ကွန်ဂရက်တွင် လာရောက်ထွက်ဆိုရန် အိမ်ဖြူတော်အကြံပေးအရာရှိဟောင်းကို တရားရုံးအမိန့်ချမှတ်

ကွန်ဂရက်တွင် လာရောက်ထွက်ဆိုရန် အိမ်ဖြူတော်အကြံပေးအရာရှိဟောင်းကို တရားရုံးအမိန့်ချမှတ်

အမေရိကန်ခရိုင်တရားသူကြီး ကီတန်ဂျီဘရောင်းဂျက်ဆင်က နိုဝင်ဘာ ၂၅ ရက်က အမိန့်တစ်ရပ် ချမှတ်လိုက်ရာတွင် သမ္မတဒေါ်နယ်ထရမ့် အား စွပ်စွဲပြစ်တင် စစ်ဆေးမှုတွင် အိမ်ဖြူတော် အကြံပေးအရာရှိဟောင်း ဒွန်မက်ဂန်အနေဖြင့် ကွန်ဂရက်တွင် အစစ်ခံရန် အောက်လွှတ်တော်က ဆင့်ခေါ်ခြင်းကို သွားရောက်ရမည်ဟု ပါရှိပါတယ်။

အဆိုပါ တရားရုံးဆုံးဖြတ်ချက်တွင် နိုင်ငံတော်လုံခြုံရေးအကြံပေးဟောင်း ဂျွန်ဘော်လ်တန်နှင့် အခြား အုပ်ချုပ်ရေးအရာရှိများသည်လည်း ယင်းကဲ့သို့ ထွက်ဆိုရန် အခြေအနေများ ဖြစ်လာနိုင်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ပြောကြားပါတယ်။ မက်ဂန်သည် အထူး အကြံပေးဟောင်း ရောဘတ်မူလာ၏ ရုရှားပြဿနာစုံစမ်း စစ်ဆေးရေးတွင် အဓိက သက်သေတစ်ဦးလည်း ဖြစ်ပါတယ်။ ၎င်းသည် ရောဘတ်မူလာအဖွဲ့၏ စစ်ဆေးမှုကို နာရီ ၃၀ ခံခဲ့ရပြီး မူလာ၏ အဖွဲ့အနေဖြင့် ၎င်းထံမှ အချက်အလက်များစွာကို ရရှိခဲ့ပါတယ်။ ၎င်းအား အောက်လွှတ်တော် တရားရေးကော်မတီက ဧပြီလမှာလည်း ထွက်ဆိုရန် ဆင့်ခေါ်ခဲ့ပါတယ်။

အယူခံမတင်ဖြစ်ပါက မက်ဂန်အနေဖြင့် တရားရုံးဆုံးဖြတ်ချက်အတိုင်း လိုက်နာသွားမည်ဟု ၎င်း၏ ရှေ့နေ ဝီလျံဘာ့ဂ်က ပြောပါတယ်။“မက်ဂန်ရဲ့ အယူခံကို တရားရေးဌာနက ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ သူတို့အနေနဲ့ အဲဒီကိစ္စကို ဆက်ပြီး ဆောင်ရွက်ဖို့ ရှိ၊မရှိ မေးဖို့ လိုပါမယ်” ဟု ရှေ့နေဘာ့ဂ်က ပြောပါတယ်။

တရားရေးဌာနပြောခွင့်ရ ကာရီကပ်က ၎င်းတို့ဌာနအနေဖြင့် တရားရုံးဆုံးဖြတ်ချက်အပေါ် အယူခံတင်သွားမည်ဟု ပြောကြားပါတယ်။အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အစိုးရ အကြီးတန်းအုပ်ချုပ်ရေးအဖွဲ့ဝင်များအား တရားရုံးသို့ ထွက်ဆိုရန် တွန်းအားပေးနိုင်သည့် အခွင့်အာဏာကို ကွန်ဂရက်သို့ ပေးမထားကြောင်း ထရမ့်အစိုးရအဖွဲ့က ငြင်းဆိုထားပါတယ်။

Linko
Ref:businessinsider.com
ဝါရှင်တန်၊ နိုဝင်ဘာ ၂၆

(  Zawgyi  )

 အေမရိကန္ခ႐ိုင္တရားသူႀကီး ကီတန္ဂ်ီဘေရာင္းဂ်က္ဆင္က ႏိုဝင္ဘာ ၂၅ ရက္က အမိန႔္တစ္ရပ္ ခ်မွတ္လိုက္ရာတြင္ သမၼတေဒၚနယ္ထရမ့္ အား စြပ္စြဲျပစ္တင္ စစ္ေဆးမႈတြင္ အိမ္ျဖဴေတာ္ အႀကံေပးအရာရွိေဟာင္း ဒြန္မက္ဂန္အေနျဖင့္ ကြန္ဂရက္တြင္ အစစ္ခံရန္ ေအာက္လႊတ္ေတာ္က ဆင့္ေခၚျခင္းကို သြားေရာက္ရမည္ဟု ပါရွိပါတယ္။

အဆိုပါ တရား႐ုံးဆုံးျဖတ္ခ်က္တြင္ ႏိုင္ငံေတာ္လုံၿခဳံေရးအႀကံေပးေဟာင္း ဂြၽန္ေဘာ္လ္တန္ႏွင့္ အျခား အုပ္ခ်ဳပ္ေရးအရာရွိမ်ားသည္လည္း ယင္းကဲ့သို႔ ထြက္ဆိုရန္ အေျခအေနမ်ား ျဖစ္လာႏိုင္ေၾကာင္း ဥပေဒေရးရာ ကြၽမ္းက်င္သူမ်ားက ေျပာၾကားပါတယ္။ မက္ဂန္သည္ အထူး အႀကံေပးေဟာင္း ေရာဘတ္မူလာ၏ ႐ုရွားျပႆနာစုံစမ္း စစ္ေဆးေရးတြင္ အဓိက သက္ေသတစ္ဦးလည္း ျဖစ္ပါတယ္။ ၎သည္ ေရာဘတ္မူလာအဖြဲ႕၏ စစ္ေဆးမႈကို နာရီ ၃၀ ခံခဲ့ရၿပီး မူလာ၏ အဖြဲ႕အေနျဖင့္ ၎ထံမွ အခ်က္အလက္မ်ားစြာကို ရရွိခဲ့ပါတယ္။ ၎အား ေအာက္လႊတ္ေတာ္ တရားေရးေကာ္မတီက ဧၿပီလမွာလည္း ထြက္ဆိုရန္ ဆင့္ေခၚခဲ့ပါတယ္။

အယူခံမတင္ျဖစ္ပါက မက္ဂန္အေနျဖင့္ တရား႐ုံးဆုံးျဖတ္ခ်က္အတိုင္း လိုက္နာသြားမည္ဟု ၎၏ ေရွ႕ေန ဝီလ်ံဘာ့ဂ္က ေျပာပါတယ္။“မက္ဂန္ရဲ႕ အယူခံကို တရားေရးဌာနက ကိုင္တြယ္ေဆာင္႐ြက္ေနပါတယ္။ သူတို႔အေနနဲ႔ အဲဒီကိစၥကို ဆက္ၿပီး ေဆာင္႐ြက္ဖို႔ ရွိ၊မရွိ ေမးဖို႔ လိုပါမယ္” ဟု ေရွ႕ေနဘာ့ဂ္က ေျပာပါတယ္။

တရားေရးဌာနေျပာခြင့္ရ ကာရီကပ္က ၎တို႔ဌာနအေနျဖင့္ တရား႐ုံးဆုံးျဖတ္ခ်က္အေပၚ အယူခံတင္သြားမည္ဟု ေျပာၾကားပါတယ္။အေမရိကန္ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ အစိုးရ အႀကီးတန္းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားအား တရား႐ုံးသို႔ ထြက္ဆိုရန္ တြန္းအားေပးႏိုင္သည့္ အခြင့္အာဏာကို ကြန္ဂရက္သို႔ ေပးမထားေၾကာင္း ထရမ့္အစိုးရအဖြဲ႕က ျငင္းဆိုထားပါတယ္။

Linko
Ref:businessinsider.com
ဝါရွင္တန္၊ ႏိုဝင္ဘာ ၂၆