က ျပစ္တင္ရႈတ္ခ်ရန္ ႀကိဳးပမ္းခဲ့ ေသာေၾကာင့္ ‘တ႐ုတ္ဗိုင္းရပ္စ္’ ဟု ေခၚေဝၚသုံးစြဲခဲ့ျခင္း ျဖစ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ခုခံ ေျပာၾကားလိုက္ပါတယ္။“မိမိတို႔ရဲ႕ စစ္တပ္ေၾကာင့္ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈ ျဖစ္ပြားရတယ္လို႔ တ႐ုတ္က ေျပာေနတာကို လက္မခံႏိုင္ပါဘူး။ မိမိတို႔ စစ္တပ္က ဒီေရာဂါ ဘယ္သူ႔ကိုမွ မျဖစ္ေစခဲ့ ပါဘူး” ဟု ထရမ့္ အိမ္ျဖဴေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

“အေမရိကန္စစ္တပ္ေၾကာင့္ ဒီေရာဂါျဖစ္ရတယ္လို႔ တ႐ုတ္က သတင္းမွားေတြေပးေနပါတယ္။ ဒါေၾကာင့္ ဒီဗိုင္းရပ္စ္ ဘယ္ကလာတယ္ ဆိုတာ သိေအာင္ ေျပာလိုက္ျခင္း ျဖစ္ပါတယ္။ ဒါက တ႐ုတ္ကေန စတာေၾကာင့္ တ႐ုတ္ဗိုင္းရပ္ဆိုတဲ့ အသုံးအႏႈန္းက ပိုမိုမွန္ကန္ ပါတယ္” ဟု ၎က ေျပာၾကားပါတယ္။အဆိုပါအသုံးအႏႈန္းသည္လည္း ရွက္စရာ၊ နာစရာမဟုတ္ေၾကာင္း ၎က ေျပာပါတယ္။

“ကြၽန္ေတာ္ကေတာ့ ဒါကို နာစရာကိစၥမဟုတ္ဘူးလို႔ထင္ပါတယ္။ ကြၽန္ေတာ္တို႔ စစ္တပ္က ဒီေရာဂါကို ျဖစ္ေစခဲ့ တယ္လို႔ သူတို႔ ေျပာတာကသာ ရွက္စရာေကာင္းပါတယ္” ဟု ထရမ့္က ေျပာပါတယ္။အေမရိကန္က ကို႐ိုနာဗိုင္းရပ္စ္ကို တ႐ုတ္ျပည္သို႔ ယူေဆာင္လာ ခဲ့ျခင္းျဖစ္ၿပီး ေရာဂါမူရင္းသည္ ၿမိဳ႕ေတာ္ဝူဟန္ မဟုတ္ေၾကာင္း တ႐ုတ္အႀကီးတန္းအရာရွိတစ္ဉီးက ဖန္တီးေျပာဆိုခဲ့သည္ဟု စီအင္န္အင္န္သတင္းဌာနက ယခင္က ေဖာ္ျပခဲ့ပါတယ္။

အစိုးရ အပါအဝင္ တ႐ုတ္လူမႈမီဒီယာမ်ားက  ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ ဇစ္ျမစ္ကို သိရွိေအာင္ စုံစမ္းေမး ျမန္မႈမ်ား လုပ္ေဆာင္ခဲ့ပါတယ္။ ယခုအခါ ကမာၻေပၚတြင္ Covid-19 ဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၁၇၀၀၀၀ ေက်ာ္ ရွိသြားၿပီ ျဖစ္ပါတယ္။

Linko
Ref: CNN
ဝါရွင္တန္၊ မတ္ ၁၈