ကော်ရိုနာဗိုင်းရပ်စ်ပိုးကို ဩစတြေးလျ သိပ္ပံပညာရှင်များ ကုသရေးအတွက် အောင်မြင်စွာပွားယူ

ကော်ရိုနာဗိုင်းရပ်စ်ပိုးကို ဩစတြေးလျ သိပ္ပံပညာရှင်များ ကုသရေးအတွက် အောင်မြင်စွာပွားယူ

ဩစတြေးလျ သိပ္ပံပညာရှင်များက လူထောင်နှင့်ချီ၍ ကူးစက်ခံထားရသည့် ဝူဟန် ကော်ရိုနာဗိုင်းရပ်စ်အား အောင်မြင်စွာ ပွားနိုင်ခဲ့သောကြောင့် ရောဂါကုသရေးတွင် အထောက်အပံ့ဖြစ်လာနိုင်ကြောင်း ၎င်းတို့က ပြောကြားပါတယ်။

လူနာတစ်ဦး၏ ဆဲလ်နမူနာကိုယူကာ ယင်းဗိုင်းရပ်စ်ကို ပွားနိုင်ခဲ့ကြောင်း မဲလ်ဘုန်းမြို့ရှိ Doherty Institute မှ ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်လိုက်သောကြောင့် တရုတ်နိုင်ငံ ပြင်ပတွင် ပထမဆုံးအကြိမ်အဖြစ် ယင်းဗိုင်းရပ်စ်ကို မွေးမြူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

“ဗိုင်းရပ်စ်အစစ်ကို ရလိုက်တဲ့အတွက် စမ်းသပ်မှုတွေကို လုပ်ဆောင်နိုင်တော့မှာဖြစ်ပြီး သူတို့ရဲ့ ဆောင်ရွက်မှုတွေကို သိရှိနိုင်မှာဖြစ်ပါတယ်” ဟု ဗိုင်းရပ်စ်စစ်ဆေးရေးဓာတ်ခွဲခန်း အကြီးအကဲ ဂျူလီယန်ဒရုစ် က ပြောပါတယ်။

“ဝူဟန်ဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်လို့ အပြောင်းအလဲတစ်ရပ် ဖြစ်လာနိုင်ပါတယ်”

ကော်ရိုနာဗိုင်းရပ်စ်နှင့် သက်ဆိုင်သည့် မျိုးဗီဇတွေ့ရှိမှုများကို တရုတ်က ထုတ်ပြန်ခဲ့သောကြောင့် ကမ္ဘာ့နိုင်ငံများရှိ သိပ္ပံပညာရှင်များက ကုသနိုင်မည့် နည်းလမ်းများကို ရှာဖွေနေကြပြီး ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းအပေါ်လည်း ချီးကျူးခဲ့ကြပါတယ်။

၂၀၀၂-၂၀၀၃ ခုနှစ် ကာလအတွင်း ဆားစ်ရောဂါဖြစ်ပွားစဉ်က တရုတ်အနေဖြင့် ယင်းကဲ့သို့ ထုတ်ပြန်ပေးခဲ့ခြင်းမရှိပေ။သို့သော် တရုတ်နိုင်ငံက ဗိုင်းရပ်စ်ပိုးများကို အခြားနိုင်ငံများရှိ ဓာတ်ခွဲခန်းများသို့ မျှဝေပေးခဲ့ခြင်း မရှိသော်လည်း နိုင်ငံတကာ ကျွမ်းကျင်သူများအဖွဲ့က တရုတ်နိုင်ငံသို့ လာရောက်ကာ ပြည်တွင်းပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၂၈ ရက်မှာ ကြေညာထားပါတယ်။

ဩစတြေးလျနိုင်ငံ၏ ယခုတွေ့ရှိချက်ကြောင့် ရောဂါလက္ခဏာမပြသေးသည့် လူနာများကို ရောဂါကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်မှာဖြစ်ကြောင်း Doherty Institute မှ လက်ထောက်ညွှန်ကြားရေးမှူး မိုက်ကက်တွန် က ပြောပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ရှိ တောရိုင်းတိရစ္ဆာန်ဈေးမှ စတင်ခဲ့ဖွယ်ရှိသော ဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၄၅၀၀ ကျော်နှင့် သေဆုံးသူ ၁၀၀ ကျော်ရှိသွားပြီး  နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်ကိုလည်း ရောဂါပိုးရောက်ရှိနေပြီ ဖြစ်ပါတယ်။

ရောဂါထိန်းချုပ်ရေးအတွက် တရုတ်အစိုးရက တားမြစ်ထားခြင်းကြောင့် ဝူဟန်မြို့နှင့် ဒေသတွင်းမြို့များတွင် လူသန်း ၅၀ ကျော် ခရီးသွားနိုင်ခြင်းမရှိပေ။

Linko
Ref : The Straits Times
ဆစ်ဒနီ၊ ဇန်နဝါရီ - ၂၉

( Zawgyi )

ဩစေၾတးလ် သိပၸံပညာရွင္မ်ားက လူေထာင္ႏွင့္ခ်ီ၍ ကူးစက္ခံထားရသည့္ ဝူဟန္ ေကာ္႐ိုနာဗိုင္းရပ္စ္အား ေအာင္ျမင္စြာ ပြားႏိုင္ခဲ့ေသာေၾကာင့္ ေရာဂါကုသေရးတြင္ အေထာက္အပံ့ျဖစ္လာႏိုင္ေၾကာင္း ၎တို႔က ေျပာၾကားပါတယ္။

လူနာတစ္ဦး၏ ဆဲလ္နမူနာကိုယူကာ ယင္းဗိုင္းရပ္စ္ကို ပြားႏိုင္ခဲ့ေၾကာင္း မဲလ္ဘုန္းၿမိဳ႕ရွိ Doherty Institute မွ ဇန္နဝါရီ ၂၉ ရက္က ထုတ္ျပန္လိုက္ေသာေၾကာင့္ တ႐ုတ္ႏိုင္ငံ ျပင္ပတြင္ ပထမဆုံးအႀကိမ္အျဖစ္ ယင္းဗိုင္းရပ္စ္ကို ေမြးျမဴႏိုင္ခဲ့ျခင္း ျဖစ္ပါတယ္။

“ဗိုင္းရပ္စ္အစစ္ကို ရလိုက္တဲ့အတြက္ စမ္းသပ္မႈေတြကို လုပ္ေဆာင္ႏိုင္ေတာ့မွာျဖစ္ၿပီး သူတို႔ရဲ႕ ေဆာင္႐ြက္မႈေတြကို သိရွိႏိုင္မွာျဖစ္ပါတယ္” ဟု ဗိုင္းရပ္စ္စစ္ေဆးေရးဓာတ္ခြဲခန္း အႀကီးအကဲ ဂ်ဴလီယန္ဒ႐ုစ္ က ေျပာပါတယ္။

“ဝူဟန္ဗိုင္းရပ္စ္ေရာဂါနဲ႔ ပတ္သက္လို႔ အေျပာင္းအလဲတစ္ရပ္ ျဖစ္လာႏိုင္ပါတယ္”

ေကာ္႐ိုနာဗိုင္းရပ္စ္ႏွင့္ သက္ဆိုင္သည့္ မ်ိဳးဗီဇေတြ႕ရွိမႈမ်ားကို တ႐ုတ္က ထုတ္ျပန္ခဲ့ေသာေၾကာင့္ ကမာၻ႔ႏိုင္ငံမ်ားရွိ သိပၸံပညာရွင္မ်ားက ကုသႏိုင္မည့္ နည္းလမ္းမ်ားကို ရွာေဖြေနၾကၿပီး ယခုကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းအေပၚလည္း ခ်ီးက်ဴးခဲ့ၾကပါတယ္။

၂၀၀၂-၂၀၀၃ ခုႏွစ္ ကာလအတြင္း ဆားစ္ေရာဂါျဖစ္ပြားစဥ္က တ႐ုတ္အေနျဖင့္ ယင္းကဲ့သို႔ ထုတ္ျပန္ေပးခဲ့ျခင္းမရွိေပ။သို႔ေသာ္ တ႐ုတ္ႏိုင္ငံက ဗိုင္းရပ္စ္ပိုးမ်ားကို အျခားႏိုင္ငံမ်ားရွိ ဓာတ္ခြဲခန္းမ်ားသို႔ မွ်ေဝေပးခဲ့ျခင္း မရွိေသာ္လည္း ႏိုင္ငံတကာ ကြၽမ္းက်င္သူမ်ားအဖြဲ႕က တ႐ုတ္ႏိုင္ငံသို႔ လာေရာက္ကာ ျပည္တြင္းပညာရွင္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ သေဘာတူထားေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ဇန္နဝါရီ ၂၈ ရက္မွာ ေၾကညာထားပါတယ္။

ဩစေၾတးလ်ႏိုင္ငံ၏ ယခုေတြ႕ရွိခ်က္ေၾကာင့္ ေရာဂါလကၡဏာမျပေသးသည့္ လူနာမ်ားကို ေရာဂါကူးစက္ခံထားရျခင္း ရွိ၊ မရွိ စစ္ေဆးႏိုင္မွာျဖစ္ေၾကာင္း Doherty Institute မွ လက္ေထာက္ၫႊန္ၾကားေရးမႉး မိုက္ကက္တြန္ က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ အလယ္ပိုင္း ဝူဟန္ၿမိဳ႕ရွိ ေတာ႐ိုင္းတိရစာၦန္ေဈးမွ စတင္ခဲ့ဖြယ္ရွိေသာ ဗိုင္းရပ္စ္ ကူးစက္ခံထားရသူေပါင္း ၄၅၀၀ ေက်ာ္ႏွင့္ ေသဆုံးသူ ၁၀၀ ေက်ာ္ရွိသြားၿပီး  ႏိုင္ငံေပါင္း ၁၅ ႏိုင္ငံေက်ာ္ကိုလည္း ေရာဂါပိုးေရာက္ရွိေနၿပီ ျဖစ္ပါတယ္။

ေရာဂါထိန္းခ်ဳပ္ေရးအတြက္ တ႐ုတ္အစိုးရက တားျမစ္ထားျခင္းေၾကာင့္ ဝူဟန္ၿမိဳ႕ႏွင့္ ေဒသတြင္းၿမိဳ႕မ်ားတြင္ လူသန္း ၅၀ ေက်ာ္ ခရီးသြားႏိုင္ျခင္းမရွိေပ။

Linko
Ref : The Straits Times
ဆစ္ဒနီ၊ ဇန္နဝါရီ - ၂၉