တရုတ်နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲ ဆက်လက်လုပ်ဆောင်နေကြောင်း အမေရိကန် သမ္မတပြော ကြား

တရုတ်နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲ ဆက်လက်လုပ်ဆောင်နေကြောင်း အမေရိကန် သမ္မတပြော ကြား

တရုတ်နှင့် ကုန်သွယ်ရေးဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေသော်လည်း ၎င်းတို့ဘက်မှ အမေရိကန် အတွက် မှန်ကန်သည့် သဘောတူညီမှုကို လုပ်ဆောင်မှသာ အနေဖြင့် မိမိတို့အနေဖြင့် ကုန်သွယ်‌ရေးသဘောတူညီချက်ကို ရယူသွားမည်ဟု ဒေါ်နယ် ထရမ့်က  နိုဝင်ဘာ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

အလာဘားမားပြည်နယ်၊ တွစ်စ်ကယ်လူဆာသို့ မသွားရောက်မီ Joint Base Andrews စစ်စခန်း၌ သတင်းထောက်များအား ပြောကြားရာတွင် ဆွေးနွေးပွဲသည် မိမိဖြစ်စေချင်သည်ထက် နှေးကွေးနေကြောင်း၊ သို့သော် တရုတ် ဘက်မှ သဘောတူညီချက်ကို မိမိထက် ပိုမိုလုပ်ဆောင်လိုကြောင်း ထရမ့်က ပြောကြားပါတယ်။

“တရုတ်နှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ ဆက်လက်လုပ်ဆောင်နေပါတယ်။ အဆင်ပြေတယ်လို့ ထင်ပါတယ်။ ကောင်းမွန်တဲ့ သဘောတူညီချက်ကို ရရှိမှသာ လက်ခံမှာပါ။ မကောင်းရင်တော့ လက်မခံနိုင်ပါဘူး” ဟု ထရမ့်က ပြောပါတယ်။

“သဘောတူညီချက် လု်ပဆောင်လိုပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ သဘောတူညီချက် ဖြစ်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောပါတယ်။

“တရုတ်က ကုန်သွယ်ရေးသဘောတူညီချက်ကို အရမ်းရရှိချင်နေပါတယ်။ သူတို့အနေနဲ့ နှစ်ပေါင်း ၅၇ နှစ်လောက်မှာ အဆိုးဆုံး နှစ်ကို ကြုံတွေ့နေရပါတယ်။  သူတို့၏ စီးပွားရေးကွင်းဆက်တွေ ဥတစ်လုံးလို ပျက်စီးကုန် ပါတယ်။ သူတို့က သဘောတူညီချက် ပြုလုပ်ချင်နေပါပြီ။ မဖြစ်မနေ လုပ်ဖို့ လိုနေပြီလား မသိပါဘူး။ ဒါကကျုပ်ကိစ္စမဟုတ်ဘူး၊ သူတို့ကိစ္စပါ” ဟု ထရမ့်က ပြောပါတယ်။

အမေရိကန်အနေနဲ့ အခွန်ကောက်ခံမှုကို ရုပ်သိမ်းပေးလိုကြောင်း မမှန်ကန်သည့် သတင်းများကို ထရမ့်က ငြင်းဆို လိုက်ပြီး လက်ရှိအချိန်တွင် အမေရိကန်အတွက် ဒေါ်လာဘီလျံ ဆယ်ဂဏန်းအထိ အကျိုးအမြတ်ရသွားပြီဖြစ်ကာ မကြာမီအချိန်တွင် ဘီလျံရာဂဏန်းအထိ အကျိုးအမြတ်ရရှိမည်ဟု ၎င်းက ပြောပါတယ်။

“မမှန်ကန်တဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကျုပ်ဘာလုပ်မလဲဆိုတာ ခင်ဗျားတို့ တွေ့ရပါလိမ့် မယ်။ အခွန် ကောက်ခံမှုနဲ့ ပတ်သက်လို့ ပုံစံပြောင်းသွားပေမယ့် အခွန်အမြဲတမ်းရနေပါလိမ့်မယ်” ဟု ၎င်းက ပြောပါတယ်။

ထိခိုက်နစ်နာစေသည့် ကုန်သွယ်ရေး စစ်ပွဲကို အဆုံးသတ်မည့် သဘောတူညီချက်အဆင့် ၁ တွင် တရုတ်နှင့် အမေရိကန်တို့အနေဖြင့် တစ်ဖက်စီမှ တင်သွင်းသည့် ကုန်ပစ္စည်းများပေါ်တွင် အခွန်ကောက်ခံမှုအား ရုပ်သိမ်း သွားမည်ဖြစ်ကြောင်း တရုတ်နှင် အမေရိကန်တာဝန်ရှိသူများက ပြောကြားပါတယ်။

သို့သော် ယင်းအစီစဉ်ကို သမ္မတထရမ့်၏ အစိုးရမှ အချို့ဌာနများက ပြင်းထန်စွာ ကန့်ကွက်လျှက်ရှိ ပါတယ်။

သို့သော်ထရမ့်က အခွန်ရုပ်သိမ်းရေဂ အစီအစဉ်ကို မိမိသဘောတူမထားသောကြောင်း ထရမ့်က နိုဝင်ဘာ ၈ ရက်မှာ သတင်းထောက်များကို ပြောကြားပါတယ်။

Linko
Ref:Reuter
ဝါရှင်တန်၊ နိုဝင်ဘာ ၁၀

(  Zawgyi  )

 တ႐ုတ္ႏွင့္ ကုန္သြယ္ေရးေဆြးေႏြးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေသာ္လည္း ၎တို႔ဘက္မွ အေမရိကန္ အတြက္ မွန္ကန္သည့္ သေဘာတူညီမႈကို လုပ္ေဆာင္မွသာ အေနျဖင့္ မိမိတို႔အေနျဖင့္ ကုန္သြယ္‌ေရးသေဘာတူညီခ်က္ကို ရယူသြားမည္ဟု ေဒၚနယ္ ထရမ့္က  ႏိုဝင္ဘာ ၉ ရက္မွာ ေျပာၾကားလိုက္ပါတယ္။

အလာဘားမားျပည္နယ္၊ တြစ္စ္ကယ္လူဆာသို႔ မသြားေရာက္မီ Joint Base Andrews စစ္စခန္း၌ သတင္းေထာက္မ်ားအား ေျပာၾကားရာတြင္ ေဆြးေႏြးပြဲသည္ မိမိျဖစ္ေစခ်င္သည္ထက္ ေႏွးေကြးေနေၾကာင္း၊ သို႔ေသာ္ တ႐ုတ္ ဘက္မွ သေဘာတူညီခ်က္ကို မိမိထက္ ပိုမိုလုပ္ေဆာင္လိုေၾကာင္း ထရမ့္က ေျပာၾကားပါတယ္။

“တ႐ုတ္ႏွင့္ ကုန္သြယ္ေရး ေဆြးေႏြးပြဲ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ အဆင္ေျပတယ္လို႔ ထင္ပါတယ္။ ေကာင္းမြန္တဲ့ သေဘာတူညီခ်က္ကို ရရွိမွသာ လက္ခံမွာပါ။ မေကာင္းရင္ေတာ့ လက္မခံႏိုင္ပါဘူး” ဟု ထရမ့္က ေျပာပါတယ္။

“သေဘာတူညီခ်က္ လု္ပေဆာင္လိုပါတယ္။ ဒါေပမယ့္ မွန္ကန္တဲ့ သေဘာတူညီခ်က္ ျဖစ္ဖို႔ လိုပါတယ္” ဟု ၎က ေျပာပါတယ္။

“တ႐ုတ္က ကုန္သြယ္ေရးသေဘာတူညီခ်က္ကို အရမ္းရရွိခ်င္ေနပါတယ္။ သူတို႔အေနနဲ႔ ႏွစ္ေပါင္း ၅၇ ႏွစ္ေလာက္မွာ အဆိုးဆုံး ႏွစ္ကို ႀကဳံေတြ႕ေနရပါတယ္။  သူတို႔၏ စီးပြားေရးကြင္းဆက္ေတြ ဥတစ္လုံးလို ပ်က္စီးကုန္ ပါတယ္။ သူတို႔က သေဘာတူညီခ်က္ ျပဳလုပ္ခ်င္ေနပါၿပီ။ မျဖစ္မေန လုပ္ဖို႔ လိုေနၿပီလား မသိပါဘူး။ ဒါကက်ဳပ္ကိစၥမဟုတ္ဘူး၊ သူတို႔ကိစၥပါ” ဟု ထရမ့္က ေျပာပါတယ္။

အေမရိကန္အေနနဲ႔ အခြန္ေကာက္ခံမႈကို ႐ုပ္သိမ္းေပးလိုေၾကာင္း မမွန္ကန္သည့္ သတင္းမ်ားကို ထရမ့္က ျငင္းဆို လိုက္ၿပီး လက္ရွိအခ်ိန္တြင္ အေမရိကန္အတြက္ ေဒၚလာဘီလ်ံ ဆယ္ဂဏန္းအထိ အက်ိဳးအျမတ္ရသြားၿပီျဖစ္ကာ မၾကာမီအခ်ိန္တြင္ ဘီလ်ံရာဂဏန္းအထိ အက်ိဳးအျမတ္ရရွိမည္ဟု ၎က ေျပာပါတယ္။

“မမွန္ကန္တဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။ က်ဳပ္ဘာလုပ္မလဲဆိုတာ ခင္ဗ်ားတို႔ ေတြ႕ရပါလိမ့္ မယ္။ အခြန္ ေကာက္ခံမႈနဲ႔ ပတ္သက္လို႔ ပုံစံေျပာင္းသြားေပမယ့္ အခြန္အၿမဲတမ္းရေနပါလိမ့္မယ္” ဟု ၎က ေျပာပါတယ္။

ထိခိုက္နစ္နာေစသည့္ ကုန္သြယ္ေရး စစ္ပြဲကို အဆုံးသတ္မည့္ သေဘာတူညီခ်က္အဆင့္ ၁ တြင္ တ႐ုတ္ႏွင့္ အေမရိကန္တို႔အေနျဖင့္ တစ္ဖက္စီမွ တင္သြင္းသည့္ ကုန္ပစၥည္းမ်ားေပၚတြင္ အခြန္ေကာက္ခံမႈအား ႐ုပ္သိမ္း သြားမည္ျဖစ္ေၾကာင္း တ႐ုတ္ႏွင္ အေမရိကန္တာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။

သို႔ေသာ္ ယင္းအစီစဥ္ကို သမၼတထရမ့္၏ အစိုးရမွ အခ်ိဳ႕ဌာနမ်ားက ျပင္းထန္စြာ ကန႔္ကြက္လွ်က္ရွိ ပါတယ္။

သို႔ေသာ္ထရမ့္က အခြန္႐ုပ္သိမ္းေရဂ အစီအစဥ္ကို မိမိသေဘာတူမထားေသာေၾကာင္း ထရမ့္က ႏိုဝင္ဘာ ၈ ရက္မွာ သတင္းေထာက္မ်ားကို ေျပာၾကားပါတယ္။

Linko
Ref:Reuter
ဝါရွင္တန္၊ ႏိုဝင္ဘာ ၁၀