ဆီးရီးယားအရှေ့မြောက်ပိုင်းတွင်ကားဗုံးခွဲမှုကြောင့် လူ ၁၇ ဦး အနည်းဆုံးသေဆုံး

ဆီးရီးယားအရှေ့မြောက်ပိုင်းတွင်ကားဗုံးခွဲမှုကြောင့် လူ ၁၇ ဦး အနည်းဆုံးသေဆုံး

တူရကီထိန်းချုပ်ထားသည့် ဆီးရီးယားအရှေ့မြောက်ပိုင်းဒေသတွင် အင်္ဂါနေ့က ကားဗုံးတစ်လုံးပေါက်ကွဲခဲ့သဖြင့် အနည်းဆုံးလူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ တူရကီကာကွယ်ရေး ၀ န်ကြီးဌာနကပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက တွစ်တာ ကြေညာချက်တွင် ပေါက်ကွဲမှုမှာ ရာစအယ်လ်အိုင်းန် (Tal Al Half) မြို့အနီးရှိ တာဝက်ရွာထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၂၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တူရကီတပ်များနှင့်မဟာမိတ်ဆီးရီးယားတိုက်ခိုက်ရေးသမားများက ပြီးခဲ့သည့် အောက်တိုဘာလက ဆီးရီးယားအရှေ့မြောက်ပိုင်း ကို ကျူးကျော် တိုက်ခိုက်ပြီး ဆီးရီးယားကာဒ်သူပုန်များကိုမောင်းထုတ်ကာ Ras al-Ayn ဒေသကို အန်ကာရာက သိမ်းပိုက်ခဲ့ပါတယ်။

တူရကီကာကွယ်ရေး ဝန်ကြီးဌာနကတော့  ဒီကားဗုံးခွဲတိုက်ခိုက်သတ်ဖြတ်မှုအတွက် ဆီးရီးယားကဒ်သူပုန်များကို လက်ချက်ဖြစ် တယ်လို့ပြစ် တင်ဝေဖန် ခဲ့ပါတယ်။

အန်ကာရာအနေနဲ့ ကာဒ်သူပုန်များကို တူရကီနိုင်ငံအတွင်းရှိကဒ်အကြမ်းဖက်သမားများနဲ့ အချိတ်အဆက်ရှိတယ်လို့ ရှုမြင်ထားပြီး အဆိုပါ ကာဒ် တိုက်ခိုက်ရေး သူပုန်များမှာ အိုင်အက်စ်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာမှာ အမေရိကန်နှင့်အတူပူးပေါင်းပါဝင်ခဲ့ပါတယ်။
                      
 Linko                                                            
Ref:theglobeandmail.com
အန်ကာရာ၊နိုဝင်ဘာ ၂၇

(  Zawgyi  )

 တူရကီထိန္းခ်ဳပ္ထားသည့္ ဆီးရီးယားအေရွ႕ေျမာက္ပိုင္းေဒသတြင္ အဂၤါေန႔က ကားဗုံးတစ္လုံးေပါက္ကြဲခဲ့သျဖင့္ အနည္းဆုံးလူ ၁၇ ဦး ေသဆုံးခဲ့တယ္လို႔ တူရကီကာကြယ္ေရး ၀ န္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။

ကာကြယ္ေရးဝန္ႀကီးဌာနက တြစ္တာ ေၾကညာခ်က္တြင္ ေပါက္ကြဲမႈမွာ ရာစအယ္လ္အိုင္းန္ (Tal Al Half) ၿမိဳ႕အနီးရွိ တာဝက္႐ြာထဲတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး လူ ၂၀ ေက်ာ္ဒဏ္ရာရရွိခဲ့တယ္လို႔ ဆိုပါတယ္။

တူရကီတပ္မ်ားႏွင့္မဟာမိတ္ဆီးရီးယားတိုက္ခိုက္ေရးသမားမ်ားက ၿပီးခဲ့သည့္ ေအာက္တိုဘာလက ဆီးရီးယားအေရွ႕ေျမာက္ပိုင္း ကို က်ဴးေက်ာ္ တိုက္ခိုက္ၿပီး ဆီးရီးယားကာဒ္သူပုန္မ်ားကိုေမာင္းထုတ္ကာ Ras al-Ayn ေဒသကို အန္ကာရာက သိမ္းပိုက္ခဲ့ပါတယ္။

တူရကီကာကြယ္ေရး ဝန္ႀကီးဌာနကေတာ့  ဒီကားဗုံးခြဲတိုက္ခိုက္သတ္ျဖတ္မႈအတြက္ ဆီးရီးယားကဒ္သူပုန္မ်ားကို လက္ခ်က္ျဖစ္ တယ္လို႔ျပစ္ တင္ေဝဖန္ ခဲ့ပါတယ္။

အန္ကာရာအေနနဲ႔ ကာဒ္သူပုန္မ်ားကို တူရကီႏိုင္ငံအတြင္းရွိကဒ္အၾကမ္းဖက္သမားမ်ားနဲ႔ အခ်ိတ္အဆက္ရွိတယ္လို႔ ရႈျမင္ထားၿပီး အဆိုပါ ကာဒ္ တိုက္ခိုက္ေရး သူပုန္မ်ားမွာ အိုင္အက္စ္တပ္ဖြဲ႕ဝင္မ်ားကို တိုက္ခိုက္ရာမွာ အေမရိကန္ႏွင့္အတူပူးေပါင္းပါဝင္ခဲ့ပါတယ္။
                      
 Linko                                                            
Ref:theglobeandmail.com
အန္ကာရာ၊ႏိုဝင္ဘာ ၂၇