စစ်အေးတိုက်ပွဲသစ်သို့ အမေရိကန်တွန်းပို့နေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြော

စစ်အေးတိုက်ပွဲသစ်သို့ အမေရိကန်တွန်းပို့နေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြော

အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို စစ်အေးတိုက်ပွဲသစ်ပုံစံနီးပါးသို့ တွန်းပို့နေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက တနင်္ဂနွေနေ့တွင်ပြောကြားလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ်၊ ဟောင်ကောင်၏ အဆင့်အတန်းနှင့်အခြားပြဿနာများတွင်ပါ နှစ်နိုင်ငံကြား တင်းမာမှု မြင့်မားနေပါတယ်။

“အမေရိကန်ပြည်ထောင်စုက တချို့နိုင်ငံရေးအင်အားစုတွေဟာ အမေရိကန်-တရုတ် ဆက်ဆံ ရေးကို ဓါးစာခံလုပ်ပြီး နှစ်နိုင်ငံကို စစ်အေးတိုက်ပွဲသစ်ဖြစ်လုနီးပါး အခြေအနေကို တွန်းပို့ နေတယ် ဆိုတာကို ကျနော်တို့ သတိထားလာမိတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

ကုန်သွယ်ရေး၊ လူ့အခွင့်အရေးနှင့် အခြားပြဿနာများနှင့်ပတ်သက်သည့် အင်အားကြီး နှစ်နိုင်ငံအကြား ကာလကြာမြင့်ပြီဖြစ်သည့် ပွတ်တိုက်မှုများသည်  ကိုဗစ်-၁၉ ဖြစ်ပွားမှုမှ စတင်ပြီး အမြင့်မားဆုံး အဆင့်သစ်များသို့ ရောက်လာပါတယ်။

မည်သည့်အင်အားစုများကို ရည်ရွယ်သည်ကို ဝမ်က ထုတ်ဖေါ်ပြောဆိုခြင်းမရှိသော်လည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ကူးစက်ရောဂါနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ ကနဦးကိုင်တွယ်မှုများအပေါ် ကမ္ဘာ့ဝေဖန်ရေးအား ဦးဆောင်နေ ပါတယ်။ ထိုကူးစက်ရောဂါ ကြောင့် ကမ္ဘာတဝှမ်းတွင် လူ ၃၃၀ ၀၀၀ သေဆုံးစေပြီး ကမ္ဘာတဝှမ်း စီးပွားရေးများကို အစုလိုက်အပြုံလိုက် ထိခိုက်စေခဲ့ပါတယ်။

တစိတ်တပိုင်းအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော ဟောင်ကောင်မှ ဒီမိုကရေစီလှုပ်ရှားမှုကို ဖိနှိပ်ရည် လုံခြုံရေးဆိုင်ရာ ဥပဒေသစ်ချမှတ်ရေးအတွက် တရုတ်နိုင်ငံ ဥပဒေပြုလွှတ်တော်က သောကြာနေ့တွင် အဆိုပြုလိုက်ခြင်းကြောင့်လည်း တင်းမာမှု ပိုမိုမြင့်မားလာပြီး အမေရိကန် နှင့် နိုင်ငံတကာက ဝေဖန်မှုကို ဖြစ်စေခဲ့ပါတယ်။

သို့သော် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို အကြိမ်ကြိမ်တိုက်ခိုက်ပြီး အသရေဖျက်ရန် ကြိုးစားနေကြောင်း ဝမ် က ပြန်လည်ဝေဖန်ခဲ့ပါတယ်။

“နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ဆုံးရှုံးရတာတွေသာမက အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေး ဗိုင်းရပ်စ်လည်း ပျံ့နှံ့နေတယ်” ဟု နှစ်စဉ်ကျင်းပသည့် ဥပဒေပြုလွှတ်တော် အစည်းအဝေးမှ သီးခြားကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

“ အဲဒီနိုင်ငံရေးဗိုင်းရပ်စ်ကတော့ တရုတ်နိုင်ငံကိုတိုက်ခိုက်ဖို့ အသရေဖျက်ဖို့ ရသမျှ အခွင့်အရေး တွေကို အသုံးချတာပဲဖြစ်တယ်။ တချို့နိုင်ငံရေး သမားတွေဟာ အခြေခံ ဖြစ်ရပ်မှန် အချက် အလက် တွေကို တောင် ဂရုမစိုက်တော့ဘဲ တရုတ်နိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ အလိမ်အညာ လုပ်ကြံဇာတ်လမ်းတွေ အများကြီး ကိုတောင်ဖန်တီးလာကြပြီး လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေ အလွန်အများအပြားကို ကြံစည်လာကြတယ်” ဟု ဝမ်ကဆိုပါတယ်။

Linko
Ref:timesofisrael.com
ဘေကျင်း၊မေ ၂၅‌

(  Zawgyi  )

 အေမရိကန္ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံႏွင့္ ဆက္ဆံေရးကို စစ္ေအးတိုက္ပြဲသစ္ပုံစံနီးပါးသို႔ တြန္းပို႔ေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးက တနဂၤေႏြေန႔တြင္ေျပာၾကားလိုက္ၿပီး ကို႐ိုနာဗိုင္းရပ္စ္၊ ေဟာင္ေကာင္၏ အဆင့္အတန္းႏွင့္အျခားျပႆနာမ်ားတြင္ပါ ႏွစ္ႏိုင္ငံၾကား တင္းမာမႈ ျမင့္မားေနပါတယ္။

“အေမရိကန္ျပည္ေထာင္စုက တခ်ိဳ႕ႏိုင္ငံေရးအင္အားစုေတြဟာ အေမရိကန္-တ႐ုတ္ ဆက္ဆံ ေရးကို ဓါးစာခံလုပ္ၿပီး ႏွစ္ႏိုင္ငံကို စစ္ေအးတိုက္ပြဲသစ္ျဖစ္လုနီးပါး အေျခအေနကို တြန္းပို႔ ေနတယ္ ဆိုတာကို က်ေနာ္တို႔ သတိထားလာမိတယ္” ဟု ႏိုင္ငံျခားေရး ဝန္ႀကီး ဝမ္ယိက သတင္းေထာက္မ်ားကို ေျပာၾကားခဲ့ပါတယ္။

ကုန္သြယ္ေရး၊ လူ႔အခြင့္အေရးႏွင့္ အျခားျပႆနာမ်ားႏွင့္ပတ္သက္သည့္ အင္အားႀကီး ႏွစ္ႏိုင္ငံအၾကား ကာလၾကာျမင့္ၿပီျဖစ္သည့္ ပြတ္တိုက္မႈမ်ားသည္  ကိုဗစ္-၁၉ ျဖစ္ပြားမႈမွ စတင္ၿပီး အျမင့္မားဆုံး အဆင့္သစ္မ်ားသို႔ ေရာက္လာပါတယ္။

မည္သည့္အင္အားစုမ်ားကို ရည္႐ြယ္သည္ကို ဝမ္က ထုတ္ေဖၚေျပာဆိုျခင္းမရွိေသာ္လည္း အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္သည္ ကူးစက္ေရာဂါႏွင့္ ပတ္သက္သည့္ တ႐ုတ္ႏိုင္ငံ၏ ကနဦးကိုင္တြယ္မႈမ်ားအေပၚ ကမာၻ႔ေဝဖန္ေရးအား ဦးေဆာင္ေန ပါတယ္။ ထိုကူးစက္ေရာဂါ ေၾကာင့္ ကမာၻတဝွမ္းတြင္ လူ ၃၃၀ ၀၀၀ ေသဆုံးေစၿပီး ကမာၻတဝွမ္း စီးပြားေရးမ်ားကို အစုလိုက္အၿပဳံလိုက္ ထိခိုက္ေစခဲ့ပါတယ္။

တစိတ္တပိုင္းအားျဖင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေသာ ေဟာင္ေကာင္မွ ဒီမိုကေရစီလႈပ္ရွားမႈကို ဖိႏွိပ္ရည္ လုံၿခဳံေရးဆိုင္ရာ ဥပေဒသစ္ခ်မွတ္ေရးအတြက္ တ႐ုတ္ႏိုင္ငံ ဥပေဒျပဳလႊတ္ေတာ္က ေသာၾကာေန႔တြင္ အဆိုျပဳလိုက္ျခင္းေၾကာင့္လည္း တင္းမာမႈ ပိုမိုျမင့္မားလာၿပီး အေမရိကန္ ႏွင့္ ႏိုင္ငံတကာက ေဝဖန္မႈကို ျဖစ္ေစခဲ့ပါတယ္။

သို႔ေသာ္ အေမရိကန္ႏိုင္ငံက တ႐ုတ္ႏိုင္ငံကို အႀကိမ္ႀကိမ္တိုက္ခိုက္ၿပီး အသေရဖ်က္ရန္ ႀကိဳးစားေနေၾကာင္း ဝမ္ က ျပန္လည္ေဝဖန္ခဲ့ပါတယ္။

“ႏိုဗယ္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္ဆုံးရႈံးရတာေတြသာမက အေမရိကန္ျပည္ေထာင္စုမွာ ႏိုင္ငံေရး ဗိုင္းရပ္စ္လည္း ပ်ံ႕ႏွံ႔ေနတယ္” ဟု ႏွစ္စဥ္က်င္းပသည့္ ဥပေဒျပဳလႊတ္ေတာ္ အစည္းအေဝးမွ သီးျခားက်င္းပသည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ပါတယ္။

“ အဲဒီႏိုင္ငံေရးဗိုင္းရပ္စ္ကေတာ့ တ႐ုတ္ႏိုင္ငံကိုတိုက္ခိုက္ဖို႔ အသေရဖ်က္ဖို႔ ရသမွ် အခြင့္အေရး ေတြကို အသုံးခ်တာပဲျဖစ္တယ္။ တခ်ိဳ႕ႏိုင္ငံေရး သမားေတြဟာ အေျခခံ ျဖစ္ရပ္မွန္ အခ်က္ အလက္ ေတြကို ေတာင္ ဂ႐ုမစိုက္ေတာ့ဘဲ တ႐ုတ္ႏိုင္ငံကို ပစ္မွတ္ထားတိုက္ခိုက္ဖို႔ အလိမ္အညာ လုပ္ႀကံဇာတ္လမ္းေတြ အမ်ားႀကီး ကိုေတာင္ဖန္တီးလာၾကၿပီး လွ်ိဳ႕ဝွက္ပူးေပါင္းႀကံစည္မႈေတြ အလြန္အမ်ားအျပားကို ႀကံစည္လာၾကတယ္” ဟု ဝမ္ကဆိုပါတယ္။

Linko
Ref:timesofisrael.com
ေဘက်င္း၊ေမ ၂၅‌