စမ်းသပ်ဆဲ ရမ်းဒက်ဆီဗီယာ ဆေးဖြင့် ကုသခံရသော ကိုဗစ် ၁၉ ကူးစက်လူနာများ အလျှင်အမြန်နာလန်ထလာနေ

စမ်းသပ်ဆဲ ရမ်းဒက်ဆီဗီယာ ဆေးဖြင့် ကုသခံရသော ကိုဗစ် ၁၉ ကူးစက်လူနာများ အလျှင်အမြန်နာလန်ထလာနေ

ရမ်းဒက်ဆီဗီယာ (remdesivir) လို့ခေါ်တဲ့ စမ်းသပ်ဆေးဝါးဖြင့်ကုသခံရတဲ့ ကိုဗစ်နိုင်တင်း လူနာတွေဟာ  အလျှင်အမြန် ပြန်လည်နာလန်ထလာပြီး အများစုဟာ ရက်ပိုင်းနဲ့ အိမ်ပြန်နိုင်ခဲ့တယ်လို့ အဲဒီဆေး စမ်းသပ်မှုအကြောင်းဆွေးနွေးချက် ဗီဒီယို တခုကို ရရှိပြီးနောက် STAT သတင်းက ကြာသပတေးနေ့မှာ ဖေါ်ပြခဲ့ပါတယ်။
 
ဒီဆေးစမ်းသပ်မှုမှာပါဝင်တဲ့လူနာအားလုံးဟာ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာနဲ့ဖျားနာမှုတွေလည်း ရှိနေပေမယ့် တပါတ်လောက် ကုသမှုခံယူပြီးနောက်မှ ဆေးရုံက ဆင်းသွားကြတယ်လို့ STAT က ဒီစမ်းသပ်မှုကို ဦးဆောင်ခဲ့တဲ့ ဆရာဝန်တယောက်ကို ကိုးကားဖေါ်ပြပါတယ်။
 
“အကောင်းဆုံးသတင်းကတော့ ကျနော်တို့ရဲ့လူနာအများစုဟာ ဆေးရုံကနေဆင်းသွားကြပြီဆိုတာပဲဖြစ်ပါတယ်။ဒါဟာ ဘယ်လောက်တောင်ကောင်းတဲ့သတင်းလဲ။ လူနာ နှစ်ယောက်ပဲ သေဆုံးခဲ့ပါတယ်” လို့ စမ်းသပ်ကုသမှုကိုဦးဆောင်နေတဲ့ ရှီကာကို တက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာပညာရှင် ဒေါက်တာ ကက်သလင်း မူလိန်းက အဲဒီဗီဒီယိုမှာ ပြောခဲ့ပါတယ်။
 
စီအင်န်အင်န် သတင်းဌာနက သူ့ကိုဆက်သွယ်တဲ့အခါမှာတော့ သူမက ချက်ခြင်းတုံ့ပြန်ဖြေကြားခြင်းမပြုခဲပါဘူး။ဒီစမ်းသပ်မှုရဲ့ တရားဝင် ရလဒ်တွေကို အဆင်သင့်ဖြစ်တဲ့အခါ ဝေဖန်ပြောကြားပေးသွားမယ်လို့ အဲဒီတက္ကသိုလ်ကပြောပါတယ်။
 
တချို့လူနာတွေမှာ ပြင်းထန်တဲ့ နမိုးနီးယားအဆုတ်ရောင်ရောဂါနဲ့ အသက်ရှူလမ်းကြောင်း ပြဿနာလက္ခဏာတွေပြတဲ့ ကိုဗစ် နိုင်တင်းအတွက် အတည်ပြုထားတဲ့ ကုထုံးမရှိသေးပါဘူး။  ဒါပေမယ့် အမျိုးသားကျန်းမာရေးဌာနကတော့ ရမ်းဒက်ဆီဗီယာ (remdesivir) အပါအဝ် ဆေးဝါးမျိုးစုံ၊ ကုထုံးမျိုးစုံနဲ့ စမ်းသပ်မှုတွေလုပ်နေပါတယ်။
 
Gilead Sciences က ထုတ်လုပ်တဲ့ အဲဒီဆေးကို အီဘိုလာရောဂါမှာစမ်းသပ်တုန်းက အောင်မြင်မှု မရှိသလောက်ဖြစ်ခဲ့ပေမယ့် တိရိစ္ဆာန်တွေမှာ အကြိမ်ကြိမးစမ်းသပ်မှုတွေအရ ဒီဆေးဟာ ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါ (SARS) နဲ့ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း ရောဂါ (MERS) အပါအဝင် ကိုဗစ်နိုင်တင်းကိုတားဆီးရုံသာမက ကုလည်းကုသနိုင်တယ်လို့ဆိုပါတယ်။
 
ရမ်းဒက်ဆီဗီယာ (remdesivir) ဟာ ကိုဗစ်နိုင်တင်းကိုတိုက်ဖျက်နိုင်မယ့် အလားအလာရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖေဖေါ်ဝါရီလတုန်းက ပြောခဲ့ပါသေးတယ်။
 
STAT ကတော့ ဒီစမ်းသပ်မှုနဲ့ပတ်သက်ပြီး မူလိန်းနဲ့ သူမရဲ့လုပ်ဖေါ်ကိုင်ဖက်တွေ ဆွေးနွေးနေတဲ့ ဗီဒီယို ကို ရရှိလေ့လာခဲ့တာလို့ ပြောပါတယ်။
 
“ကျမတို့လူနာအများစုဟာ ရောဂါအပြင်းအထန်ခံစာနေပြီး သူတို့ရဲ့အများစုက ခြောက်ရက်အတွင်း ဆေးရုံကဆင်းသွားကြတယ်။ ဒါကြောင့် ဒီရောဂါကုထုံးဟာအချိန် ၁၀ လိုချင်မှလိုမယ်” ဟု မူလိန်းပြောကြောင်း ကိုးကားဖေါ်ပြထားပါတယ်။
 
ဒါပေမယ့် ဒီစမ်းသပ်မှုမှာ ထိန်းချုပ်အုပ်စုတခုမပါဝင်တာကြောင့် ဒီဆေးက လူနာတွေကို  ပိုမိုကောင်းမွန်စွာနာလန်ထအောင် အထောက်အကူဖြစ်မဖြစ် ပြောဖို့ခက်နေပါတယ်။ ထိန်းချုပ်အုပ်စု တခုပါဝင်ရင်တော့ အချို့လူများတွေဟာ ဒီ ဆေးဝါးကုထုံးမရတာကြောင့် ဆရာဝန်တွေအနေနဲ့  လူနာများတွေရဲ့ အခြေအနေကို အမှန်တကယ်သက်ရောက်တာဟာ ဒီဆေး ဟုတ်မဟုတ်ကို ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။                                       “ကိုဗစ် နိုင်တင်းကုထုံးအရေးပေါ်လိုအပ်နေတာ နဲ့ ကျနော်တို့ ရမ်းဒက်ဆီဗီရာ ဆေးစမ်းသပ်မှုက အချက်အလက်တွေကိုစိတ်ဝင်စားနေတာ ကျနော်တို့နားလည်တယ်” လို့ ထိုလုပ်ငန်းက စီအင်န်အင်န် သတင်းဌာနအတွက်ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် လူနာတွေရဲ့ဇာတ်လမ်းအနည်းငယ်မျှဟာ အနည်းငယ်မျှသာဖြစ်ပါတယ်လို့လည်း ဖေါ်ပြထားပါတယ်။
“ စမ်းသပ်မှုကနေ ကောက်ချက်ချဖို့ အချက်အလက်အားလုံးကို သရုပ်ခွဲဖို့လိုတယ်။ ဟိုတစ သည်တစ ဇာတ်လမ်းတွေဟာ အားတက်စရာကောင်းပေမယ့်လည်း ကိုဗစ်နိုင်တင်း ကုထုံးအတွက် ရမ်းဒက်ဆီဗွီရာရဲ့ လုံခြုံမှုနဲ့ ထိရောက်မှုကို ဆုံးဖြတ်ဖို့လိုတဲ့ စာရင်းအင်းဆိုင်ရာ စွမ်းအားတော့ မဖြစ်စေနိုင်ပါဘူး” လို့လည်းဆိုပါတယ်။
 
ဒီဆေးကို စမ်းသပ်မှုတွေကို အခြားဆေးကုဌာနဒါဇင်ပေါင်းများစွာမှာလည်း စမ်းသပ်နေပါတယ်။ Gilead ကတော့ကမ္ဘာတဝှမ်းက စမ်းသပ်ရာနေရာပေါင်း ၁၅၂ ခုက ပြင်းထန်တဲ့ ကိုဗစ်နိုင်တင်း လက္ခဏာခံစားနေရတဲ့ လူနာ ၂၄၀၀အတွက် စမ်းသပ်မှုတွေကို အထောက်အပံ့ပေးထားပါတယ်။ ကမ္ဘာတဝှမ်း ဆေးရုံနဲ့ ဆေးကုဌာန ၁၆၉ ခုကအလယ်အလတ် ရောဂါလက္ခဏာတွေ ခံစားနေရတဲ့ လူနာ ၁၆၀၀ မှာလည်းစမ်းသပ်မှုတွေလုပ်နေပါတယ်။
 
စမ်းသပ်မှုရဲ့ ရလဒ်တွေကို ဒီလကုန်လောက်မှာ ထုတ်ပြန်နိုင်မယ်လို့မျှော်လင့်ကြောင်းလည်း Gilead ကပြောပါတယ်။
 
Linko
Ref : CNN
ဂျနီဗာ၊ ဧပြီ - ၁၇
 
( Zawgyi )
 
ရမ္းဒက္ဆီဗီယာ (remdesivir) လို႔ေခၚတဲ့ စမ္းသပ္ေဆးဝါးျဖင့္ကုသခံရတဲ့ ကိုဗစ္ႏိုင္တင္း လူနာေတြဟာ  အလွ်င္အျမန္ ျပန္လည္နာလန္ထလာၿပီး အမ်ားစုဟာ ရက္ပိုင္းနဲ႔ အိမ္ျပန္ႏိုင္ခဲ့တယ္လို႔ အဲဒီေဆး စမ္းသပ္မႈအေၾကာင္းေဆြးေႏြးခ်က္ ဗီဒီယို တခုကို ရရွိၿပီးေနာက္ STAT သတင္းက ၾကာသပေတးေန႔မွာ ေဖၚျပခဲ့ပါတယ္။

 

ဒီေဆးစမ္းသပ္မႈမွာပါဝင္တဲ့လူနာအားလုံးဟာ ျပင္းထန္တဲ့ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာနဲ႔ဖ်ားနာမႈေတြလည္း ရွိေနေပမယ့္ တပါတ္ေလာက္ ကုသမႈခံယူၿပီးေနာက္မွ ေဆး႐ုံက ဆင္းသြားၾကတယ္လို႔ STAT က ဒီစမ္းသပ္မႈကို ဦးေဆာင္ခဲ့တဲ့ ဆရာဝန္တေယာက္ကို ကိုးကားေဖၚျပပါတယ္။

 

“အေကာင္းဆုံးသတင္းကေတာ့ က်ေနာ္တို႔ရဲ႕လူနာအမ်ားစုဟာ ေဆး႐ုံကေနဆင္းသြားၾကၿပီဆိုတာပဲျဖစ္ပါတယ္။ဒါဟာ ဘယ္ေလာက္ေတာင္ေကာင္းတဲ့သတင္းလဲ။ လူနာ ႏွစ္ေယာက္ပဲ ေသဆုံးခဲ့ပါတယ္” လို႔ စမ္းသပ္ကုသမႈကိုဦးေဆာင္ေနတဲ့ ရွီကာကို တကၠသိုလ္က ကူးစက္ေရာဂါဆိုင္ရာပညာရွင္ ေဒါက္တာ ကက္သလင္း မူလိန္းက အဲဒီဗီဒီယိုမွာ ေျပာခဲ့ပါတယ္။

 

စီအင္န္အင္န္ သတင္းဌာနက သူ႔ကိုဆက္သြယ္တဲ့အခါမွာေတာ့ သူမက ခ်က္ျခင္းတုံ႔ျပန္ေျဖၾကားျခင္းမျပဳခဲပါဘူး။ဒီစမ္းသပ္မႈရဲ႕ တရားဝင္ ရလဒ္ေတြကို အဆင္သင့္ျဖစ္တဲ့အခါ ေဝဖန္ေျပာၾကားေပးသြားမယ္လို႔ အဲဒီတကၠသိုလ္ကေျပာပါတယ္။

 

တခ်ိဳ႕လူနာေတြမွာ ျပင္းထန္တဲ့ နမိုးနီးယားအဆုတ္ေရာင္ေရာဂါနဲ႔ အသက္ရွဴလမ္းေၾကာင္း ျပႆနာလကၡဏာေတြျပတဲ့ ကိုဗစ္ ႏိုင္တင္းအတြက္ အတည္ျပဳထားတဲ့ ကုထုံးမရွိေသးပါဘူး။  ဒါေပမယ့္ အမ်ိဳးသားက်န္းမာေရးဌာနကေတာ့ ရမ္းဒက္ဆီဗီယာ (remdesivir) အပါအဝ္ ေဆးဝါးမ်ိဳးစုံ၊ ကုထုံးမ်ိဳးစုံနဲ႔ စမ္းသပ္မႈေတြလုပ္ေနပါတယ္။

 

Gilead Sciences က ထုတ္လုပ္တဲ့ အဲဒီေဆးကို အီဘိုလာေရာဂါမွာစမ္းသပ္တုန္းက ေအာင္ျမင္မႈ မရွိသေလာက္ျဖစ္ခဲ့ေပမယ့္ တိရိစာၦန္ေတြမွာ အႀကိမ္ႀကိမးစမ္းသပ္မႈေတြအရ ဒီေဆးဟာ ျပင္းထန္ေသာ အသက္ရွဴလမ္းေၾကာင္းေရာဂါ (SARS) နဲ႔ အေရွ႕အလယ္ပိုင္း အသက္ရွဴလမ္းေၾကာင္း ေရာဂါ (MERS) အပါအဝင္ ကိုဗစ္ႏိုင္တင္းကိုတားဆီး႐ုံသာမက ကုလည္းကုသႏိုင္တယ္လို႔ဆိုပါတယ္။

 

ရမ္းဒက္ဆီဗီယာ (remdesivir) ဟာ ကိုဗစ္ႏိုင္တင္းကိုတိုက္ဖ်က္ႏိုင္မယ့္ အလားအလာရွိတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕က ေဖေဖၚဝါရီလတုန္းက ေျပာခဲ့ပါေသးတယ္။

 

STAT ကေတာ့ ဒီစမ္းသပ္မႈနဲ႔ပတ္သက္ၿပီး မူလိန္းနဲ႔ သူမရဲ႕လုပ္ေဖၚကိုင္ဖက္ေတြ ေဆြးေႏြးေနတဲ့ ဗီဒီယို ကို ရရွိေလ့လာခဲ့တာလို႔ ေျပာပါတယ္။

 

“က်မတို႔လူနာအမ်ားစုဟာ ေရာဂါအျပင္းအထန္ခံစာေနၿပီး သူတို႔ရဲ႕အမ်ားစုက ေျခာက္ရက္အတြင္း ေဆး႐ုံကဆင္းသြားၾကတယ္။ ဒါေၾကာင့္ ဒီေရာဂါကုထုံးဟာအခ်ိန္ ၁၀ လိုခ်င္မွလိုမယ္” ဟု မူလိန္းေျပာေၾကာင္း ကိုးကားေဖၚျပထားပါတယ္။

 

ဒါေပမယ့္ ဒီစမ္းသပ္မႈမွာ ထိန္းခ်ဳပ္အုပ္စုတခုမပါဝင္တာေၾကာင့္ ဒီေဆးက လူနာေတြကို  ပိုမိုေကာင္းမြန္စြာနာလန္ထေအာင္ အေထာက္အကူျဖစ္မျဖစ္ ေျပာဖို႔ခက္ေနပါတယ္။ ထိန္းခ်ဳပ္အုပ္စု တခုပါဝင္ရင္ေတာ့ အခ်ိဳ႕လူမ်ားေတြဟာ ဒီ ေဆးဝါးကုထုံးမရတာေၾကာင့္ ဆရာဝန္ေတြအေနနဲ႔  လူနာမ်ားေတြရဲ႕ အေျခအေနကို အမွန္တကယ္သက္ေရာက္တာဟာ ဒီေဆး ဟုတ္မဟုတ္ကို ဆုံးျဖတ္ႏိုင္မွာ ျဖစ္ပါတယ္။                                       “ကိုဗစ္ ႏိုင္တင္းကုထုံးအေရးေပၚလိုအပ္ေနတာ နဲ႔ က်ေနာ္တို႔ ရမ္းဒက္ဆီဗီရာ ေဆးစမ္းသပ္မႈက အခ်က္အလက္ေတြကိုစိတ္ဝင္စားေနတာ က်ေနာ္တို႔နားလည္တယ္” လို႔ ထိုလုပ္ငန္းက စီအင္န္အင္န္ သတင္းဌာနအတြက္ထုတ္ျပန္တဲ့ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ ဒါေပမယ့္ လူနာေတြရဲ႕ဇာတ္လမ္းအနည္းငယ္မွ်ဟာ အနည္းငယ္မွ်သာျဖစ္ပါတယ္လို႔လည္း ေဖၚျပထားပါတယ္။

“ စမ္းသပ္မႈကေန ေကာက္ခ်က္ခ်ဖို႔ အခ်က္အလက္အားလုံးကို သ႐ုပ္ခြဲဖို႔လိုတယ္။ ဟိုတစ သည္တစ ဇာတ္လမ္းေတြဟာ အားတက္စရာေကာင္းေပမယ့္လည္း ကိုဗစ္ႏိုင္တင္း ကုထုံးအတြက္ ရမ္းဒက္ဆီဗြီရာရဲ႕ လုံၿခဳံမႈနဲ႔ ထိေရာက္မႈကို ဆုံးျဖတ္ဖို႔လိုတဲ့ စာရင္းအင္းဆိုင္ရာ စြမ္းအားေတာ့ မျဖစ္ေစႏိုင္ပါဘူး” လို႔လည္းဆိုပါတယ္။

 

ဒီေဆးကို စမ္းသပ္မႈေတြကို အျခားေဆးကုဌာနဒါဇင္ေပါင္းမ်ားစြာမွာလည္း စမ္းသပ္ေနပါတယ္။ Gilead ကေတာ့ကမာၻတဝွမ္းက စမ္းသပ္ရာေနရာေပါင္း ၁၅၂ ခုက ျပင္းထန္တဲ့ ကိုဗစ္ႏိုင္တင္း လကၡဏာခံစားေနရတဲ့ လူနာ ၂၄၀၀အတြက္ စမ္းသပ္မႈေတြကို အေထာက္အပံ့ေပးထားပါတယ္။ ကမာၻတဝွမ္း ေဆး႐ုံနဲ႔ ေဆးကုဌာန ၁၆၉ ခုကအလယ္အလတ္ ေရာဂါလကၡဏာေတြ ခံစားေနရတဲ့ လူနာ ၁၆၀၀ မွာလည္းစမ္းသပ္မႈေတြလုပ္ေနပါတယ္။

 

စမ္းသပ္မႈရဲ႕ ရလဒ္ေတြကို ဒီလကုန္ေလာက္မွာ ထုတ္ျပန္ႏိုင္မယ္လို႔ေမွ်ာ္လင့္ေၾကာင္းလည္း Gilead ကေျပာပါတယ္။

 

Linko

Ref : CNN

ဂ်နီဗာ၊ ဧၿပီ - ၁၇