ကော်ရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သမ္မတရှီ၏ မိန့်ခွန်း Qiushi ဂျာနယ်တွင် ဖော်ပြ

ကော်ရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သမ္မတရှီ၏ မိန့်ခွန်း Qiushi ဂျာနယ်တွင် ဖော်ပြ

တရုတ်နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ် ပျံ့ပွားနေမှုနှင့် ပတ်သက်၍ ထိန်းချုပ်နိုင်အောင် ဆောင်ရွက်ကြရန် သမ္မတရှီကျင့်ဖိန်က ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို အာဏာရကွန်မြူနစ်ပါတီ၏ မူဝါဒရေးရာ များကို ဖော်ပြသည့် Qiushi ဂျာနယ်က ဖေဖော်ဝါရီ ၁၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။

သမ္မတရှီအနေဖြင့် အဆိုပါ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ပြောဆိုခဲ့သည့် သီတင်းပတ် ၂ ပတ်နီးပါး မတိုင်မီက ယင်းမိန့်ခွန်း ကို ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးစတင်ဖြစ်ပွားကြောင်း ပြည်သူသို့ အသိပေးရန် ကြိုးပမ်းမှုကြောင့် အပြစ်ပေးခံခဲ့ရသည့် ဆရာဝန်လီဝမ်လျန်း သေဆုံးခဲ့ပြီးနောက် ဗိုင်းရပ်စ်ဖြစ်ပွားမှုအပေါ် အာဏာပိုင်များက စောစီးစွာ ကိုင်တွယ်ဖြေ ရှင်းမှု မရှိခဲ့ခြင်းအား ပြစ်တင်မှုများ ရှိနေခြင်းကြောင့် သက်ဆိုင်ရာ နယ်မြေအကြီးအကဲများကို သမ္မတရှီနှင့် ထိပ်တန်းခေါင်းဆောင်များက အပြစ်ပေးလျှက် ရှိပါတယ်။

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈၀၀ ကျော်ရှိသွားပြီဖြစ်ကာ ကမ္ဘာ့ကုန်သွယ်ရေးကို ထိခိုက်စေသလို တရုတ်နိုင်ငံမှ လူဦးရေး သန်း ၆၀ ခန့်ဟာလည်း ခရီးသွားလာခွင့် ကန့်သတ်ခံထားရပါတယ်။ အဆိုပါအရေအတွက်သည် အီတလီနိုင်ငံ၏ လူဦးရေခန့် ရှိပါတယ်။ “သမ္မတရှီကျင့်ဖိန် ပြောပြီး ၂ ပတ်လောက်ကြာမှ  သူ့ရဲ့အစိုးရအဖွဲ့အတွင်း မိန့်ခွန်းထွက်ပေါ်လာတာဟာ Qiushi ဂျာနယ်မှာ အလွန် ရှားပါး ပါတယ်” ဟု တရုတ်၏ နိုင်ငံရေးစနစ် စာအုပ်များကို ရေးသားသူ နန်ယင်းတက္ကသိုလ်မှ အတွေးအခေါ်နှင့် ဥပဒေဆိုင်ရာ ပါမောက္ခဂူဆူးက ပြောပါတယ်။

Linko
Ref: Straits Times
ဘေကျင်း၊ ဖေဖော်ဝါရီ ၁၈

(  Zawgyi  )

 တ႐ုတ္ႏိုင္ငံတြင္ ေကာ္႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားေနမႈႏွင့္ ပတ္သက္၍ ထိန္းခ်ဳပ္ႏိုင္ေအာင္ ေဆာင္႐ြက္ၾကရန္ သမၼတရွီက်င့္ဖိန္က ဇန္နဝါရီ ၇ ရက္၌ ေျပာၾကားခဲ့သည့္ မိန႔္ခြန္းကို အာဏာရကြန္ျမဴနစ္ပါတီ၏ မူဝါဒေရးရာ မ်ားကို ေဖာ္ျပသည့္ Qiushi ဂ်ာနယ္က ေဖေဖာ္ဝါရီ ၁၆ ရက္မွာ ေဖာ္ျပခဲ့ပါတယ္။

သမၼတရွီအေနျဖင့္ အဆိုပါ ဗိုင္းရပ္စ္ႏွင့္ ပတ္သက္၍ ပထမဆုံးအႀကိမ္ ေျပာဆိုခဲ့သည့္ သီတင္းပတ္ ၂ ပတ္နီးပါး မတိုင္မီက ယင္းမိန႔္ခြန္း ကို ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။ ဗိုင္းရပ္စ္ပိုးစတင္ျဖစ္ပြားေၾကာင္း ျပည္သူသို႔ အသိေပးရန္ ႀကိဳးပမ္းမႈေၾကာင့္ အျပစ္ေပးခံခဲ့ရသည့္ ဆရာဝန္လီဝမ္လ်န္း ေသဆုံးခဲ့ၿပီးေနာက္ ဗိုင္းရပ္စ္ျဖစ္ပြားမႈအေပၚ အာဏာပိုင္မ်ားက ေစာစီးစြာ ကိုင္တြယ္ေျဖ ရွင္းမႈ မရွိခဲ့ျခင္းအား ျပစ္တင္မႈမ်ား ရွိေနျခင္းေၾကာင့္ သက္ဆိုင္ရာ နယ္ေျမအႀကီးအကဲမ်ားကို သမၼတရွီႏွင့္ ထိပ္တန္းေခါင္းေဆာင္မ်ားက အျပစ္ေပးလွ်က္ ရွိပါတယ္။

ေကာ္႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၈၀၀ ေက်ာ္ရွိသြားၿပီျဖစ္ကာ ကမာၻ႔ကုန္သြယ္ေရးကို ထိခိုက္ေစသလို တ႐ုတ္ႏိုင္ငံမွ လူဦးေရး သန္း ၆၀ ခန႔္ဟာလည္း ခရီးသြားလာခြင့္ ကန႔္သတ္ခံထားရပါတယ္။ အဆိုပါအေရအတြက္သည္ အီတလီႏိုင္ငံ၏ လူဦးေရခန႔္ ရွိပါတယ္။ “သမၼတရွီက်င့္ဖိန္ ေျပာၿပီး ၂ ပတ္ေလာက္ၾကာမွ  သူ႔ရဲ႕အစိုးရအဖြဲ႕အတြင္း မိန႔္ခြန္းထြက္ေပၚလာတာဟာ Qiushi ဂ်ာနယ္မွာ အလြန္ ရွားပါး ပါတယ္” ဟု တ႐ုတ္၏ ႏိုင္ငံေရးစနစ္ စာအုပ္မ်ားကို ေရးသားသူ နန္ယင္းတကၠသိုလ္မွ အေတြးအေခၚႏွင့္ ဥပေဒဆိုင္ရာ ပါေမာကၡဂူဆူးက ေျပာပါတယ္။

Linko
Ref: Straits Times
ေဘက်င္း၊ ေဖေဖာ္ဝါရီ ၁၈