ဂျာနယ်လစ် ခါရှော့ဂီ အသတ်ခံရမှုတွင် တရားခံများကို လွှဲပြောင်းပေးရန် တူရကီ၏ တောင်းဆိုချက်ကို ဆော်ဒီ ငြင်းဆန်ပယ်ချ

ဂျာနယ်လစ် ခါရှော့ဂီ အသတ်ခံရမှုတွင် တရားခံများကို လွှဲပြောင်းပေးရန် တူရကီ၏ တောင်းဆိုချက်ကို ဆော်ဒီ ငြင်းဆန်ပယ်ချ

ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးက ဂျာနယ်လစ် ဂျမဲ ခါရှော့ဂီ အသတ်ခံရမှုမှာ တရားခံတွေကို တူရကီကို လွှဲပြောင်းပေးဖို့ကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။

ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒဲ အယ်လ်-ဂျူဘီရာ က “ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေကို လွှဲပြောင်းပေးမှာ မဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ် တစ်ပတ်လောက်ကပဲ တူရကီ သမ္မတ ရီစပ် တေးယစ် အာဒိုဂန် က တရားခံတွေကို လွှဲပြောင်းပေးဖို့ တောင်းဆိုလိုက်သလို တူရကီရုံးတော်ကလည်း ဗုဒ္ဓဟူးနေ့က ဖမ်းဝရမ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

ဆော်ဒီအာရေဗျက အောက်တိုဘာလက အစ္စတန်ဘူက ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှာ လူ ၁၁ ယောက်ကို တရားစွဲထားပါတယ်။

တူရကီမှာတော့ ဆော်ဒီ ထောက်လှမ်းရေး အကြီးအကဲဟောင်း အာမတ် အယ်လ် အက်ဆီရီ နဲ့ ဘုရင့်အကြံပေးဟောင်း ဆောက် အယ်လ် ခါတာနီ တို့ နှစ်ဦးကို ဖမ်းဝရမ်းတွေ ထုတ်ပြန်ထားပါတယ်။

မစ္စတာ အယ်လ် ဂျူဘီရာ က တူရကီက ဘုရင့်နိုင်ငံနဲ့ သတင်းအချက်အလက် ဝေငှနေပုံ နည်းလမ်းကိုလည်း ဝေဖန်လိုက်ပါတယ်။

“တူရကီအာဏာပိုင်တွေဟာ ကျွန်တော်တို့ ဖြစ်သင့်တယ်လို့ ယုံကြည်ထားတဲ့ ပုံစံအတိုင်း မဟုတ်ကြဘူး” လို့ မစ္စတာ အယ်လ် ဂျူဘီရာ က ပြောကြားပါတယ်။

“ကျွန်တော်တို့က တူရကီက မိတ်ဆွေတွေကို တရားရုံးမှာ အသုံးပြုနိုင်အောင် အထောက်အထား အချက်အလက်တွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း အထောက်အထားတွေဟာ ကျွန်တော်တို့ ရသင့်တဲ့ပုံစံံအတိုင်း ရောက်မလာခဲ့ပါဘူူး” လို့ ၎င်းက ပြောကြားပါတယ်။

မစ္စတာအာဒိုဂန် ကတော့ ခါရှော့ဂီ ကို သတ်ဖြတ်ဖို့ အမိန့်ဟာ ဆော်ဒီအစိုးရရဲ့ အမြင့်ဆုံးအဆင့်တွေက လာတာဖြစ်တယ်လို့ ပြောပေမယ့်လည်း ဆော်ဒီတော်ဝင်မိသားစုကို ထိခိုက်စေလိုတဲ့ ဆန္ဒတော့မရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

NZT
ဘီဘီစီ
ရီယာ့ဒ်၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

ေဆာ္ဒီအာေရဗ် ႏိုင္ငံျခားေရးဝန္ႀကီးက ဂ်ာနယ္လစ္ ဂ်မဲ ခါေရွာ့ဂီ အသတ္ခံရမႈမွာ တရားခံေတြကို တူရကီကို လႊဲေျပာင္းေပးဖို႔ကို ျငင္းဆန္ပယ္ခ်လိုက္ပါတယ္။

ေဆာ္ဒီ ႏိုင္ငံျခားေရးဝန္ႀကီး အဗၺဒဲ အယ္လ္-ဂ်ဴဘီရာ က “ကြၽန္ေတာ္တို႔ရဲ႕ ႏိုင္ငံသားေတြကို လႊဲေျပာင္းေပးမွာ မဟုတ္ဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္ တစ္ပတ္ေလာက္ကပဲ တူရကီ သမၼတ ရီစပ္ ေတးယစ္ အာဒိုဂန္ က တရားခံေတြကို လႊဲေျပာင္းေပးဖို႔ ေတာင္းဆိုလိုက္သလို တူရကီ႐ုံးေတာ္ကလည္း ဗုဒၶဟူးေန႔က ဖမ္းဝရမ္းေတြ ထုတ္ျပန္ခဲ့ပါတယ္။

ေဆာ္ဒီအာေရဗ်က ေအာက္တိုဘာလက အစၥတန္ဘူက ေဆာ္ဒီေကာင္စစ္ဝန္႐ုံးထဲမွာ ျဖစ္ပြားခဲ့တဲ့ လူသတ္မႈမွာ လူ ၁၁ ေယာက္ကို တရားစြဲထားပါတယ္။

တူရကီမွာေတာ့ ေဆာ္ဒီ ေထာက္လွမ္းေရး အႀကီးအကဲေဟာင္း အာမတ္ အယ္လ္ အက္ဆီရီ နဲ႔ ဘုရင့္အႀကံေပးေဟာင္း ေဆာက္ အယ္လ္ ခါတာနီ တို႔ ႏွစ္ဦးကို ဖမ္းဝရမ္းေတြ ထုတ္ျပန္ထားပါတယ္။

မစၥတာ အယ္လ္ ဂ်ဴဘီရာ က တူရကီက ဘုရင့္ႏိုင္ငံနဲ႔ သတင္းအခ်က္အလက္ ေဝငွေနပုံ နည္းလမ္းကိုလည္း ေဝဖန္လိုက္ပါတယ္။

“တူရကီအာဏာပိုင္ေတြဟာ ကြၽန္ေတာ္တို႔ ျဖစ္သင့္တယ္လို႔ ယုံၾကည္ထားတဲ့ ပုံစံအတိုင္း မဟုတ္ၾကဘူး” လို႔ မစၥတာ အယ္လ္ ဂ်ဴဘီရာ က ေျပာၾကားပါတယ္။

“ကြၽန္ေတာ္တို႔က တူရကီက မိတ္ေဆြေတြကို တရား႐ုံးမွာ အသုံးျပဳႏိုင္ေအာင္ အေထာက္အထား အခ်က္အလက္ေတြေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း အေထာက္အထားေတြဟာ ကြၽန္ေတာ္တို႔ ရသင့္တဲ့ပုံစံံအတိုင္း ေရာက္မလာခဲ့ပါဘူူး” လို႔ ၎က ေျပာၾကားပါတယ္။

မစၥတာအာဒိုဂန္ ကေတာ့ ခါေရွာ့ဂီ ကို သတ္ျဖတ္ဖို႔ အမိန႔္ဟာ ေဆာ္ဒီအစိုးရရဲ႕ အျမင့္ဆုံးအဆင့္ေတြက လာတာျဖစ္တယ္လို႔ ေျပာေပမယ့္လည္း ေဆာ္ဒီေတာ္ဝင္မိသားစုကို ထိခိုက္ေစလိုတဲ့ ဆႏၵေတာ့မရွိဘူးလို႔ အခိုင္အမာေျပာၾကားခဲ့ပါတယ္။

NZT
ဘီဘီစီ
ရီယာ့ဒ္၊ ဒီဇင္ဘာ - ၁၀