ဆွေးနွေးဖို့ ကမ်းလှမ်းပြီး နာရီပိုင်းအတွင်း မြောက်ကိုရီးယားဘက်မှ အမျိုးအမည်မသိ ကျည်ဖူးများ ပစ်လွှတ်

ဆွေးနွေးဖို့ ကမ်းလှမ်းပြီး နာရီပိုင်းအတွင်း မြောက်ကိုရီးယားဘက်မှ အမျိုးအမည်မသိ ကျည်ဖူးများ ပစ်လွှတ်

အမေရိကန်နဲ့ နျူကလီးယားအရေး ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း မြောက်ကိုရီးယားဘက်က ကမ်းလှမ်းလိုက်ပြီး နာရီပိုင်းအကြာမှာ မြောက်ကိုရီးယားဘက်က အမျိုးအမည်မသိ ကျည်ဖူးများကို ပင်လယ်ထဲဦးတည်ပြီး စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းမှာ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ဒီလိုပစ်လွှတ်မှုက အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား ဆွေးနွေးပွဲပြန်စတဲ့အခါ တောင်းဆိုချက်အသစ်တွေအတွက် အမေရိကန်ကို ဖိအားပေးဖို့ ရည်ရွယ်ကြောင်း ထင်ရှားနေပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းတဲ့အခါ အမေရိကန်အနေနဲ့ လုံခြုံရေးဆိုင်ရာ အာမခံချက်ကို ကျယ်ကျယ်ပြန်ပြန့် ထောက်ခံချက်ပေးဖို့နဲ့ အမေရိကန် ဦးဆောင်တဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားပါတယ်။

မြောက်ကိုရီးယားက ပစ်လွှတ်တဲ့ ကျည်ဖူးတွေက မြောက်ကိုရီးယား တောင်ပိုင်း ပြုံးဂမ်းခရိုင်ကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး မြို့တော် ပြုံးယမ်းဝန်းကျင် ကီလိုမီတာ ၃၃၀ (၂၀၅ မိုင်) ကျော် ဖြတ်ကျော်ကာ အရှေ့ဘက်ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

တောင်ကိုရီးယားစစ်တပ်ကတော့ ဖြစ်နိုင်တဲ့ ပစ်လွှတ်မှုတွေကို စောင့်ကြည့်နေတယ် ဆိုပါတယ်။JCS ကတော့ ယခုပစ်လွှတ်တာနဲ့ ပတ်သက်ပြီး ကျည်ဖူးလား ဒုံးကျည်လာဆိုတာကို မထုတ်ပြန်ခဲ့ပါဘူး။“နောက်ထပ် အသေးစိတ်ခွဲခြမ်းစိတ်ဖြာဖို့ လိုနေပါသေးတယ်” လို့ JCS ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Linko
ဆိုးလ်၊ စက်တင်ဘာ - ၁၀
Ref : gulftoday

( Zawgyi )

အေမရိကန္နဲ႔ န်ဴကလီးယားအေရး ေဆြးေႏြးဖို႔ ဆႏၵရွိေၾကာင္း ေျမာက္ကိုရီးယားဘက္က ကမ္းလွမ္းလိုက္ၿပီး နာရီပိုင္းအၾကာမွာ ေျမာက္ကိုရီးယားဘက္က အမ်ိဳးအမည္မသိ က်ည္ဖူးမ်ားကို ပင္လယ္ထဲဦးတည္ၿပီး စက္တင္ဘာ ၁၀ ရက္ နံနက္ပိုင္းမွာ ပစ္လႊတ္ခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္က ေျပာပါတယ္။

ဒီလိုပစ္လႊတ္မႈက အေမရိကန္နဲ႔ ေျမာက္ကိုရီးယားအၾကား ေဆြးေႏြးပြဲျပန္စတဲ့အခါ ေတာင္းဆိုခ်က္အသစ္ေတြအတြက္ အေမရိကန္ကို ဖိအားေပးဖို႔ ရည္႐ြယ္ေၾကာင္း ထင္ရွားေနပါတယ္။

ေျမာက္ကိုရီးယားအေနနဲ႔ န်ဴကလီးယားလက္နက္ ဖ်က္သိမ္းတဲ့အခါ အေမရိကန္အေနနဲ႔ လုံၿခဳံေရးဆိုင္ရာ အာမခံခ်က္ကို က်ယ္က်ယ္ျပန္ျပန႔္ ေထာက္ခံခ်က္ေပးဖို႔နဲ႔ အေမရိကန္ ဦးေဆာင္တဲ့ ကန႔္သတ္ပိတ္ဆို႔မႈေတြကို ဖယ္ရွားေပးဖို႔ က်ယ္က်ယ္ျပန႔္ျပန႔္ ယုံၾကည္ထားပါတယ္။

ေျမာက္ကိုရီးယားက ပစ္လႊတ္တဲ့ က်ည္ဖူးေတြက ေျမာက္ကိုရီးယား ေတာင္ပိုင္း ၿပဳံးဂမ္းခ႐ိုင္ကေန ပစ္လႊတ္ခဲ့တာျဖစ္ၿပီး ၿမိဳ႕ေတာ္ ၿပဳံးယမ္းဝန္းက်င္ ကီလိုမီတာ ၃၃၀ (၂၀၅ မိုင္) ေက်ာ္ ျဖတ္ေက်ာ္ကာ အေရွ႕ဘက္ပင္လယ္ထဲကို ပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက ဆိုပါတယ္။

ေတာင္ကိုရီးယားစစ္တပ္ကေတာ့ ျဖစ္ႏိုင္တဲ့ ပစ္လႊတ္မႈေတြကို ေစာင့္ၾကည့္ေနတယ္ ဆိုပါတယ္။JCS ကေတာ့ ယခုပစ္လႊတ္တာနဲ႔ ပတ္သက္ၿပီး က်ည္ဖူးလား ဒုံးက်ည္လာဆိုတာကို မထုတ္ျပန္ခဲ့ပါဘူး။“ေနာက္ထပ္ အေသးစိတ္ခြဲျခမ္းစိတ္ျဖာဖို႔ လိုေနပါေသးတယ္” လို႔ JCS ေျပာေရးဆိုခြင့္ရွိသူက ဆိုပါတယ္။

Linko
ဆိုးလ္၊ စက္တင္ဘာ - ၁၀
Ref : gulftoday