ကွန်ဂရက်ကို ထရမ့်ထောက်ခံသူများ ၀င်ရောက်စီးနင်းခြင်းအတွက် ထရမ့် ကို ဂျိုးဘိုင်ဒင် ပြစ်တင်

ကွန်ဂရက်ကို ထရမ့်ထောက်ခံသူများ ၀င်ရောက်စီးနင်းခြင်းအတွက် ထရမ့် ကို ဂျိုးဘိုင်ဒင် ပြစ်တင်

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရသူ ဂျိုးဘိုင်ဒင် က အမေရိကန်လွှတ်တော်ကို ၀င်ရောက်စီးနင်းသည့် ထရမ့်ထောက်ခံသူများ၏ ပုန်ကန်မှုအတွက် ထရမ့် ကို ဝေဖန်ပြီး ကွန်ဂရက်ကိုသိမ်းပိုက်မှု အဆုံးသတ်ရန် တောင်းဆိုလိုက်သည်။

တွစ်တာဗီဒီယိုမှ ပြောကြားသောစကားတွင် ထရမ့် က မဲခိုးမှုကိစ္စကို ထပ်မံပြောကြားသော်လည်း ဆန္ဒပြသူများ အိမ်ပြန်ရန်ပြောသည်။

အထက်နှင့် အောက် လွှတ်တော်နှစ်ရပ်က သမ္မတရွေးကောက်ပွဲအတွက်  ပြည်နယ်ကိုယ်စားလှယ်မဲ အတည်ပြုခြင်းကို ဆိုင်းငံ့ပြီး အစည်းအဝေးရပ်ဆိုင်းရသည်။

ဘိုင်ဒင် က ထရမ့်အနေဖြင့် ရုပ်သံသို့သွားပြီး သူ၏ ကျမ်းသစ္စာကျိန်ဆိုချက်များကို ဖြည့်စည်းရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန်နှင့် လွှတ်တော်ကိုသိမ်းပိုက်မှု အဆုံးသတ်ရန် ပြောသည်။

"ကာပီတိုဟေး လွှတ်တော်ကိုသိမ်းပိုက်တာ၊ ပြတင်ပေါက်တွေကိုရိုက်ခွဲတာ၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် စင်မြင့်ကိုဖျက်ဆီးတာ၊ ရွေးကောက်ခံထားရသူတွေရဲ့အသက်ကို ခြိမ်းခြောက်တာ၊ ဆန္ဒပြတာမဟုတ်ဘူး။ပုန်ကန်တာဟု ဘိုင်ဒင် ပြောသည်။

ဥရောပသမဂ္ဂခေါင်းဆောင်များနှင့် နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်တို့က အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ထရမ့်ထောက်ခံသူများက ၀င်ရောက်စီးနင်းခြင်းကို ရှုတ်ချလိုက်ပြီး ဘိုင်ဒင် ကို အမေရိကန်ခေါင်းဆောင်အဖြစ်လက်ခံရန် တိုက်တွန်းလိုက်သည်။

ဆန္ဒပြသူများက ကွန်ဂရက်အဆောက်အအုံ အတားအဆီးများကို ချိုးဖျက်ပြီး ၀င်ရောက်လာသည်ကို ထုတ်လွှင့်ချိန်တွင် “ဝါရှင်တန်မှာ တုန်လှုပ်စရာတွေမြင်ရတယ်။ဒီမိုကရေစီ ရွေးကောက်ပွဲရလဒ်ကို လေးစားရမယ်” ဟု နေတိုး အတွင်းရေးမှူးချုပ် Stoltenberg က တွစ်တာတွင်ရေးသည်။

“အမေရိကန်ကွန်ဂရက်မှာ အရမ်းကိုကျက်သရေမဲ့နေတယ်။အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတဝှမ်းက ဒီမိုကရေစီအတွက် ရပ်တည်သင့်တယ်။အခုအရေးကြီးတာက ငြိမ်းချမ်းစွာ စနစ်တကျအာဏာလွှဲပြောင်းဖို့ပဲ” ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က တွစ်တာတွင် ရေးသားသည်။

အမေရိကန်ဒေါက်တိုင်တွေကို အကြမ်းဖက်တာက ဒီမိုကရေစီ အကြီးအကျယ် နောက်ပြန်လျှောကျတာပဲ။ကျုပ်ရှုတ်ချတယ်။
အမေရိကန်ပြည်သူတွေကိုလေးစားဖို့ ငါမဲပေးမယ်" ဟု ပြင်သစ် ဥရောသမဂ္ဂနှင့် နိုင်ငံခြားရေး၀န်ကြီးက ဆိုသည်။

အမေရိကန်လွှတ်တော်က ကာပီတိုဟေးကို အကြမ်းဖက်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့် ကို ဖြုတ်ချရန် တောင်းဆိုနေကြသည် သမ္မတအဖြစ်ရွေးချယ်ခံရသူ ဘိုင်ဒင် ကို အတည်ပြုရန် ကွန်ဂရက်လွှတ်တော်က ဗုဒ္ဓဟူးနေ့တွင်စည်းဝေးရန် စီစဉ်ထားသည်။ရီပတ်ဗလစ်ကန်အမတ် ၁၀၀ ခန့်ကလည်း ဘိုင်ဒင်အနိုင်ရခြင်းကို အတည်ပြုခြင်းအားဆန့်ကျင်ပြီး ထရမ့် ကို သမ္မတအဖြစ် ဆက်လက်ခန့်ထားရန် ကြိုးစားကြသည်။ထရမ့်သည်  ဗုဒ္ဓဟူးနေ့က လူထုစုဝေးပွဲတွင် သူ၏အခြေအမြစ်မရှိသော စွပ်စွဲချက်များအား ဆက်လက်ပြောကြားပြီး သူ့ကိုထောက်ခံသူများက လွှတ်တော်ကိုသိမ်းပိုက်ရန် အားပေးခဲ့ပုံရသည်။ဆန္ဒပြသူများသည် လွှတ်တော်အဆောက်အအုံမှ အတားအဆီးများကို ချိုးဖျက်၀င်ရောက်ရန် အားပေးသကဲ့သို့ဖြစ်နေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် ၂၅ အရ သမ္မတသည် သူ၏တာ၀န်များကိုထမ်းဆောင်ရန် မဖြစ်နိုင်တော့ကြောင်း အထက်လွှတ်တော်တွင် တင်သွင်းလာက ဒုတိယသမ္မတသည် ခေတ္တသမ္မတအဖြစ် ချက်ခြင်း သမ္မတတာ၀န်ထမ်းဆောင်နိုင်သည်။

Linko
Ref : Reuters \ AP
ဝါရှင်တန်၊ ဇန်နဝါရီ - ၇

( Zawgyi )

အေမရိကန္သမၼတအျဖစ္ ေ႐ြးေကာက္ခံရသူ ဂ်ိဳးဘိုင္ဒင္ က အေမရိကန္လႊတ္ေတာ္ကို ၀င္ေရာက္စီးနင္းသည့္ ထရမ့္ေထာက္ခံသူမ်ား၏ ပုန္ကန္မႈအတြက္ ထရမ့္ ကို ေဝဖန္ၿပီး ကြန္ဂရက္ကိုသိမ္းပိုက္မႈ အဆုံးသတ္ရန္ ေတာင္းဆိုလိုက္သည္။

တြစ္တာဗီဒီယိုမွ ေျပာၾကားေသာစကားတြင္ ထရမ့္ က မဲခိုးမႈကိစၥကို ထပ္မံေျပာၾကားေသာ္လည္း ဆႏၵျပသူမ်ား အိမ္ျပန္ရန္ေျပာသည္။

အထက္ႏွင့္ ေအာက္ လႊတ္ေတာ္ႏွစ္ရပ္က သမၼတေ႐ြးေကာက္ပြဲအတြက္  ျပည္နယ္ကိုယ္စားလွယ္မဲ အတည္ျပဳျခင္းကို ဆိုင္းငံ့ၿပီး အစည္းအေဝးရပ္ဆိုင္းရသည္။

ဘိုင္ဒင္ က ထရမ့္အေနျဖင့္ ႐ုပ္သံသို႔သြားၿပီး သူ၏ က်မ္းသစၥာက်ိန္ဆိုခ်က္မ်ားကို ျဖည့္စည္းရန္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ကာကြယ္ရန္ႏွင့္ လႊတ္ေတာ္ကိုသိမ္းပိုက္မႈ အဆုံးသတ္ရန္ ေျပာသည္။

"ကာပီတိုေဟး လႊတ္ေတာ္ကိုသိမ္းပိုက္တာ၊ ျပတင္ေပါက္ေတြကို႐ိုက္ခြဲတာ၊ အထက္လႊတ္ေတာ္နဲ႔ ေအာက္လႊတ္ေတာ္ စင္ျမင့္ကိုဖ်က္ဆီးတာ၊ ေ႐ြးေကာက္ခံထားရသူေတြရဲ႕အသက္ကို ၿခိမ္းေျခာက္တာ၊ ဆႏၵျပတာမဟုတ္ဘူး။ပုန္ကန္တာဟု ဘိုင္ဒင္ ေျပာသည္။

ဥေရာပသမဂၢေခါင္းေဆာင္မ်ားႏွင့္ ေနတိုးအဖြဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္တို႔က အေမရိကန္ကြန္ဂရက္လႊတ္ေတာ္ကို ထရမ့္ေထာက္ခံသူမ်ားက ၀င္ေရာက္စီးနင္းျခင္းကို ရႈတ္ခ်လိုက္ၿပီး ဘိုင္ဒင္ ကို အေမရိကန္ေခါင္းေဆာင္အျဖစ္လက္ခံရန္ တိုက္တြန္းလိုက္သည္။

ဆႏၵျပသူမ်ားက ကြန္ဂရက္အေဆာက္အအုံ အတားအဆီးမ်ားကို ခ်ိဳးဖ်က္ၿပီး ၀င္ေရာက္လာသည္ကို ထုတ္လႊင့္ခ်ိန္တြင္ “ဝါရွင္တန္မွာ တုန္လႈပ္စရာေတြျမင္ရတယ္။ဒီမိုကေရစီ ေ႐ြးေကာက္ပြဲရလဒ္ကို ေလးစားရမယ္” ဟု ေနတိုး အတြင္းေရးမႉးခ်ဳပ္ Stoltenberg က တြစ္တာတြင္ေရးသည္။

“အေမရိကန္ကြန္ဂရက္မွာ အရမ္းကိုက်က္သေရမဲ့ေနတယ္။အေမရိကန္ျပည္ေထာင္စုဟာ ကမာၻတဝွမ္းက ဒီမိုကေရစီအတြက္ ရပ္တည္သင့္တယ္။အခုအေရးႀကီးတာက ၿငိမ္းခ်မ္းစြာ စနစ္တက်အာဏာလႊဲေျပာင္းဖို႔ပဲ” ၿဗိတိန္၀န္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ က တြစ္တာတြင္ ေရးသားသည္။

အေမရိကန္ေဒါက္တိုင္ေတြကို အၾကမ္းဖက္တာက ဒီမိုကေရစီ အႀကီးအက်ယ္ ေနာက္ျပန္ေလွ်ာက်တာပဲ။က်ဳပ္ရႈတ္ခ်တယ္။
အေမရိကန္ျပည္သူေတြကိုေလးစားဖို႔ ငါမဲေပးမယ္" ဟု ျပင္သစ္ ဥေရာသမဂၢႏွင့္ ႏိုင္ငံျခားေရး၀န္ႀကီးက ဆိုသည္။

အေမရိကန္လႊတ္ေတာ္က ကာပီတိုေဟးကို အၾကမ္းဖက္ေသာေၾကာင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ခ်က္ ၂၅ အရ ထရမ့္ ကို ျဖဳတ္ခ်ရန္ ေတာင္းဆိုေနၾကသည္ သမၼတအျဖစ္ေ႐ြးခ်ယ္ခံရသူ ဘိုင္ဒင္ ကို အတည္ျပဳရန္ ကြန္ဂရက္လႊတ္ေတာ္က ဗုဒၶဟူးေန႔တြင္စည္းေဝးရန္ စီစဥ္ထားသည္။ရီပတ္ဗလစ္ကန္အမတ္ ၁၀၀ ခန္႔ကလည္း ဘိုင္ဒင္အႏိုင္ရျခင္းကို အတည္ျပဳျခင္းအားဆန္႔က်င္ၿပီး ထရမ့္ ကို သမၼတအျဖစ္ ဆက္လက္ခန္႔ထားရန္ ႀကိဳးစားၾကသည္။ထရမ့္သည္  ဗုဒၶဟူးေန႔က လူထုစုေဝးပြဲတြင္ သူ၏အေျခအျမစ္မရွိေသာ စြပ္စြဲခ်က္မ်ားအား ဆက္လက္ေျပာၾကားၿပီး သူ႔ကိုေထာက္ခံသူမ်ားက လႊတ္ေတာ္ကိုသိမ္းပိုက္ရန္ အားေပးခဲ့ပုံရသည္။ဆႏၵျပသူမ်ားသည္ လႊတ္ေတာ္အေဆာက္အအုံမွ အတားအဆီးမ်ားကို ခ်ိဳးဖ်က္၀င္ေရာက္ရန္ အားေပးသကဲ့သို႔ျဖစ္ေနသည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ခ်က္ ၂၅ အရ သမၼတသည္ သူ၏တာ၀န္မ်ားကိုထမ္းေဆာင္ရန္ မျဖစ္ႏိုင္ေတာ့ေၾကာင္း အထက္လႊတ္ေတာ္တြင္ တင္သြင္းလာက ဒုတိယသမၼတသည္ ေခတၱသမၼတအျဖစ္ ခ်က္ျခင္း သမၼတတာ၀န္ထမ္းေဆာင္ႏိုင္သည္။

Linko
Ref : Reuters \ AP
ဝါရွင္တန္၊ ဇန္နဝါရီ - ၇