ကော်ရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူ ၁၇၇၀ ထိ ရောက်ရှိ

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူ ၁၇၇၀ ထိ ရောက်ရှိ

တရုတ်နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၇၀ နှင့် ရောဂါကူးစက်ခံရသူ ၇၀၅၀၀ ဦးရှိကာ ပြန်လည်ကောင်းမွန်သွားသူ ၁၀၈၀၀ ဦးရှိကြောင်း တရုတ်အစိုးရ ကျန်းမာရေးကော်မတီက ဖေဖော်ဝါရီ ၁၇ ရက်မှာ  ထုတ်ပြန်ထားပါတယ်။တရုတ်နိုင်ငံအတွင်း ဒေသများ အနက် ဟူဘေးပြည်နယ်တွင် ရောဂါကူးစက်ခံရသူ ၅၈၁၀၀ ဦးအနက် ၁၆၉၆ ဦး သေဆုံးကာ ၆၆၃၉ ဦး ပြန်လည်ကောင်းမွန် သွားပြီ ဖြစ်ပါတယ်။ ဒုတိယဖြစ်ပွားမှု အများဆုံး ပြည်နယ်မှာ နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းဖြစ်ပြီး ကူးစက်ခံရသူ ၁၃၀၀၊ အလယ်ပိုင်း ဟေနန်နှင့် အရှေ့ပိုင်း ရှီကျန်းပြည်နယ်များ တွင်  ၁၂၀၀ ဦးနှင့် ၁၁၀၀ ဦး အသီးသီးရှိပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်တွင် ရရှိသည့် ကိန်းဂဏန်းများအရ ဘေကျင်းမြို့တော်တွင် ရောဂါဖြစ်ပွားသူ ၃၈၁ ဦး ရှိသည့်အနက် ၁၄၄ ဦး ဆေးရုံမှဆင်းသွားကာ ၄ ဦး သေဆုံးကြောင်း ဖော်ပြထားပါတယ်။ နောက်ဆုံးထွက်ရှိလာသည့် တရားဝင်အစီရင်ခံစာများအရ တရုတ်နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူများနှင့် နီးကပ်စွာ ထိတွေ့ခဲ့သောကြောင့် စောင့်ကြည့်ခံထားရသူ ၁၅၀၅၀၀ ဦး ရှိနေပါတယ်။ ထို့ပြင် သံသယရှိသောကြောင့် သီးခြားခွဲထားရသူ ၇၂၀၀ ဦးရှိကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်ထားပါတယ်။

ဆရာဝန်များ၏ ပြောကြားချက်အရ ၁၀၆၀၀ ကျော်သည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပါတယ်။2019-nCoV ဟု ခေါ်ဝေါ် ခဲ့သည့် COVID-19 သည် ယခုအခါ တရုတ်နိုင်ငံအပြင် ၂၅ နိုင်ငံကျော်တွင် ဖြစ်ပွားနေရာ ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ အီဂျစ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ အိန္ဒိယ၊ အီတလီ၊ မလေးရှား၊ နီပေါ၊ ဖိလစ်ပိုင၊ ရုရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊စပိန်၊ သီရိလင်္ကာ၊ ဆွီဒင်၊ ထိုင်း၊ ယူအေအီး၊ ဗြိတိန်၊ အမေရိကန်နှင့် ဗီယက်နမ်တို့ ပါဝင်ပါတယ်။

Linko
Ref:Tass
ဘေကျင်း၊ ဖေဖော်ဝါရီ ၁၇

(  Zawgyi  )

 တ႐ုတ္ႏိုင္ငံတြင္ ေကာ္႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၇၇၀ ႏွင့္ ေရာဂါကူးစက္ခံရသူ ၇၀၅၀၀ ဦးရွိကာ ျပန္လည္ေကာင္းမြန္သြားသူ ၁၀၈၀၀ ဦးရွိေၾကာင္း တ႐ုတ္အစိုးရ က်န္းမာေရးေကာ္မတီက ေဖေဖာ္ဝါရီ ၁၇ ရက္မွာ  ထုတ္ျပန္ထားပါတယ္။တ႐ုတ္ႏိုင္ငံအတြင္း ေဒသမ်ား အနက္ ဟူေဘးျပည္နယ္တြင္ ေရာဂါကူးစက္ခံရသူ ၅၈၁၀၀ ဦးအနက္ ၁၆၉၆ ဦး ေသဆုံးကာ ၆၆၃၉ ဦး ျပန္လည္ေကာင္းမြန္ သြားၿပီ ျဖစ္ပါတယ္။ ဒုတိယျဖစ္ပြားမႈ အမ်ားဆုံး ျပည္နယ္မွာ ႏိုင္ငံေတာင္ပိုင္း ဂြမ္ေဒါင္းျဖစ္ၿပီး ကူးစက္ခံရသူ ၁၃၀၀၊ အလယ္ပိုင္း ေဟနန္ႏွင့္ အေရွ႕ပိုင္း ရွီက်န္းျပည္နယ္မ်ား တြင္  ၁၂၀၀ ဦးႏွင့္ ၁၁၀၀ ဦး အသီးသီးရွိပါတယ္။

ေဖေဖာ္ဝါရီ ၁၆ ရက္တြင္ ရရွိသည့္ ကိန္းဂဏန္းမ်ားအရ ေဘက်င္းၿမိဳ႕ေတာ္တြင္ ေရာဂါျဖစ္ပြားသူ ၃၈၁ ဦး ရွိသည့္အနက္ ၁၄၄ ဦး ေဆး႐ုံမွဆင္းသြားကာ ၄ ဦး ေသဆုံးေၾကာင္း ေဖာ္ျပထားပါတယ္။ ေနာက္ဆုံးထြက္ရွိလာသည့္ တရားဝင္အစီရင္ခံစာမ်ားအရ တ႐ုတ္ႏိုင္ငံတြင္ ေကာ္႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရသူမ်ားႏွင့္ နီးကပ္စြာ ထိေတြ႕ခဲ့ေသာေၾကာင့္ ေစာင့္ၾကည့္ခံထားရသူ ၁၅၀၅၀၀ ဦး ရွိေနပါတယ္။ ထို႔ျပင္ သံသယရွိေသာေၾကာင့္ သီးျခားခြဲထားရသူ ၇၂၀၀ ဦးရွိေၾကာင္း တ႐ုတ္ႏိုင္ငံက ထုတ္ျပန္ထားပါတယ္။

ဆရာဝန္မ်ား၏ ေျပာၾကားခ်က္အရ ၁၀၆၀၀ ေက်ာ္သည္ စိုးရိမ္ရသည့္ အေျခအေနတြင္ ရွိေနပါတယ္။2019-nCoV ဟု ေခၚေဝၚ ခဲ့သည့္ COVID-19 သည္ ယခုအခါ တ႐ုတ္ႏိုင္ငံအျပင္ ၂၅ ႏိုင္ငံေက်ာ္တြင္ ျဖစ္ပြားေနရာ ဩစေၾတးလ်၊ ဘယ္လ္ဂ်ီယံ၊ ကေမာၻဒီးယား၊ ကေနဒါ၊ အီဂ်စ္၊ ဖင္လန္၊ ျပင္သစ္၊ ဂ်ာမနီ၊ ဂ်ပန္၊ အိႏၵိယ၊ အီတလီ၊ မေလးရွား၊ နီေပါ၊ ဖိလစ္ပိုင၊ ႐ုရွား၊ စင္ကာပူ၊ ေတာင္ကိုရီးယား၊စပိန္၊ သီရိလကၤာ၊ ဆြီဒင္၊ ထိုင္း၊ ယူေအအီး၊ ၿဗိတိန္၊ အေမရိကန္ႏွင့္ ဗီယက္နမ္တို႔ ပါဝင္ပါတယ္။

Linko
Ref:Tass
ေဘက်င္း၊ ေဖေဖာ္ဝါရီ ၁၇