ကော်ရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အကောင်းဆုံး ကိုင်တွယ်ဆောင်ရွက်နေကြောင်း သမ္မတထရမ့်ပြော

ကော်ရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အကောင်းဆုံး ကိုင်တွယ်ဆောင်ရွက်နေကြောင်း သမ္မတထရမ့်ပြော

ရောဂါကူးစက်ခံရသည့် အနေအထားတွေ့ရသူ ၈၄၀၀ဦးအား စစ်ဆေးနေကြောင်း ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ပြီး နောက် သမ္မတဒေါ်နယ်ထရမ့်က ၎င်းတို့အစိုးရအနေဖြင့် ကော်ရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အကောင်းဆုံး ကိုင်တွယ်ဆောင်ရွက်နေ ကြောင်း ပြောပါတယ်။

ကမ္ဘာပေါ်တွင် ရောဂါကူးစက်ခံထားရသူ ထောင်နှင့်ချီရှိသည့်အနက် အမေရိကန်တွင် ၁၅ ဦးသာရှိကြောင်းလည်း ထရမ့်က ဖေဖော်ဝါရီ ၂၇ ရက်က အိမ်ဖြူတော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သက်ဆိုင်ရာ ပြည်နယ်အစိုးရများက နယ်စပ်များအား ပိတ်ပစ်ခြင်းနှင့် တရုတ်နိုင်ငံမှ လာရောက်သည့် ခရီးသည်များအား ကန့်သတ်ခြင်းတို့ကိုလည်း လုပ်ဆောင် ထားပါတယ်။

ကမ္ဘာ့စတော့ဈေးကွက်သည် ၄ လအတွင်း အနိမ့်ဆုံးသို့ ရောက်သွားသကဲ့သို့  အစိုးရမှ ကြွေးမြီထုတ်ပေးရသည့် ပမာဏသည် များစွာ လျော့ကျသွားကာ ရေနံစိမ်းဈေးနှုန်းသည်လည်း များစွာ ကျဆင်းသွားခဲ့ပါတယ်။လက်ရှိဖြစ်ပွားနေသည့် ကော်ရိုနာဗိုင်းရပ်စ် သည် ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်သွားနိုင်ပြီး အရေးကြီးသည့် အခြေအနေတစ်ရပ်တွင် ရောက်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖေဖော်ဝါရီ ၂၇ ရက်မှာထုတ်ပြန်ထားပါတယ်။  ကမ္ဘာ့စီးပွားရေးမှာလည်း ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးအကြပ်အတည်း နောက်ပိုင်း အဆိုးဆုံးအခြေအနေဖြစ်ခဲ့ကာ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများတွင်လည်း  ဝယ်လိုအားများ ကျဆင်းလျှက်ရှိကြောင်း Bank of America က ခန့်မှန်းထားပါတယ်။

ဗိုင်းရပ်သည် နိုင်ငံရေးထက် အရေးကြီးနေကြောင်း ထရမ့်က ပြောကြားထားသော်လည်း အထက်လွှတ်တော်၏ ဒီမိုကရက်တစ် အမတ် ချက်ခ်ရှော်မာက အမေရိကန်ကျန်းမာရေးနှင့် လူသားရေးရာ ဝန်ဆောင်မှုဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုအား ကိုင်တွယ် ဆောင်ရွက်နေ သည့် ဝန်ထမ်းများအတွက် ကာကွယ်မှုများ လုပ်ဆောင်မပေးကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က ဝေဖန်စွပ်စွဲထားပါတယ်။

Linko
Ref: BNN Bloomberg
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈

(  Zawgyi  )

 ေရာဂါကူးစက္ခံရသည့္ အေနအထားေတြ႕ရသူ ၈၄၀၀ဦးအား စစ္ေဆးေနေၾကာင္း ကယ္လီဖိုးနီးယား အုပ္ခ်ဳပ္ေရးမႉးက ထုတ္ျပန္ၿပီး ေနာက္ သမၼတေဒၚနယ္ထရမ့္က ၎တို႔အစိုးရအေနျဖင့္ ေကာ္႐ိုနာဗိုင္းရပ္စ္ႏွင့္ ပတ္သက္၍ အေကာင္းဆုံး ကိုင္တြယ္ေဆာင္႐ြက္ေန ေၾကာင္း ေျပာပါတယ္။

ကမာၻေပၚတြင္ ေရာဂါကူးစက္ခံထားရသူ ေထာင္ႏွင့္ခ်ီရွိသည့္အနက္ အေမရိကန္တြင္ ၁၅ ဦးသာရွိေၾကာင္းလည္း ထရမ့္က ေဖေဖာ္ဝါရီ ၂၇ ရက္က အိမ္ျဖဴေတာ္၌ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ သက္ဆိုင္ရာ ျပည္နယ္အစိုးရမ်ားက နယ္စပ္မ်ားအား ပိတ္ပစ္ျခင္းႏွင့္ တ႐ုတ္ႏိုင္ငံမွ လာေရာက္သည့္ ခရီးသည္မ်ားအား ကန႔္သတ္ျခင္းတို႔ကိုလည္း လုပ္ေဆာင္ ထားပါတယ္။

ကမာၻ႔စေတာ့ေဈးကြက္သည္ ၄ လအတြင္း အနိမ့္ဆုံးသို႔ ေရာက္သြားသကဲ့သို႔  အစိုးရမွ ေႂကြးၿမီထုတ္ေပးရသည့္ ပမာဏသည္ မ်ားစြာ ေလ်ာ့က်သြားကာ ေရနံစိမ္းေဈးႏႈန္းသည္လည္း မ်ားစြာ က်ဆင္းသြားခဲ့ပါတယ္။လက္ရွိျဖစ္ပြားေနသည့္ ေကာ္႐ိုနာဗိုင္းရပ္စ္ သည္ ကမာၻ႔ကပ္ေရာဂါအသြင္ ျဖစ္သြားႏိုင္ၿပီး အေရးႀကီးသည့္ အေျခအေနတစ္ရပ္တြင္ ေရာက္ရွိေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ေဖေဖာ္ဝါရီ ၂၇ ရက္မွာထုတ္ျပန္ထားပါတယ္။  ကမာၻ႔စီးပြားေရးမွာလည္း ၂၀၀၈ ခုႏွစ္ ကမာၻ႔စီးပြားေရးအၾကပ္အတည္း ေနာက္ပိုင္း အဆိုးဆုံးအေျခအေနျဖစ္ခဲ့ကာ တ႐ုတ္ႏိုင္ငံႏွင့္ အျခားႏိုင္ငံမ်ားတြင္လည္း  ဝယ္လိုအားမ်ား က်ဆင္းလွ်က္ရွိေၾကာင္း Bank of America က ခန႔္မွန္းထားပါတယ္။

ဗိုင္းရပ္သည္ ႏိုင္ငံေရးထက္ အေရးႀကီးေနေၾကာင္း ထရမ့္က ေျပာၾကားထားေသာ္လည္း အထက္လႊတ္ေတာ္၏ ဒီမိုကရက္တစ္ အမတ္ ခ်က္ခ္ေရွာ္မာက အေမရိကန္က်န္းမာေရးႏွင့္ လူသားေရးရာ ဝန္ေဆာင္မႈဌာနအေနျဖင့္ ေရာဂါျဖစ္ပြားမႈအား ကိုင္တြယ္ ေဆာင္႐ြက္ေန သည့္ ဝန္ထမ္းမ်ားအတြက္ ကာကြယ္မႈမ်ား လုပ္ေဆာင္မေပးေၾကာင္း ေဖေဖာ္ဝါရီ ၂၇ ရက္က ေဝဖန္စြပ္စြဲထားပါတယ္။

Linko
Ref: BNN Bloomberg
ဝါရွင္တန္၊ ေဖေဖာ္ဝါရီ ၂၈