တရုတ်တွင် ဒုတိယမြောက်နေ့အဖြစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အသစ်မရှိ

တရုတ်တွင် ဒုတိယမြောက်နေ့အဖြစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အသစ်မရှိ

တရုတ်ပြည်မကြီးတွင် ဒုတိယမြောက်နေ့အဖြစ် ပြည်တွင်း ကူးစက်သည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအသစ်မရှိကြောင်း အာဏာပိုင် များက ထုတ်ပြန်ပါတယ်။သို့သော် ပြည်မကြီးတွင် မတ် ၁၉ ရက်က ရောဂါကူးစက်ခံရမှု အသစ်များသည် ပြည်ပမှဝင်ရောက်လာသူများ ထံမှ ဖြစ်ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်က မတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။

ယခုအခါ တရုတ်ပြည်မတွင် ရောဂါကူးစက်ခံရသူပေါင်း ၈၀၉၆၇၈ ဦးရှိကြောင်း အတည်ပြုထားပါတယ်။ရောဂါစတင်တွေ့ ရှိ ရာ ဝူဟန်မြို့တွင် ဒုတိယမြောက်နေ့အဖြစ် ထပ်မံကူးစက်ခံရသူ မရှိခဲ့သလို ပြည်ပမှ ဝင်ရောက်လာသူများထံမှ ရောဂါတွေ့ရှိရာတွင် ဂွမ်ဒေါင်းပြည်နယ်တွင် ၁၄ ဦး၊ ရှန်ဟိုင်းတွင် ၈ ဦးနှင့် ပေကျင်းတွင် ၆ ဦး ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ကြောင့် သေဆုံးသူ အရေအတွက်မှာ မတ်လ ၁၉ ရက်တွင် ၃၂၄၈ ဦးသို့ ရောက်ရှိခဲ့ပြီး ရှေ့ရက်ထက် ၃ ဦးသား ပိုမိုခဲ့ပါတယ်။
ဟူဘေးပြည်နယ် အာဏာပိုင်များက ပြည်နယ်အတွင်း ရောဂါဖြစ်ပွားမှုနည်းသည့် ဒေသများတွင် ကျန်းမာသူများကို အလုပ်များသို့ သွားနိုင်စေရန်နှင့် နေရပ်သို့ ပြန်နိုင်စေရန် နယ်စပ်ကို ဖွင့်ပေးခဲ့သော်လည်း ဝူဟန်မြို့အတွင်းမှ လူများကို ထွက်ခွင့် ပေးမထားသေးပေ။
 
နိုင်ငံအတွင်း အခြားနေရာများတွင် လုပ်ငန်းများ ပုံမှန် စတင်လည်ပတ်လျှက်ရှိပါတယ်။ ပြည်သူများ အလုပ်သို့ ပြန်သွားနေသလို စက်ရုံများလည်း ပြန်လည် လည်ပတ်နေပြီး အချို့နေရာများတွင် ကျောင်းများ ပြန်လည်ဖွင့်ရန် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

Linko
Ref: Xinhua
ပေကျင်း၊ မတ် ၂၀

(  Zawgyi  )

 တ႐ုတ္ျပည္မႀကီးတြင္ ဒုတိယေျမာက္ေန႔အျဖစ္ ျပည္တြင္း ကူးစက္သည့္ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားသူအသစ္မရွိေၾကာင္း အာဏာပိုင္ မ်ားက ထုတ္ျပန္ပါတယ္။သို႔ေသာ္ ျပည္မႀကီးတြင္ မတ္ ၁၉ ရက္က ေရာဂါကူးစက္ခံရမႈ အသစ္မ်ားသည္ ျပည္ပမွဝင္ေရာက္လာသူမ်ား ထံမွ ျဖစ္ေၾကာင္း အမ်ိဳးသား က်န္းမာေရးေကာ္မရွင္က မတ္ ၂၀ ရက္တြင္ ထုတ္ျပန္ခဲ့ပါတယ္။

ယခုအခါ တ႐ုတ္ျပည္မတြင္ ေရာဂါကူးစက္ခံရသူေပါင္း ၈၀၉၆၇၈ ဦးရွိေၾကာင္း အတည္ျပဳထားပါတယ္။ေရာဂါစတင္ေတြ႕ ရွိ ရာ ဝူဟန္ၿမိဳ႕တြင္ ဒုတိယေျမာက္ေန႔အျဖစ္ ထပ္မံကူးစက္ခံရသူ မရွိခဲ့သလို ျပည္ပမွ ဝင္ေရာက္လာသူမ်ားထံမွ ေရာဂါေတြ႕ရွိရာတြင္ ဂြမ္ေဒါင္းျပည္နယ္တြင္ ၁၄ ဦး၊ ရွန္ဟိုင္းတြင္ ၈ ဦးႏွင့္ ေပက်င္းတြင္ ၆ ဦး ျဖစ္ပါတယ္။

ကိုဗစ္ ၁၉ ေၾကာင့္ ေသဆုံးသူ အေရအတြက္မွာ မတ္လ ၁၉ ရက္တြင္ ၃၂၄၈ ဦးသို႔ ေရာက္ရွိခဲ့ၿပီး ေရွ႕ရက္ထက္ ၃ ဦးသား ပိုမိုခဲ့ပါတယ္။
ဟူေဘးျပည္နယ္ အာဏာပိုင္မ်ားက ျပည္နယ္အတြင္း ေရာဂါျဖစ္ပြားမႈနည္းသည့္ ေဒသမ်ားတြင္ က်န္းမာသူမ်ားကို အလုပ္မ်ားသို႔ သြားႏိုင္ေစရန္ႏွင့္ ေနရပ္သို႔ ျပန္ႏိုင္ေစရန္ နယ္စပ္ကို ဖြင့္ေပးခဲ့ေသာ္လည္း ဝူဟန္ၿမိဳ႕အတြင္းမွ လူမ်ားကို ထြက္ခြင့္ ေပးမထားေသးေပ။
 
ႏိုင္ငံအတြင္း အျခားေနရာမ်ားတြင္ လုပ္ငန္းမ်ား ပုံမွန္ စတင္လည္ပတ္လွ်က္ရွိပါတယ္။ ျပည္သူမ်ား အလုပ္သို႔ ျပန္သြားေနသလို စက္႐ုံမ်ားလည္း ျပန္လည္ လည္ပတ္ေနၿပီး အခ်ိဳ႕ေနရာမ်ားတြင္ ေက်ာင္းမ်ား ျပန္လည္ဖြင့္ရန္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။

Linko
Ref: Xinhua
ေပက်င္း၊ မတ္ ၂၀