တရုတ်နိုင်ငံ ဓါတ်ခွဲခန်းတခုမှ ကိုရိုနာဗိုင်းရပ်စ် စတင်ခဲ့သည်ဟူသည့် အမေရိကန်အစိုးရ၏ ခန့်မှန်းပြောဆိုမှု အထောက်အထားမတွေ့ရဟု ဆို

တရုတ်နိုင်ငံ ဓါတ်ခွဲခန်းတခုမှ ကိုရိုနာဗိုင်းရပ်စ် စတင်ခဲ့သည်ဟူသည့် အမေရိကန်အစိုးရ၏ ခန့်မှန်းပြောဆိုမှု အထောက်အထားမတွေ့ရဟု ဆို

ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ ဓါတ်ခွဲခန်းတခုမှ စတင်ခဲ့သည်ဟူသည့် အမေရိကန်အစိုးရ၏ ခန့်မှန်းပြောဆိုမှုကို ခိုင်မာစေမည့် မည်သည့်အထောက်အထားကိုမျှ အမေရိကန်ပြည်ထောင်စု ထံမှ မရရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

“ဒီဗိုင်းရပ်စ်စတင်တယ်ဆိုတဲ့နေရာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရဆီက ဘာအချက်အလက် အထောက်အထားကိုမှ ကျနော်တို့မရရှိသေးဘူး။ ဒါကြောင့် ကျနော်တို့အမြင်အရ ပြောရရင် တော့ ဒါကခန့်မှန်းချက် အဆင့်မှာပဲရှိနေသေးတယ်” ဟု WHO အရေးပေါ်အခြေအနေများဆိုင်ရာ ညွုန်ကြားရေးမှူး မိုက်ကယ်ရန်းက ရှင်းလင်းပွဲတခုတွင်ပြောသည်။

ထိုလူအသေအပျောက်များစေသော ဗိုင်းရပ်စ်သည် တိရိစ္ဆာန်များမှ  လူသားများသို့ကူးစက်ကာ  တရုတ်နိုင်ငံတွင် လွန်ခဲ့သောနှစ်ကုန်စတင်ဖြစ်ပွားပြီး ထူးဆန်းသော တိရိစ္ဆာန်များကို အသား အဖြစ်ရောင်းသည့် ဝူဟန်ဈေးတခုမှ စတင်ခြင်းဖြစ်နိုင်သည်ဟု သိပ္ပံပညာရှင်များ ယုံကြည် ကြသည်။

ထိပ်တန်းအမေရိကန် ကူးစက်ရောဂါပညာရှင် အန်ထော်နီ ဖေါဆီကလည်း တနင်္လာနေ့ညနေက National Geographic နှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် WHO ၏ ပြောကြားချက်များ အတိုင်းသာပြောကြားသည်။

“လင်းနို့တွေမှာ ဒီဗိုင်းရပ်စ်ရဲ့ ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲမှုနဲ အခုကူးစက်နေတဲ့ ဗိုင်းရပ်စ်ကို ကြည့်ရင်သိပ္ပံပညာ အထောက်အထားတွေက ဒီဗိုင်းရပ်စ်ပိုးဟာ လူတွေက တမင်သက်သက် ရည်ရွယ်ချက်နဲ့ ဖန်တီးထားတာမဖြစ်နိုင်ဘူးဆို့တဲ့ဖက်ကိုပဲ အရမ်းကို ယိမ်းနေတယ်။

“အချိန်ကာလအလိုက် တဆင့်ဖြင်း ဖြစ်ပေါ်တိုးတက်မှုတွေကိုကြည့်ရင် ဒီဗိုင်းရပ်စ်က သဘာဝ အတိုင်း ဖြစ်ပေါ်တိုးတက်လာပြီ မျိုးစိတ်တွေ ခုန်ကူးတယ်ဆိုတာကို အခိုင်အမာပြသ နေတယ်” ဟု သူပြောသည်။

ထိုရောဂါကူးစက်မှုနှင့်ပတ်သက်သော တရုတ်အစိုးရ၏ စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး ပိုမိုဝေဖန် လာသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထိုဗိုင်းရပ်စ်သည် ဝူဟန်ရှိ ဓါတ်ခွဲခန်းတခုမှ စတင်ကြောင်း အထောက်အထားများရှိသည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်ပီယိုကလည်း ထိုပြောဆိုချက်အတွက် ကြီးမားသော အထောက်အထားများရှိကြောင်း တနင်္ဂနွေနေ့က ပြောဆိုခဲ့သော်လည်း အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝန်းကမူ ထိုရောဂါကူးစက်မှုသည် တိရိစ္ဆာန်မှ စတင်သည် သို့မဟုတ် ဓါတ်ခွဲခန်းမတော်တဆမှုမှ စတင်သည်ကို ဆက်လက်လေ့လာမည်ဖြစ်ကြောင်း လွန်ခဲ့သော အပါတ်ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံကမူ ဓါတ်ခွဲခန်းမှ ရောဂါပိုးစတင်သည်ဆိုသည့်အချက်ကို ပြင်းထန်စွာ ငြင်းဆန် သည်။

“အထောက်အထားကို အခြေခံလုပ်ဆောင်တဲ့ အခြားဘယ်အဖွဲမဆိုလိုပဲ ကျနော်တို့က ဒီဗိုင်းရပ်စ်ရဲ့ ရင်းမြစ်လို့ပြောတဲ့ သတင်းအချက်အလက်တွေကို ရယူဖို့ စိတ်အားထက် သန် ပါတယ်” ဟု ရန်း ကပြောပြီး ထိုသို့သော ဗိုင်းရပ်စ်၏ရင်းမြစ်နှင့် ပတ်သက်သည့် သတင်း အချက်အလက်သည် အနာဂါတ်ရောဂါ ထိန်းချုပ်ရေးအတွက်လည်း လွန်စွာအရေးပါကြောင်း အလေးအနက်ပြောကြားခဲ့သည်။

“အဲဒီလိုအချက်အလက်နဲ့အထောက်အထားသာရမယ်ဆိုရင် ဒါတွေကို မျှဝေမလား မဝေ ဘူးလား၊ ဘယ်တော့မျှဝေမလဲဆိုတာကိုဆုံးဖြတ်ဖို့က အမေရိကန်အစိုးရရဲ့ တာဝန်ဖြစ်သွားပြီ။ ဒါပေမယ့် အဲဒီလို သတင်းအချက်အလက် ကွင်းဆက်ပြတ်နေလို့ WHO အနေနဲ့ လုပ်ရကိုင်ရတာ အခက်အခဲဖြစ်နေတာပါ” ဟုလည်း သူပြောသည်။

တရုတ်နိုင်ငံကို အကာအကွယ်ပေးရန်အတွက် ရောဂါဖြစ်ပွားခြင်း၏ ပြင်းထန်မှုကို လျှော့ပေါ့ ဖေါ်ပြခဲ့သည်ဟု ထရမ့်ထံမှ ပြင်းထန်သော ဝေဖန်မှုများကို ခံနေရသည့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထိုဗိုင်းရပ်စ်သည် တိရိစ္ဆာန်ရင်းမြစ်မှ သဘာဝအတိုင်းစတင်ပေါ်ပေါက်ကြောင်း ထင်ရှားသည်ဟု အကြိမ်ကြိမ်ပြောဆိုခဲ့သည်။

တနင်္လာနေ့ကကျင်းပသည့် အထက်ပါရှင်းလင်းပွဲအတွင်းတွင်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်သူ မာရီယာဗန် ကာ့ခ်ဟို့ဖ်က နိုဗယ်ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇ အစုံ ၁၅၀၀၀ ခန့် ရှိကြောင်းနှင့် ထိုအထောက်အထားအားလုံးအရ ထိုဗိုင်းရပ်စ်သည် သဘာဝရင်းမြစ်မှ လာကြောင်း ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်သည် လင်းနို့များတွင် စတင်သော်လည်း လူသားများထံ မည်သို့ကူးစက် လာကြောင်း နှင့် မည်သည့် တိရိစ္ဆာန်က ကြားခံအဖြစ်ဆောင်ရွက်ခဲ့သည်ကို သိရှိရေးသည် လွန်စွာအရေးပါကြောင်း ကာ့ခ်ဟို့ဖ်နှင့် ရန်း တို့က အလေးအနက်ထားပြောကြားသည်။

“ကျနောတို့အနေနဲ့ အဲဒီသဘာ၀ ရင်းမြစ်အကြောင်း ပိုမိုနားလည်ဖို့လိုနေတယ်။ အထူး သဖြင့် တော့ လူသားတွေကိ ကူးစက်မှုမှာ ကြားခံအဖြစ်ဆောင်ရွက်ခဲ့တဲ့ တိရိစ္ဆာန်ကို သိဖို့လိုတယ်” ဟု ရန်းပြောသည်။

ဒီလိုမျိုးထပ်မဖြစ်အောင် တားဆီးဖို့ မှန်ကန်တဲ့ အများပြည်သူကျန်းမာရေးနဲ့ တိရိစ္ဆာန်နဲ့ လူသား ထိတွေ့ဆက်ဆံမှု မူဝါဒတွေချမှတ်ဖို့ ဒါကိုသိရဖို့အရေးကြီးတယ်” ဟု သူအလေးအနက် ပြောသည်။

ထိုကမ္ဘာတဝှမ်းကူးစက်ရောဂါ၏ တိရိစ္ဆာန်ရင်းမြစ်ကို တရုတ်နိုင်ငံက စုံစမ်းစစ်ဆေးရာတွင် ပါဝင်ရန် ဖိတ်ကြားခံလိုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လွန်ခဲ့သော အပါတ်က ပြောကြား ခဲ့သည်။

“ ကျနော်တို့ဟာ နိုင်ငံတိုင်း ရောဂါကူးစက်မှုတိုင်မှာလိုပဲ ဒီလိုစုံစမ်းစစ်ဆေးရာမှာ အကူအညီ ပေးဖို့ကမ်းလှမ်းတယ်” ဟု ရန်းက တနင်္လာနေ့တွင်ပြောသည်။

“တရုတ်ပညာရှင်တွေဆီကနေ ကျနော်တို့လည်းလေ့လာခွင့်ရမယ်” ဟု သူပြောသည်။

သို့သော် ထိုဗိုင်းရပ်စ်၏ ရင်းမြစ်နှင့်ပတ်သက်သော ပြဿနာများကို အပြစ်ရှာသော ပြင်းထန် သည့် စုံစမ်းစစ်ဆေးမှုအဖြစ် ပြုလုပ်ရန် ရည်ရွယ်ပါက ပြဿနာကို ဖြေရှင်းရန်ပိုမိုခက်ခဲမည် ဖြစ်ပြီး ထိုကိစ္စသည် နိုင်ငံရေးပြဿနာဖြစ်ကြောင်းလည်း သူပြောသည်။

“အဲဒီလိုဆိုရင် သိပ္ပံပညာက ဗဟိုချက်မှာမရှိတော့ဘူး” ဟု သူပြောသည်။

“သိပ္ပံပညာကိုအခြေခံတဲ့ စုံစမ်းစစ်ဆေးမှု၊ ဗိုင်းရပ်စ်ပိုးရင်းမြစ်မျိုးစိတ်နဲ့ ကြားခံမျိုးစိတ်ကို သိပ္ပံပညာအခြေခံတဲ့ စူးစမ်းလေ့လာမှုလုပ်နိုင်မယ်ဆိုရင် ဒီကမ္ဘာက လူသားတိုင်းအတွက် အကျိုးရှိမယ်” ဟု သူပြောသည်။

Linko
Ref:japantimes.co.jp
ဘေကျင်း၊ မေ ၅

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္စ္သည္ တ႐ုတ္ႏိုင္ငံ ဓါတ္ခြဲခန္းတခုမွ စတင္ခဲ့သည္ဟူသည့္ အေမရိကန္အစိုးရ၏ ခန႔္မွန္းေျပာဆိုမႈကို ခိုင္မာေစမည့္ မည္သည့္အေထာက္အထားကိုမွ် အေမရိကန္ျပည္ေထာင္စု ထံမွ မရရွိေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က တနလၤာေန႔တြင္ ေျပာၾကားလိုက္သည္။

“ဒီဗိုင္းရပ္စ္စတင္တယ္ဆိုတဲ့ေနရာနဲ႔ ပတ္သက္ၿပီး အေမရိကန္အစိုးရဆီက ဘာအခ်က္အလက္ အေထာက္အထားကိုမွ က်ေနာ္တို႔မရရွိေသးဘူး။ ဒါေၾကာင့္ က်ေနာ္တို႔အျမင္အရ ေျပာရရင္ ေတာ့ ဒါကခန႔္မွန္းခ်က္ အဆင့္မွာပဲရွိေနေသးတယ္” ဟု WHO အေရးေပၚအေျခအေနမ်ားဆိုင္ရာ ၫြဳန္ၾကားေရးမႉး မိုက္ကယ္ရန္းက ရွင္းလင္းပြဲတခုတြင္ေျပာသည္။

ထိုလူအေသအေပ်ာက္မ်ားေစေသာ ဗိုင္းရပ္စ္သည္ တိရိစာၦန္မ်ားမွ  လူသားမ်ားသို႔ကူးစက္ကာ  တ႐ုတ္ႏိုင္ငံတြင္ လြန္ခဲ့ေသာႏွစ္ကုန္စတင္ျဖစ္ပြားၿပီး ထူးဆန္းေသာ တိရိစာၦန္မ်ားကို အသား အျဖစ္ေရာင္းသည့္ ဝူဟန္ေဈးတခုမွ စတင္ျခင္းျဖစ္ႏိုင္သည္ဟု သိပၸံပညာရွင္မ်ား ယုံၾကည္ ၾကသည္။

ထိပ္တန္းအေမရိကန္ ကူးစက္ေရာဂါပညာရွင္ အန္ေထာ္နီ ေဖါဆီကလည္း တနလၤာေန႔ညေနက National Geographic ႏွင့္ျပဳလုပ္သည့္ ေတြ႕ဆုံေမးျမန္းခန္းတြင္ WHO ၏ ေျပာၾကားခ်က္မ်ား အတိုင္းသာေျပာၾကားသည္။

“လင္းႏို႔ေတြမွာ ဒီဗိုင္းရပ္စ္ရဲ႕ ဆင့္ကဲျဖစ္ေပၚေျပာင္းလဲမႈနဲ အခုကူးစက္ေနတဲ့ ဗိုင္းရပ္စ္ကို ၾကည့္ရင္သိပၸံပညာ အေထာက္အထားေတြက ဒီဗိုင္းရပ္စ္ပိုးဟာ လူေတြက တမင္သက္သက္ ရည္႐ြယ္ခ်က္နဲ႔ ဖန္တီးထားတာမျဖစ္ႏိုင္ဘူးဆို႔တဲ့ဖက္ကိုပဲ အရမ္းကို ယိမ္းေနတယ္။

“အခ်ိန္ကာလအလိုက္ တဆင့္ျဖင္း ျဖစ္ေပၚတိုးတက္မႈေတြကိုၾကည့္ရင္ ဒီဗိုင္းရပ္စ္က သဘာဝ အတိုင္း ျဖစ္ေပၚတိုးတက္လာၿပီ မ်ိဳးစိတ္ေတြ ခုန္ကူးတယ္ဆိုတာကို အခိုင္အမာျပသ ေနတယ္” ဟု သူေျပာသည္။

ထိုေရာဂါကူးစက္မႈႏွင့္ပတ္သက္ေသာ တ႐ုတ္အစိုးရ၏ စီမံခန႔္ခြဲမႈႏွင့္ပတ္သက္ၿပီး ပိုမိုေဝဖန္ လာေသာ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ထိုဗိုင္းရပ္စ္သည္ ဝူဟန္ရွိ ဓါတ္ခြဲခန္းတခုမွ စတင္ေၾကာင္း အေထာက္အထားမ်ားရွိသည္ဟု ေျပာၾကားခဲ့သည္။

ထို႔အျပင္ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး မိုက္ပြမ္ပီယိုကလည္း ထိုေျပာဆိုခ်က္အတြက္ ႀကီးမားေသာ အေထာက္အထားမ်ားရွိေၾကာင္း တနဂၤေႏြေန႔က ေျပာဆိုခဲ့ေသာ္လည္း အေမရိကန္ ေထာက္လွမ္းေရး အသိုင္းအဝန္းကမူ ထိုေရာဂါကူးစက္မႈသည္ တိရိစာၦန္မွ စတင္သည္ သို႔မဟုတ္ ဓါတ္ခြဲခန္းမေတာ္တဆမႈမွ စတင္သည္ကို ဆက္လက္ေလ့လာမည္ျဖစ္ေၾကာင္း လြန္ခဲ့ေသာ အပါတ္ကေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံကမူ ဓါတ္ခြဲခန္းမွ ေရာဂါပိုးစတင္သည္ဆိုသည့္အခ်က္ကို ျပင္းထန္စြာ ျငင္းဆန္ သည္။

“အေထာက္အထားကို အေျခခံလုပ္ေဆာင္တဲ့ အျခားဘယ္အဖြဲမဆိုလိုပဲ က်ေနာ္တို႔က ဒီဗိုင္းရပ္စ္ရဲ႕ ရင္းျမစ္လို႔ေျပာတဲ့ သတင္းအခ်က္အလက္ေတြကို ရယူဖို႔ စိတ္အားထက္ သန္ ပါတယ္” ဟု ရန္း ကေျပာၿပီး ထိုသို႔ေသာ ဗိုင္းရပ္စ္၏ရင္းျမစ္ႏွင့္ ပတ္သက္သည့္ သတင္း အခ်က္အလက္သည္ အနာဂါတ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္လည္း လြန္စြာအေရးပါေၾကာင္း အေလးအနက္ေျပာၾကားခဲ့သည္။

“အဲဒီလိုအခ်က္အလက္နဲ႔အေထာက္အထားသာရမယ္ဆိုရင္ ဒါေတြကို မွ်ေဝမလား မေဝ ဘူးလား၊ ဘယ္ေတာ့မွ်ေဝမလဲဆိုတာကိုဆုံးျဖတ္ဖို႔က အေမရိကန္အစိုးရရဲ႕ တာဝန္ျဖစ္သြားၿပီ။ ဒါေပမယ့္ အဲဒီလို သတင္းအခ်က္အလက္ ကြင္းဆက္ျပတ္ေနလို႔ WHO အေနနဲ႔ လုပ္ရကိုင္ရတာ အခက္အခဲျဖစ္ေနတာပါ” ဟုလည္း သူေျပာသည္။

တ႐ုတ္ႏိုင္ငံကို အကာအကြယ္ေပးရန္အတြက္ ေရာဂါျဖစ္ပြားျခင္း၏ ျပင္းထန္မႈကို ေလွ်ာ့ေပါ့ ေဖၚျပခဲ့သည္ဟု ထရမ့္ထံမွ ျပင္းထန္ေသာ ေဝဖန္မႈမ်ားကို ခံေနရသည့္ ကမာၻ႔က်န္းမာေရး အဖြဲ႕က ထိုဗိုင္းရပ္စ္သည္ တိရိစာၦန္ရင္းျမစ္မွ သဘာဝအတိုင္းစတင္ေပၚေပါက္ေၾကာင္း ထင္ရွားသည္ဟု အႀကိမ္ႀကိမ္ေျပာဆိုခဲ့သည္။

တနလၤာေန႔ကက်င္းပသည့္ အထက္ပါရွင္းလင္းပြဲအတြင္းတြင္လည္း ကမာၻ႔က်န္းမာေရးအဖြဲ႕မွ ကြၽမ္းက်င္သူ မာရီယာဗန္ ကာ့ခ္ဟို႔ဖ္က ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္၏ မ်ိဳးဗီဇ အစုံ ၁၅၀၀၀ ခန႔္ ရွိေၾကာင္းႏွင့္ ထိုအေထာက္အထားအားလုံးအရ ထိုဗိုင္းရပ္စ္သည္ သဘာဝရင္းျမစ္မွ လာေၾကာင္း ေျပာၾကားခဲ့သည္။

ကို႐ိုနာဗိုင္းရပ္စ္သည္ လင္းႏို႔မ်ားတြင္ စတင္ေသာ္လည္း လူသားမ်ားထံ မည္သို႔ကူးစက္ လာေၾကာင္း ႏွင့္ မည္သည့္ တိရိစာၦန္က ၾကားခံအျဖစ္ေဆာင္႐ြက္ခဲ့သည္ကို သိရွိေရးသည္ လြန္စြာအေရးပါေၾကာင္း ကာ့ခ္ဟို႔ဖ္ႏွင့္ ရန္း တို႔က အေလးအနက္ထားေျပာၾကားသည္။

“က်ေနာတို႔အေနနဲ႔ အဲဒီသဘာ၀ ရင္းျမစ္အေၾကာင္း ပိုမိုနားလည္ဖို႔လိုေနတယ္။ အထူး သျဖင့္ ေတာ့ လူသားေတြကိ ကူးစက္မႈမွာ ၾကားခံအျဖစ္ေဆာင္႐ြက္ခဲ့တဲ့ တိရိစာၦန္ကို သိဖို႔လိုတယ္” ဟု ရန္းေျပာသည္။

ဒီလိုမ်ိဳးထပ္မျဖစ္ေအာင္ တားဆီးဖို႔ မွန္ကန္တဲ့ အမ်ားျပည္သူက်န္းမာေရးနဲ႔ တိရိစာၦန္နဲ႔ လူသား ထိေတြ႕ဆက္ဆံမႈ မူဝါဒေတြခ်မွတ္ဖို႔ ဒါကိုသိရဖို႔အေရးႀကီးတယ္” ဟု သူအေလးအနက္ ေျပာသည္။

ထိုကမာၻတဝွမ္းကူးစက္ေရာဂါ၏ တိရိစာၦန္ရင္းျမစ္ကို တ႐ုတ္ႏိုင္ငံက စုံစမ္းစစ္ေဆးရာတြင္ ပါဝင္ရန္ ဖိတ္ၾကားခံလိုေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕က လြန္ခဲ့ေသာ အပါတ္က ေျပာၾကား ခဲ့သည္။

“ က်ေနာ္တို႔ဟာ ႏိုင္ငံတိုင္း ေရာဂါကူးစက္မႈတိုင္မွာလိုပဲ ဒီလိုစုံစမ္းစစ္ေဆးရာမွာ အကူအညီ ေပးဖို႔ကမ္းလွမ္းတယ္” ဟု ရန္းက တနလၤာေန႔တြင္ေျပာသည္။

“တ႐ုတ္ပညာရွင္ေတြဆီကေန က်ေနာ္တို႔လည္းေလ့လာခြင့္ရမယ္” ဟု သူေျပာသည္။

သို႔ေသာ္ ထိုဗိုင္းရပ္စ္၏ ရင္းျမစ္ႏွင့္ပတ္သက္ေသာ ျပႆနာမ်ားကို အျပစ္ရွာေသာ ျပင္းထန္ သည့္ စုံစမ္းစစ္ေဆးမႈအျဖစ္ ျပဳလုပ္ရန္ ရည္႐ြယ္ပါက ျပႆနာကို ေျဖရွင္းရန္ပိုမိုခက္ခဲမည္ ျဖစ္ၿပီး ထိုကိစၥသည္ ႏိုင္ငံေရးျပႆနာျဖစ္ေၾကာင္းလည္း သူေျပာသည္။

“အဲဒီလိုဆိုရင္ သိပၸံပညာက ဗဟိုခ်က္မွာမရွိေတာ့ဘူး” ဟု သူေျပာသည္။

“သိပၸံပညာကိုအေျခခံတဲ့ စုံစမ္းစစ္ေဆးမႈ၊ ဗိုင္းရပ္စ္ပိုးရင္းျမစ္မ်ိဳးစိတ္နဲ႔ ၾကားခံမ်ိဳးစိတ္ကို သိပၸံပညာအေျခခံတဲ့ စူးစမ္းေလ့လာမႈလုပ္ႏိုင္မယ္ဆိုရင္ ဒီကမာၻက လူသားတိုင္းအတြက္ အက်ိဳးရွိမယ္” ဟု သူေျပာသည္။

Linko
Ref:japantimes.co.jp
ေဘက်င္း၊ ေမ ၅